941 - 945

184 11 0
                                    

စစ်ဧကရာဇ်(Chapter:941)
(စုကျန်း၏ ဇာစ်မြစ်)
...............................
     လီကွမ်ရီသည် အချိန်အနည်းငယ် တိတ်ဆိတ်နေခဲ့၏။ ပြီးမှ စုကျန်း၏ မျက်နှာပေါ်ရှိ တာအိုလှိုင်းတွေကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။
     "မင်းရဲ့နောက်ခံဇာစ်မြစ်နဲ့ ဘိုးဘေးတွေအကြောင်း သိထားတာတွေ ရှိလား၊ ဘာတွေ သိထားသလဲ ..."

     "ငါ့ဆွေမျိုးတွေကို မေးတာလား၊ ငါလည်း မသိဘူးလေ ..."စုကျန်းက စိတ်ရှုပ်ထွေးဟန်ဖြင့် ပြန်လည်မေးခွန်းထုတ်လိုက်၏။ အမှန်တကယ်လည်း သူမ၏ နောက်ခံဇာစ်မြစ်ကို မသိပေ။

     လီကွမ်ရီက မိုးနတ်ကို ကြည့်သည်။ မိုးနတ်မှာ လီကွမ်ရီ၏ အကြည့်ကြောင့် ကြီးစွာ တုန်လှုပ်သွားခဲ့ရ၏။ လက်ဖဝါးတွေကို အချိန်တစ်ခုမျှ ပွတ်သပ်နေပြီးမှ စိတ်ရှုပ်ထွေးနေဟန်ဖြင့် ပြန်ပြောသည်။
     "ဒီတပည့်က အဲ့ဒီကိစ္စကို မသိပါဘူး၊ စုကျန်းက ဂိုဏ်းရဲ့ တပည့်တစ်ဦးဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် သူမရဲ့ဇာစ်မြစ်ကို မသိကြပါဘူး၊ အတိအကျ ပြောရရင် ဘိုးဘေး မူထျန်းတစ်ယောက်ပဲ သိလိမ့်မယ်၊ ပြီးတော့ သူ့ရဲ့ စာပေမှတ်တမ်းတွေထဲမှာလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ မရေးထားပါဘူး"

     "ငါက အင်မော်တယ်ဧကရာဇ် ချီကျန်းရဲ့ မျိုးဆက်လား ..."စုကျန်းကလည်း သိလိုစိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။

     လီကွမ်ရီက အနည်းငယ် စဉ်းစားဟန် ပြုသည်။ ပြီးမှ ခေါင်းတဆတ်ဆတ် ညိတ်ရင်း ပြန်ပြောသည်။
     "မင်းရဲ့ကိုယ်ထဲမှာ ချီကျန်းရဲ့ မျိုးဆက်သွေးတွေ စီးဆင်းနေတယ်၊ ယေဘုယျပြောရမယ်ဆိုရင်တော့ မင်းက ချီကျန်းရဲ့ သွေးသားရင်းခြာတစ်ယောက်ပေါ့ ... အခု မင်းရဲ့ ကိုယ်ထဲမှာရှိတဲ့ သွေးက သန့်ရှင်းစင်ကြယ်ပြီး ချီကျန်းနဲ့တောင် နှိုင်းယှဉ်လို့ရတယ်၊ နောက်တစ်ခု ပြောရရင် မင်းရဲ့ လက္ခဏာတွေက ရှေးမျိုးဆက် ပြန်ပေါ်လာတဲ့ ပုံစံတစ်ခုလိုလည်း ပြောလို့ရတယ် ..."

     စုကျန်းက ညင်သာစွာ ခေါင်းညိတ်ပြသည်။ သူမ ၏ ဇာစ်မြစ်ကို ဂိုဏ်းအတွင်းရိှ အကြီးဆုံး ဘိုးဘေးတွေပင် မသိကြပေ။ ဘိုးဘေးမူထျန်းတစ်ယောက်သာ သူမ၏ ဇာစ်မြစ်ကို သိရှိပေလိမ့်မည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now