စစ်ဧကရာဇ်(Chapter:366)
....................................
( မိန်းမလှလေးနှစ်ယောက်ရဲ့ အရှိန်အဝါ)
.....................................................
လီကွမ်ရီက သူ့ကို စော်ကားပြောဆိုနေတဲ့ ကျင့်ကြံသူကို အမှုမထားတော့ဘဲ လူအုပ်ကြီးကို ကြည့်၍ ပြောသည်။
" မင်းတို့ထဲမှာ ငါ့ကို လိုလားသူတွေ ရှိလို့ ကျေးဇူးတင်တယ်၊ ဒါကြောင့် တိုက်ပွဲစရင် ကျားရဲဂိုဏ်းနဲ့ ဝေးဝေးနေဖို့ အကြုံပေးပါရစေ "လီကွမ်ရီက ပြောပြီးတာနဲ့ ကျားရဲဂိုဏ်းကို ကြည့်လိုက်သည်။ ကျားရဲဂိုဏ်းဟု ရေးထွင်းထားသည့် ကမ္ဗည်းတိုက်က အသစ်ပြန်လည် စိုက်ထူထားပြီ ဖြစ်ပြီး ဝံ့ထည်စွာ ရှိနေသည်။ လီကွမ်ရီက မျက်မှောင်ကြုံ့လိုက်ရင်း အရှေ့ကို သွားလိုက်သည်။ ပြီးနောက် ကမ္ဗည်းတိုင်ကို ဖျက်ဆီးပစ်လိုက်ပြီး သူ့ရဲ့ ခြေထောက်အောက်ကို ဒုတိယအကြိမ်မြောက် ရောက်ရှိလာခဲ့ပြန်သည်။
" တိရိစ္ဆာန်ကောင်၊ မင်းက သေချင်နေတာဘဲ "
ကျားရဲဂိုဏ်းသားအများအပြားမှာ သူတို့ရဲ့ ကမ္ဗည်းတိုင် ပျက်စီးသွားတာကို ကြည့်ပြီး လီကွမ်ရီကို ဒေါသတကြီး ဆဲဆိုကြသည်။ ပြီးနောက် အလုံးအရင်းနဲ့ လက်နက်ကိုယ်စီ ကိုင်စွဲပြီး ပြေးထွက်လာခဲ့ကြတော့သည်။တစ်ချိန်ထဲမှာ လီရှောင်းရန်နဲ့ ဘာဟိုဂျီယာအိုတို့ကလည်း လီကွမ်ရီရှေ့မှာ ရပ်လိုက်ပြီး သူတို့ရဲ့ လက်နက်တွေကို ထုတ်လိုက်သည်။ ပြီးနောက် ပြေးဝင်လာတဲ့ ကျားရဲဂိုဏ်းသားတွေကို တစ်ယောက်ပြီးတစ်ယောက် စတင်သတ်ဖြတ်တော့သည်။ ထိုမြင်ကွင်းကို ကြည့်ရသည်မှာ မိန်းမလှလေးနှစ်ယောက်က ကောက်နွယ်တွေကို ဓားနဲ့ လှပစွာ ပိုင်းဖြတ်နေသည်နှင့်ပင် တူနေသေးတော့သည်။
ကြည့်ရှုနေကြတဲ့ ကျင့်ကြံသူ အများအပြားမှာလည်း လီရှောင်းရန်နဲ့ ဘာဟိုဂျီယာအိုတို့ကို ကြည့်ပြီး ဆွံ့အကုန်ကြတော့သည်။ သူတို့အားလုံးက ထိုမိန်းမလှလေး နှစ်ယောက်ကို ဤမျှ အစွမ်းထက်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။တစ်ချိန်ထဲမှာ အတော်များများက လီကွမ်ရီကို ကြည့်ပြီး မနာလိုစိတ်တွေပင် ဖြစ်လာခဲ့ကြတော့သည်။
" သူ့ကို သတ်ကြစမ်း..."
ကျားရဲဂိုဏ်းသားအချို့က ဒေါသတကြီး အော်ဟစ်ပြီး ပြေးထွက်လာခဲ့ကြပြန်သည်။ ထိုစဉ် လီရှောင်းရန် လက်ထဲမှ ယင်ယန်ဓားက စကြာပုံစံ ပျံသန်းသွားပြီး ပြေးထွက်လာသူ အားလုံးကို အပိုင်းပိုင်း အစစ ဖြစ်အောင် ဖြတ်တောက်ပစ်လိုက်သည်။ အချိန်ခနအတွင်းမှာပင် ကျားရဲဂိုဏ်း မြေပြင်တစ်ခုလုံး အလောင်းတွေ၊ သွေးအိုင်တွေနဲ့ ပေပွသွားပြီး အရုပ်ဆိုး အကျဉ်းတန်နေတော့သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...