ဆေးရုံအပြင်ဘက်တွင်
သတင်းထောက်များသည် သက်တော်စောင့်များရုတ်တရက်ထွက်ပေါ်လာတာကြောင့် ရပ်တန့်သွားကြသည်။
သတင်းထောက်များသည် ဆေးရုံအပြင်တွင်သာစောင့်နေခဲ့ကြသည်။
သူတို့သည် ကောလဟာလများကိုပျံ့နှံ့စေမည့် နောက်ဆုံးရသတင်းကို မရခဲ့ကြပေ။
အစောတုန်းက ပိုင်ရုန် လူနာတင်ကားပေါ်တတ်နေသည့်ဗီဒီယိုသည် လိုင်းပေါ်တွင်ပျံ့နှံ့နေခဲံပြီးဖြစ်သည်။
ဖန်းမိုအာနဲ့ ပိုင်ရုန်တို့ ရဲ့ရန်စကြောင့် ပိုင်ရုန်ကို ရုက်ကွင်းတွင် အနိုင်ကျင့်ခဲ့သည်ဟူသော ကောလဟာလများထွက်လာခဲ့သေးသည်။
သတင်းထောက်များက သတင်းကြားကာ အမြန်လိုက်လာကြတော့သည်။
"ဒါကသာမန်မတော်တဆလေးပဲဆိုရင် သူတို့ကဘာလို့သတင်းအယူမခံရတာလဲ။ အခုဒီအခြေအနေအရဆိုရင် ဒီမတော်တဆမှုရဲ့နောက်ကွယ်မှာတစ်ခုခုရှိနေလို့ပဲ အဲ့တာကလူတွေကို သိချင်အောင်လုပ်နေတာပဲ"
"ဒီရုပ်ရှင်ရဲ့ မင်းသမီးတွေကတစ်ယောက်နဲ့တစ်ယောက်မတည့်ကြတာဖြစ်ရမယ်။ ဒီလောက်ဆိုးလိမ့်မယ်လို့တော့ မထင်ထားဘူး"
"စောင့်ကြည့်ကြရအောင်၊ ဒီဆေးရုံကပါးစပ်လုံမယ်လို့တော့မယုံဘူး။ အမှန်တရားသေချာပေါက် ထွက်ပေါ်လာမှာပဲ"
ဆေးရုံထဲတွင်
ပိုင်ရုန်၏လက်ထောက်သည် မနေနိုင်တော့ပဲ "ဒါကရှင်ကြောင့် အမပိုင် မြင်းပေါ်ကလိမ့်ကျသွားတာ ရှင်းနေတာပဲလေ? ဘာထပ်ပြောစရာရှိသေးလို့လဲ?"
အဲ့အချိန်တွင် လူများစွာရှိနေကြသည်။ ဖန်းမိုအာရဲ့ ကောင်လေးသေနတ်ပစ်လိုက်တာကြောင့်ဆိုတာကို လူတိုင်းမြင်ခဲ့ကြသည်။ မြင်းသည် သေနတ်ပစ်သံကိုကြောက်သွားတာကြောင့် ပိုင်ရုန်ရဲ့ မြင်းကိုရုတ်တရက်ထွက်ပြေးစေတာဖြစ်သည်။
အဲ့နောက်တွင် ပိုင်ရုန်မြင်းပေါ်မှပြုတ်ကျခဲ့သည်။
ရှီမိုက "မစ္စပိုင်မြင်းပေါ်ကပြုတ်ကျတာမတော်တဆမှုဆိုရင် ကျွန်တော့်ကောင်မလေး ပြုတ်ကျတာကတော့ ရည်ရွယ်ချက်ရှိနေတဲ့သဘောပေါ့။ တရားခံက ကျွန်တော့်ကောင်မလေးရဲ့ မြင်းကို တစ်ခုခုလုပ်ထားတယ်"

YOU ARE READING
တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)
Romanceဖန်းမိုအာသည် သူမဖတ်ထားသောစိတ်ပျက်စရာမှလွဲ၍ ဘာမှမပေးသောဝတ္ထုသို့ ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။ ဒါ့အပြင် သူမဟာ စိတ်ဆင်းရဲစရာအဆုံးသတ်ခဲ့ရတဲ့ အမျိုးသမီးဇာတ်ပို့ဖြစ်လာခဲ့ပါတယ်။ အမျိုးသားဇာတ်လိုက်ရဲ့ စိတ်ဝင်စားမှုကိုရရှိရန် သူမ၏ မိသားစု ပိုင်ဆိုင်မှုန...