စစ်ဧကရာဇ် ( Chapter:186 )
.....................................
( တစ္ဆေအို ၂ )
..................
ကျင့်ကြံသူတိုင်းမှာ ကံစွမ်းအားတစ်ခု၊ အသက်ဘီးတစ်ခုစီသာ ရှိကြသည်။ ကံစွမ်းအားက ကံစွမ်းအားအိမ်ထဲမှာ ရှိပြီး ကံစွမ်းအားတစ်ခုထက်ပိုပြီးရှိသူဟူ၍ မရှိကြပေ။ ကံစွမ်းအား နှစ်ခုရှိနေပါက အသက်နှစ်ချောင်း၊ ဝိညဉ်နှစ်ခု ရှိသူဟုပင် ဆို၍ ရသည်။ သို့သော် ဒါက ဖြစ်နိုင်တဲ့ အရာတစ်ခု မဟုပေ။ လူတစ်ယောက်တွင် အသက်တစ်ချောင်း၊ ဝိညဉ်တစ်ခုသာ ရှိကြသည် မဟုတ်ပါလား။လက်ရှိအချိန်တွင် လီကွမ်ရီက သူဝယ်ခိုင်းထားတဲ့ ပစ္စည်းတွေကို စောင့်နေရင်း အချိန်အလဟတ်သ မဖြစ်စေလို၍ ခန္ဓာကိုယ်ကို လေ့ကျင့်ရန် ပြင်ဆင်လိုက်သည်။ သူက တပလ္လင်ခွေ ထိုင်လိုက်ရင်း အသက်ဘီးကို ထုတ်လွတ်လိုက်သည်။ ပြီးနောက် သွေးစွမ်းအားတွေကို နိုးထစေလိုက်ပြီး ခန္ဓာကိုယ်အတွင်းပိုင်းအနှံ့ စီးဆင်းနေစေလိုက်သည်။
" ဘန်း......."
ထိုစဉ် လီကွမ်ရီရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ကြီးမားတဲ့ ရတနာကြီးသဖွယ် ပြောင်းလဲသွားသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာ လီကွမ်ရီရဲ့ ခန္ဓာကိုယ်က မှန်သားသဖွယ်ဖြစ်သွားပြီး လူတိုင်းက သူ့ရဲ့ တစ်ရှူ းမျှင်၊ အရိုး၊ သွေးသား နဲ့ အခြားခန္ဓာကိုယ်အတွင်းရှိအရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်အထိ ဖြစ်သွားတော့သည်။ဒါ့အပြင် သူ့ရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းထဲမှာ ငရဲမှ စွမ်းအင်အချို့ ပေါ်ပေါက်လာပြီး အထဲမှာ စက်ဝိုင်းသဏ္ဍာန်လည်ပတ်နေပြန်သည်။ သွေးစွမ်းအင်တွေကလည်း ပိုမို အားကောင်းစွာနဲ့ လည်ပတ်နေပြီး သူ့ရဲ့ ခန္ဓာကိုယ်ကို တစ်ဖက်တစ်လမ်းမှ အားဖြည့်ပေးဖို့ အပြင်းအထန်ကြိုးစားနေကြတော့သည်။ ယခုအချိန်တွင် လီကွမ်ရီက နာကျင်မှုကို ခံစားရမည့်အစား ဆန့်ကျင်ဘက်အနေနဲ့ ကောင်းမွန်တဲ့ ခံစားမှုတွေကို ခံစားနေရသည်။ ဒါက ငရဲထိန်ချုပ်ခြင်း ခန္ဓာကိုယ်ကျင့်စဉ်ရဲ့ အကျိ ုးကျေးဇူးတွေပင် ဖြစ်ပြီး လီကွမ်ရီက သူ့ရဲ့ အတွင်းပိုင်းခန္ဓာကိုယ်ကို အရင်ဆုံးအဆင့်မြင့်တက်ဖို့ ကြိုးစားနေခြင်း ဖြစ်သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...