Chapter 90

213 17 1
                                    

သူမရဲ့ အပိုင်းအတွက် ဖန်းမိုအာဟာမြန်မြန်ပြေးနေတဲ့မြင်းပေါ်ကနေပြုတ်ကျရမည်ဖြစ်သည်။ သူမရပ်ဖို့ကြိုးစားပေမဲ့ မြင်းသည် သူမစကားကိုနားမထောင်ခဲ့ပေ။

လူတိုင်းသည် မြင်းနှင့်ပတ်သတ်၍တစ်ခုခုမှားနေကြောင်းကို ယခုမှသာသတိထားမိသွားကြသည်။

ရှီမိုသည်အမြန်မတ်တပ်ရပ်လိုက်ကာ ဖန်းမိုအာရှိသည့်ဘက်ကို စိုက်ကြည့်လိုက်သည်။

မြင်းသည်သေလုနီးပါးဖြစ်နေသည်ကို မြင်လိုက်သဖြင့် ဖန်းမိုအာဆီကို အလျင်အမြန်ပြေးသွားလိုက်တော့သည်။

ရှီမိုသည် ချက်ခြင်းဆုံးဖြတ်ချက်ချလိုက်ကာ သူ၏သက်တော်စောင့်ဆီမှ သေနတ်ကိုယူလိုက်ကာ မြင်းကိုပစ်လိုက်တော့သည်။

ဖန်းမိုအာသည်လည်းလေထဲမှပစ်ဖောက်သံကြောင့် ကြောက်လန့်သွားတော့သည်။ ချက်ချင်းပဲ မြင်းသည် လှုပ်ရှားမှုရပ်သွားကာ မြေပြင်ပေါ်ကိုပစ်လဲကျသွားတော့သည်။

ဖန်းမိုအာသည်လည်းလိမ့်ကျကာ မြက်ခင်းပေါ်သို့ ကျသွားခဲ့သည်။

တစ်ယောက်ယောက်သည် ချက်ချင်းပင်ဖန်းမိုအာဆီကို အမြန်ပြေးလာနေသည်။

သို့သော် တစ်ချိန်တည်းမှာပင် ပိုင်ရုန်သည်လည်း သူမရဲ့မြင်းသည်သေနတ်သံကြောင့် ကြောက်လန့်သွားတာကြောင့် မြင်းပေါ်မှပြုတ်ကျသွားခဲ့သည်။

ပိုင်ရုန်သည် ဖန်းမိုအာကိုသာ အာရုံစိုက်ကာ ကြည့်နေခဲ့တာကြောင့် ဇာတ်ကြိုးကို မြဲမြဲကိုင်ထားရန်မလုပ်နိုင်ခဲ့ပေ။ သူမသည် မြင်းပေါ်မှ ပစ်ချခံရကာ မြေပြင်ပေါ်သို့ကြမ်းကြမ်းတမ်းတမ်းပြုတ်ကျသွားတော့သည်။

"အား။ မစ္စပိုင်" လူကြားထဲမှ တစ်ယောက်သည် ချက်ချင်းလှည့်ကြည့်လိုက်ကာ လုံးဝရှော့ရသွားတော့သည်။

နှစ်ဖက်လုံးသည် အလုပ်ရှုပ်နေကာ အရမ်းပရမ်းပတာဖြစ်နေခဲ့သည်။

ရှီမိုသည် ဖန်းမိုအာဘက်တွင် လူများဝိုင်းအုံနေသညကိုမြင်ကာ သွားလိုက်သည်၊ သူမရဲ့မျက်နှာပေါ်တွင် ဒဏ်ရာမရှိပေ။

ထိုမှသာ သူစိတ်သက်သာရသွားပြီး " မင်းအဆင်ပြေရဲ့လား?"

ဖန်းမိုအာက ခေါင်းရမ်းလိုက်ကာ "ကျွန်မအဆင်ပြေတယ်"

တစိတ်လောက် ငါကမှအမျိုးသမီးဇာတ်လိုက်အစစ် (ဘာသာပြန်)Where stories live. Discover now