စစ်ဧကရာဇ်(Chapter:316)
....................................
(ပါရမီရှင်နှစ်ယောက်ကို လက်တစ်ဖက်ထဲဖြင့် ရင်ဆိုင်ခြင်း)
..............................................................
အင်မော်တယ်သူတော်စင်ဂိုဏ်းရဲ့ တော်ဝင်မင်းသား တစ်ဖြစ်လည်း စစ်မာလုံယွင်ကား လီကွမ်ရီလက်ချက်နဲ့ မရှုမလှ သေဆုံးသွားရပြီ ဖြစ်သည်။ သူကား ထိပ်သီးပါရမီရှင်ဟု လူအများက သတ်မှတ်ထားတဲ့ သူ့အကိုရှေ့မှာပင် အသတ်ခံခဲ့ရသည်။ အခြေအနေကား ရုတ်ချည်း ဖြစ်ပျက်သွား၍ ပါရှားနဲ့ ဟူယွဲ့တို့သာမက ခြင်္သေ့ဂိုဏ်းရဲ့ တော်ဝင်ဘုရင်ကိုယ်တိုင်တောင် လီကွမ်ရီကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်မိကြသည်။မင်းသားပါရှားနဲ့ ဟူယွဲ့တို့နှစ်ယောက်လုံးက စစ်မာလုံယွင်ရဲ့ သေဆုံးပြီးသား ခန္ဓာကိုယ်ကို ကြည့်ပြီး ဒေါသတွေ တစ်လိပ်လိပ် ထွက်လာခဲ့ကြသည်။ နှစ်ယောက်လုံးက ပြင်းထန်တဲ့ ဓားစွမ်းအင်တွေကို ထုတ်ဖော်ပြီး လီကွမ်ရီကို အရှိန်အဟုန်ပြင်းစွာနဲ့ တိုက်ခိုက်လိုက်ကြတော့သည်။
" ဘန်း......"
ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားပြီး ပြင်းထန်ရက်စက်တဲ့ ငရဲစွမ်းအားတွေက လီကွမ်ရီထံ အတိုင်းအဆမရှိ တိုးဝင်သွားကြသည်။ ပါရှားနဲ့ ဟူယွဲတို့ရဲ့ နှစ်ယောက်ပေါင်းတိုက်ခိုက်မှုက ပြင်းထန်လွန်းရကား ခြင်္သေ့ဂိုဏ်းရဲ့ စခန်းတစ်ခုလုံး ပြိုကျသွားမတတ် ယိမ်းယိုင်နေပေတော့သည်။" ဘန်း...ဘန်း...."
သို့သော် လီကွမ်ရီက တုန်လှုပ်သွားခြင်းမရှိဘဲ ကြီးမားတဲ့ လက်ကြီးတစ်ဘက် ရှည်ထွက်လာကာ ပါရှားနဲ့ ယူဟွဲ့တို့ရဲ့ တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။ သူ့ရဲ့ပုံစံက အနည်းငယ်မှ ဗျာများနေခြင်း မရှိဘဲ တည်ငြိမ်စွာ ရင်ဆိုင်ခြင်း ဖြစ်သည်။ ဟူယွဲ့နဲ့ ပါရှားတို့ ထုတ်လွတ်လိုက်တဲ့ ဓားစွမ်းအင်တွေမှာ တစ်မုဟုတ်ခြင်းပင် ပျောက်ကွယ်သွားရတော့သည်။တော်ဝင်ဘုရင်နဲ့ ချီရှောင်းတာအိုတို့မှာ လီကွမ်ရီကို ကြည့်ပြီး ထိတ်လန့်တုန်လှုပ်သွားကြရတော့သည်။ ချီရှောင်းတျယ်မှာမူ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သပ်နေမိသည်အထိ အံ့အားသင့်သွားရသည်။ အခြားတစ်ဖက်တွင် စစ်ခုန်ထုန်ထျန်းမှာမူ လီကွမ်ရီရဲ့ စွမ်းအားကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရ၍ ဆွံ့အနေမိသည်။ သူ့အနေနဲ့ လီကွမ်ရီအကြောင်းတွေကို အရင်ကတည်းက ကြားဖူးထားပြီး ဖြစ်ပေမယ့် လီကွမ်ရီရဲ့ တိုက်ခိုက်မှုကိုတော့ ယခုမှ ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။ တစ်ဆက်ထဲမှာ သူ့ရဲ့စိတ်ထဲ၌ ပါရှားနဲ့ ဟူယွဲ့တို့နှစ်ယောက်လုံးက သေမင်းကို ရန်စ လာသူတွေ အဖြစ် တွေးတောနေမိလိုက်တော့သည်။
YOU ARE READING
စစ်ဧကရာဇ် လီကွမ်ရီ Book 1 ( Ch 1 - 990 )
AdventureReview မဟုတ်တဲ့ reviewလေးပါ လက်ရှိကြိုက်မိတဲ့စာစဥ်လေးတစ်ခု လီကွမ်ရီ - စစ်ဧကရာဇ် လီကွမ်ရီဆိုတာ ဘဝဟောင်းက Immortal Demon Grotto၏ ဖမ်းဆီးခြင်းကိုခံရပြီး ကျီကန်းနက် ကိုယ်ခန္ဓာထဲတွင် နှစ်သန်းပေါင်းများစွာကြာအောင် ပိတ်လှောင်ခံခဲ့ရသူ မရေမတွက်နိုင်သောအန္တရ...