စစ်ဧကရာဇ်(Chapter:926)
(သွေးရေကန်)
......................
လီကွမ်ရီသည် အံ့အားသင့်ပြီး ငြိမ်သက်နေကြသည့် ကောင်းကင်ဒေဝီလေးယောက်ကို ပြုံး၍ ကြည့်လိုက်၏။ ပြီးမှ ဖြည်းညင်းစွာ ပြောသည်။
"ငါကြွားဝါနေတာလို့ ထင်နေကြတာ မဟုတ်လား၊ ကောင်းပြီလေ ... မေးချင်တာရှိရင် မေးပါ၊ အားလုံးကို ငါဖြေနိုင်တယ်"ကောင်းကင်ဒေဝီလေးယောက္မှာ လီကွမ်ရီကို မကျေမချမ်း ကြည့်လိုက်ကြ၏။ အားလုံးက လီကွမ်ရီ၏ ဝင့်ကြွားလွန်းသည့် အပြုအမူကို မနှစ်မျို့ကြပေ။ သို့သော် စိတ်ထဲမှာတော့ လီကွမ်ရီသည် ဗဟုသုတ ကြွယ်ဝလွန်းသူဖြစ်ကြောင်း အသိအမှတ်ပြုလိုက်ကြသည်။
ကောင်းကင်ဒေဝီလေးယောက်က တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ပြီးမှ ဆောင်းဦးရာသီ ကိုယ်စားပြုသည့် ကောင်းကင်ဒေဝီက ဖြည်းဖြည်းချင်း ပြောသည်။
"ကောင်းပြီ၊ မင်းက သွေးမျိုးနွယ်နဲ့ ပတ်သက်ပြီး အချက်အလက်အချို့ကို သိထားတယ်၊ ဒါကြောင့် မေးခွန်းအချို့ မေးပြီး စမ်းသပ်ကြည့်ရသေးတာပေါ့၊ ဒီကမ္ဘာပေါ်မှာ မိစ္ဆာတွေ ရှိခဲ့ဖူးလား၊ မှတ်တမ်းတွေက လုပ်ကြံပြီး ပြောထားတာလား""ဟမ် ... မိန်းကလေး၊ မင်းက လုံလောက်တဲ့ ဗဟုသုတတွေ မရှိသေးဘူးပဲ"လီကွမ်ရီက ဆောင်းဦးကိုယ်စားပြု ကောင်းကင်ဒေဝီကို ကြည့်ပြီး လှောင်ပြောင်လိုက်သည်။
ဆောင်းဦးကိုယ်စားပြု ကောင်းကင်ဒေဝီမှာ လီကွမ်ရီ၏ စကားကြောင့် လွန်စွာ ဒေါသထွက်သွားရတော့၏။ သို့သော် ချက်ချင်းပင် ဘာမှမဖြစ်သလို ဟန်ဆောင်သည်။ ပြီးမှ ပြုံး၍ တုံ့ပြန်လိုက်သည်။
"မင်းကိုယ်တိုင်လည်း ဒီအကြောင်းတွေကို လုံးဝ မသိသေးဘူး မဟုတ်လား၊ ပြီးတော့ သွေးမျိုးနွယ်နဲ့ ပတ်သက်ပြီး မင်းပြောခဲ့တာတွေကလည်း မှန်းဆချက်တစ်ခုထက် မပိုပါဘူး၊ သွေးမျိုးနွယ်ရဲ့ မူလအစက နားလည်ဖို့ ခက်ခဲတယ်၊ အဲ့ဒါတွေက မင်းရဲ့ စိတ်ကူးစိတ်သန်းထက် အများကြီး ကျော်လွန်နေတယ်လေ ..."လီကွမ်ရီက နှစ်လိုဖွယ် ပြုံးလိုက်သည်။ ပြီးမှ ခေါင်းကို ညင်သာစွာ ခါယမ်းရင်း ပြန်ပြောသည်။
"ရှေးမှတ်တမ်းတချို့မှာ ဖော်ပြထားချက်အရ သွေးမျိုးနွယ်နဲ့ ပတ်သက်တယ်လို့ ယူဆလို့ရမယ့် အလောင်းတစ်လောင်း ရှိခဲ့တယ်တဲ့ ..."
KAMU SEDANG MEMBACA
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
PertualanganReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...