လမ်းသွားလမ်းလာတစ်ဦးက ဖန်ချောင်ကျိုး၏လမ်းကိုပိတ်ရပ်ပြီး သူ့ခါးရှိ အနက်ရောင်ရွှေကြာပွတ်ကိုဆွဲထုတ်ကာ သူ့ဘေးမှ မြေနေရာအလွတ်သို့ ပြင်းထန်စွာရိုက်ချလိုက်သည်။
ဖန်ချောင်ကျိုးက နောက်သို့ဆုတ်လိုက်ရင်းထိုသူ၏မျက်နှာကိုသေချာမြင်ရသည့်အခါ
"မင်းကိုရင်းနှီးနေသလိုပဲ၊ ဘယ်မှာဆုံဖူးပါလိမ့်"
"ဟ...ဆုံဖူးရုံတင်ဘယ်ဟုတ်မလဲ ငါတို့..."
ထိုသူကအမဲရောင်အပြည့်ဝတ်ဆင်ထားပြီး မရင့်ကျက်သေးသည့် မျက်နှာပေါ်တွင် ရန်လိုနေသည့် အမူအရာရှိနေသည်။
"လွန်ခဲ့ရက်ပိုင်းကစာအုပ်ဆိုင်မှာ မင်းပိုက်ဆံမရှင်းဘဲထားခဲ့တာ ငါ့ပိုက်ဆံတွေကုန်သွားတယ်။ ဒီနေ့မင်းကို သင်ခန်းစာပေး...."
သူပြောလို့ပင်မဆုံးသေးခင် သူ့ရှေ့တွင်ငွေဒင်္ဂါးများပေါ်လာသည်။
ထိုလူငယ်ဟာ အနည်းငယ်ဇဝေဇဝါဖြစ်ကာ
"မင်း...ဒါဘာအဓိပ္ပါယ်လဲ။"
"စိတ်မကောင်းပါဘူး...အရင်တစ်ခါကငါ့ရဲ့ပေါ့ဆမှုပါ။ ဒီလောက်ဆို စာအုပ်ဖိုးလောက်တယ်မလား"
ဖန်ချောင်ကျိုးသည် ပြဿနာတတ်ရမည်ကို အမုန်းဆုံးဖြစ်ကာ တခြားသူများနှင့် ငြင်းခုန်ရသည်ကိုလည်းမကြိုက်ပါ။ ပိုက်ဆံနှင့်ဖြေရှင်းနိုင်မည်ဆိုလျှင် သူပေးလိုက်မည်သာ။
ထိုစကားကိုကြားသည့်အခါ လူငယ်ဟာ သူ့ရဲ့ကြာပွတ်ကိုထုတ်ကာ ဖန်ချောင်ကျိုးဆီသို့လွှဲရိုက်လိုက်လေသည်။
"ဒီလောက်ငွေလေးနဲ့ ငါလိုသခင်လေးကို ဖယ်ထုတ်နိုင်မယ်ထင်နေလား။ ငါ့ကိုသူတောင်းစားများမှတ်နေလား။"
နတ်ဆိုးလူငယ်လေးသည် ကြာပွတ်ကို ဖန်ချောင်ကျိုး၏မျက်နှာလှလှလေးပေါ်ကျအောင်ရိုက်သော်လည်း ထိုသူမှာ သူထင်ထားသလိုလန့်မသွားပေ။
နတ်ဆိုးလူငယ်လေးသည် ထိုလူကိုနားမလည်နိုင်တော့ပေ။ ထိုသူ၏မျက်နှာမှာ ရန်လိုခြင်းကင်းစွာ၊ ရေကဲ့သို့ပျော့ပျောင်းညင်သာပြီး မျက်ဝန်းများမှာ အနားသတ်တွေမရှိသလို တိုက်ခိုက်လိုစိတ်လည်းမရှိ၊ လိုချင်တပ်မက်မှုကိုလည်းမမြင်ရဘဲ ကမ္ဘာပေါ်ရှိအရာအားလုံးလှပနေသလိုပင် နှစ်လိုဖွယ်ကောင်းသည့်မျက်ဝန်းမျိုးဖြစ်သည်။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy