306 - 310

307 19 0
                                    

စစ်ဧကရာဇ်(Chapter:306)
....................................
(ကြီးမားတဲ့ ကပ်ဘေးတစ်ခုစတင်ခြင်း)
..................................................
ချီရှောင်းတျယ်မှာ သူမအဖော်ရဲ့ မေးခွန်းကြောင့် ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။ သူမက သက်ပြင်းကို လေးပင်စွာ ချလိုက်ရင်း ပြန်ဖြေသည်။
" မဟုတ်ပါဘူး "

" တကယ် မဟုတ်ဘူးပေါ့ "
ချီရှောင်းတျယ်ရဲ့ အဖော်က ဆက်ပြောသည်။
" ကောင်းပြီ၊ နင် ငါတို့နိုင်ငံ လာလည်ရင် သူ့ကိုရော အဖော်ခေါ်လာခဲ့ပါလား "

ထိုမင်းသမီးကား လွန်စွာ ပွင့်လင်းလွန်းလှပြီး လီကွမ်ရီကို စိတ်ဝင်စားနေသည်မှာ မေးခွန်းထုတ်စရာ မလိုပေ။

ချီရှောင်းတျယ်ကလည်း သူမအဖော်ရဲ့ ဆိုလိုရင်းကို ရိပ်မိလ်ုက်သည်။ သို့သော် မင်းသမီးရဲ့ ဆန္ဒက ဘယ်တော့မှ ပြည့်ဝနိုင်မည် မဟုတ်ကြောင်းကိုတော့ သူမ သိရှိနေမိသည်။ ပင်းယွီရှားလိုလူပင် လီကွမ်ရီရဲ့ စိတ်ဝင်စားခြင်း မခံရပါက သူမရဲ့ အဖော်မှာ မည်သို့မှ မဖြစ်နိုင်တော့ပေ။ ချီရှောင်းတျယ်မှာ သူမရဲ့ အဖော်ကို ကြည့်ပြီး သက်ပြင်းရှည်ကြီးသာ ချလိုက်မိတော့သည်။

ချီရှောင်းတျယ်မှာ သူမအဖော်ရဲ့ မျှော်လင့်ချက်ကို မဖျက်ဆီးလို၍ ညင်သာစွာ ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" ကောင်းပြီ၊ နောက်တစ်ကြိမ် ငါလာလည်ရင် သူ့ကိုရော အလည်ခေါ်ခဲ့မယ် "

မိန်းကလေးတွေ အားလုံး ပြန်သွားပြီးနောက်မှာတော့ ချီရှောင်းတျယ်က အိပ်ခန်းအတွင်းသို့ ဝင်သွားလိုက်သည်။ သူမ ရောက်သွားသည့်အချိန်တွင် လီကွမ်ရီက မျက်လုံးမှိတ်ပြီး အနားယူနေပြီ ဖြစ်သည်။ ချီရှောင်းတျယ်က ဘာမှ မပြောဘဲ လီကွမ်ရီရဲ့ ဘေးတွင် ငြိမ်သက်စွာ ထိုင်လိုက်သည်။

အနည်းငယ်ကြာပြီးနောက်မှာ လီကွမ်ရီက သူ့ရဲ့ မျက်လုံးတွေကို ဖွင့်ပြီး ချီရှောင်းတျယ်ကို ပြောလိုက်သည်။
" သိပ်မကြာခင်မှာ ဆိုးရွှားတဲ့ အခြေအနေတွေ ဖြစ်လာတော့မယ်၊ လူတွေအများကြီး သေရလိမ့်မယ်၊ ခြင်္သေ့ဂိုဏ်းကို ပြန်ချင်ရင် ပြန်သွားပါ၊ ဒါမှမဟုတ် နေမယ်ဆိုလည်း မင်းရဲ့ သဘောပါ "

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now