706 - 710

182 16 0
                                    

စစ်ဧကရာဇ်(Chapter:706)
(ထောင်ချောက်)
.........................
မွေးနေ့ပွဲကို ရောက်ရှိလာကြတဲ့ ကျင့်ကြံသူအများအပြားမှာလည်း ကျစ်ယန်အဝိုင်းခံထားရတဲ့နေရာကို အလျင်အမြန် စုရုံး ရောက်ရှိလာကြသည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်ကမှ ဝင်ပြီး မဖြန်ဖြေရဲကြပေ။ လက်ရှိ ကျစ်ယန်ကို ဝိုင်းရံထားသူတွေက ဟွမ်ဖုကလန်၊ နဂါးပင်လယ်ကလန်နဲ့ ကောင်းကင်မြစ်ဂိုဏ်းတို့ ဖြစ်နေကြသည် မဟုတ်ပါလား.....။ ထိုစုပေါင်းအင်အားက တော်တန်ရုံ အဖွဲ့အစည်းတွေအတွက် ဂရုမစိုက်လို့ မဖြစ်ပေ။

နဂါးပင်လယ်ကလန်ဆိုတာက ဧကရာဇ်အဆင့်ဂိုဏ်းတစ်ခု ဖြစ်သလို ဆေးကျောက်တုန်းကမ္ဘာကြီးမှာ ဂုဏ်သိက္ခာကြီးမားသည်။ ကောင်းကင်မြစ်ဂိုဏ်းအကြောင်းကိုမူ အထူးအထွေ ပြောစရာမလိုပေ။ အင်မော်တယ်ဧကရာဇ်နှစ်ပါးအထိ ပိုင်ဆိုင်ထားဖူးတဲ့ သူတို့ဂိုဏ်းက အရာရာကို လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိပေသည်။ အယ်လ်ခမီနိုင်ငံ၊ ကျန့်လုံကလန်နဲ့ သားရဲနန်းတော်တို့ လျှို့ဝှက်စွာ နေထိုင်ကြပြီး နောက်မှာတော့ ကောင်းကင်မြစ်ဂိုဏ်းက ပို၍ ထင်ရှားလာခဲ့သည်။ သူတို့က ကြောက်မက်ဖွယ် အင်အားကို ပိုင်ဆိုင်ထားသလို လွန်စွာမှလည်း ရက်စက်ကြမ်းကြုတ်လွန်းလှသည်။ သာမာန်အဆင့် ဂိုဏ်းတွေအနေနဲ့ သူတို့ကို ပမာမခန့်ပြုမိပါက ဆိုးရွားတဲ့ အဆုံးသတ်နဲ့ ရင်ဆိုင်သွားကြရပေလိမ့်မည်။

ထိုအချိန်တွင် ကျစ်ယန်ကတော့ သူမကို ဝိုင်းရံထားသူတွေအား မျက်မှောင်ကြုတ်ကာ ကြည့်သည်။ ဒါက သူမအတွက် ဆင်ထားတဲ့ ထောင်ချောက်တစ်ခုမဟုတ်ဘဲ လီကွမ်ရီအတွက် ပြုလုပ်ထားတဲ့ ထောင်ချောက်တစ်ခုမှန်းလည်း သူမက တန်းပြီး သိရှိလိုက်သည်။ အမှန်တကယ်လည်း ဒီထောင်ချောက်က လီကွမ်ရီကို ဖမ်းဆီးဖို့ ကြံစည်ထားကြခြင်း ဖြစ်သည်။ သို့သော် ကျစ်ယန်က မထင်မှတ်ဘဲ ရောက်လာပြီးနောက်မှာတော့ ကောင်းကင်မြစ်ဂိုဏ်းနဲ့ ပူးပေါင်းအဖွဲ့က မတတ်သာတော့ဘဲ လီကွမ်ရီအစား ကျစ်ယန်ကို အစားထိုး ဖမ်းဆီးခဲ့ကြရခြင်း ဖြစ်ပေသည်။

အင်အားကြီး ကျင့်ကြံသူအများအပြားရဲ့ အလယ်မှာ ဖမ်းဆီးခံထားရပေမယ့်လည်း ကျစ်ယန်ကတော့ တည်တည်ငြိမ်ငြိမ်ပင် ရှိနေဆဲ ဖြစ်သည်။ သူမက ကောင်းကင်ဘုံအရှင်သခင်တစ်ယောက် ဖြစ်သည်။ ဒါကြောင့် အကြပ်အတည်းကြုံရချိန်မှာလည်း ပြာယာခတ်သွားခြင်း မရှိဘဲ တည်ငြိမ်စွာ နေနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Donde viven las historias. Descúbrelo ahora