chapter 70 (part-2)

91 18 0
                                    

ဒါအစ်ကိုကြီးတွေကို ကျွန်တော်နမ်းခဲ့တဲ့အတိုင်းပဲလား"

ဖန်းချောင်ကျိုးကိုကြည့်ရတာကြောက်လန့်နေပြီး သူတုံ့ပြန်မှုမပေးခင်မှာ ရွှယ်သန်းရုံကို ငေးကြည့်လိုက်သည်။ ပထမဆုံးသူခေါင်းငြိမ့်ပြလိုက်ကာ ခေါင်းခါပြပြန်သည်။ သူ့ရဲ့ခေါင်းတွေကိုယမ်းလိုက်ပြီး အောက်ပြန်ငုံ့သွားသည်။ ထင်မထားစွာနဲ့ဖန်းချောင်ကျိုးတစ်ဖက်လူကို တွန်းလိုက်ဖို့လုပ်သော်လည်း သူ့လက်ကောက်ဝတ်ကနေ ဆုပ်ကိုင်ခံလိုက်ရသည်။

ဂူ၏အပြင်ဘက်တွင် ရေသောက်ပြီးတဲ့နောက် အညိုရောင်ကြက်မြင်းကဂူရှိရာကို ဖြည်းဖြည်းချင်းလျှောက်ကာ ပြန်လာခဲ့လိုက်သည်။ သို့သော်လည်းသူမဝင်ခင်မှာပဲ အထဲကလှုပ်ရှားသံတစ်ခု ကြားလိုက်ရသည်။ ခြေလှမ်းတွေကိုမြန်မြန်လှမ်းလိုက်ပြီး ပဲစေ့မျက်လုံးလေးနှစ်လုံးကလည်း လှည့်ပတ်ပြီးကြည့်နေကာ ခဏကြာတော့ ဂူရဲ့ဝင်ပေါက်နားချဥ်းကပ်သွားလိုက်ပြီး သူ့ခေါင်းလေးကိုထွက်ပြီးကြည့်လိုက်သည်။

သူဝင်ဝင်ချင်းမှာပဲ အတောင်ပံတွေကိုမပြီး သူ့မျက်လုံးတွေကိုကာလိုက်မိသည်။ ဒါပေမယ့်နှစ်ခါတောင်ကာပြီးတဲ့နောက် သူ့အတောင်ပံတွေကိုပြန်ချလိုက်ပြီးခိုးကြည့်လိုက်သည်။ သို့သော်လည်းဖီးနစ်မျက်လုံးတစ်စုံနဲ့အကြည့်ချင်းဆုံသွားဖို့အရမ်းမကြာလိုက်ပေ။မျက်လုံးတွေကအေးစက်ပြီးလူသတ်ချင်စိတ်တွေနဲ့။

အညိုရောင်ကြက်မြင်းကလျင်မြန်စွာနဲ့ ခြေလှမ်းတွေကိုဆုတ်လိုက်ကာ ဂူကအတားအဆီးချထားမှန်းတွေ့သွားရကာ သူ့ကိုယ်သူပြန်ပြောလိုက်သည်။

"ဘာလို့နေရာတကာမှာမိတ်လိုက်နေကြတာလဲ ခေါင်းနှစ်လုံးမြွေ၊ နောက်ပြီးရှောင်ပိုင်လျန်ရောပဲ မသိတော့ဘူးကွာ သူတို့တွေဘယ်လောက်တောင်ကြာမှာလဲမသိဘူး"

ရွှယ်သန်းရုံ ဂူအပြင်ဘက်ကနေ တရွတ်တိုက်သွားခဲ့တဲ့အသံကိုကြားလိုက်ရပြီး သူ့ခေါင်းတွေကိုပြန်လှည့်ကာ အရှေ့မှာရှိနေတဲ့လူငယ်ကိုကြည့်လိုက်သည်။ လူငယ်ရဲ့ပါးမှာဒီတစ်ခေါက်တော့ သေရည်သောက်ထားသလိုမျိုးနီမြန်းနေကာ မျက်လုံးများကလည်းမည်းနက်ပြီးစိုစွတ်နေ၍ နှုတ်ခမ်းများကပါတောက်ပနေတော့သည်။ ကောင်လေးရဲ့အကြည့်တွေကိုမြင်ပြီးတဲ့နောက် ဖန်းချောင်ကျိုးသူ့ဝတ်ရုံလက်တွေကိုမြှောက်ပြီး နှုတ်ခမ်းတွေကိုကာထားလိုက်ပြီး ဗလုံးဗထွေးပြောသည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now