Chapter 22 (pt 2)

154 25 0
                                    

နောက်ရက်အနည်းငယ်တွင် ရွယ်သန်းရုံကသူ့အားသိပ်ဂရုမစိုက်တော့ကြောင်းတွေ့ရ၏။ သူမနက်အိပ်ရာထလျှင် ဓါးကပဲသူ့ကိုနှိုးသည်။ ဓားသည်သူ့ကိုယ်သူအေးအောင်လုပ်ပြီးသည်နှင့် ဂူထဲပျံလာပြီး ဖန်ချောင်ကျိုး၏စောင်ကိုမကာ အထဲဝင်ပြီးသူ့လည်ပင်းအားကပ်လိုက်၏။
ဖန်ချောင်ကျိုးသည် အအေးဓာတ်ကြောင့်တုန်သွားကာ စောင်ပုံထဲချက်ချင်းတိုးဝင်သွားသည်။ သို့သော်ဓားသည်ကြိုတင်ပြင်ဆင်ထားကာဖန်ချောင်ကျိုးမည်မျှရှောင်ပါစေ မထမချင်းလည်ပင်း၌အတင်းကပ်ထား၏

ထိုသို့အကြိမ်ရေများလာရာ ဖန်ချောင်ကျိုးသည်နောက်နေ့များတွင်ကြိုပြင်ဆင်ထားတော့သည်

သူသည်ညအိပ်ရာမဝင်ခင်တွင်သူ့လည်ပင်း၌မြေခွေးသားမွှေးကို ရည်ရွယ်ချက်ရှိရှိတင်းကျပ်စွာပတ်ထား၏

အပြည့်အဝကြိုတင်ကာကွယ်ပြီးနောက်ဖန်ချောင်ကျိုးသည်ငြိမ်းချမ်းစွာအိပ်မောကျနေတော့သည်။ ဓားကလာနှိုးသောအခါ စောင်ကိုခါတိုင်းလိုမလိုက်ချိန်တွင် သူ့လည်ပင်း၌ပတ်ထားသောသားမွှေးကိုတွေ့လိုက်ရ၏ ဓားသည်သားမွေးကိုဖယ်ရှားနိုင်ရန်ကြိုးစားသော်လည်း မအောင်မြင်ချေ။

ကျရှုံးသွားသောဓားသည် စိတ်တိုနေပုံရကာ ဖန်ချောင်ကျိုးနားတွင်ပတ်၍ပျံသန်းနေသည်။ ရွှယ်သန်းရုံသည်သူ့အဝတ်များကိုပြင်ဝတ်ရန်ပြင်နေချိန်တွင် တစ်ဖက်တွင် ဓါးသည်ကိုယ်ထည်မှတကျည်ကျည်မြည်ပြီးနောက် ဖန်ချောင်ကျိုးအားပြင်းပြင်းထန်ထန်ရိုက်ချလိုက်သည်။
"ရွှမ်း"
ဆံပင်စည်းနေသောရွယ်သန်းရုံသည် ခန်းဆီးအကာတစ်ဖက်ခြမ်းမှ ဖန်ချောင်ကျိုး၏အော်သံကိုကြားလိုက်ရတော့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက ထိုသို့အော်သံမျိုးမကြာမကြာကြားခဲ့ရသဖြင့် ရွယ်သန်းရုံသည် ဂရုမထားပေ။ သို့သော် ဖန်ချောင်ကျိုး၏နောက်ထပ်စကားလုံးများကိုကြားလိုက်ရသောအခါ ဆံပင်စည်းနေခြင်းအားရပ်တန့်လိုက်ပြီး ခန်းဆီးအကာ၏တစ်ဖက်ခြမ်းသို့ခြေလှမ်းကြဲကြီးများဖြင့်လျောက်သွားတော့၏။

ခန်းဆီး၏နောက်တွင် ဖန်ချောင်ကျိုးမှာနိုးနေပြီဖြစ်၏။ သူသည်စောင်ကိုဖက်ကာထိုင်နေပြီး ပိတုန်းရောင်ဆံနွယ်ရှည်များက ပြန့်ကြဲနေ၏။ အအေးဓာတ်ကြောင့် သူ၏မျက်နှာတစ်ခုလုံးနီးပါးကို မြေခွေးသားမွေးဖြင့်ပတ်ထားသဖြင့် မျက်လုံးလေးသာပေါ်နေသည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now