April 25, 2024 by Nay Chi Lynn
Heartthrob - 90သို့နှင့် ဖန်းချောင်ကျိုး နောက်တစ်ကြိမ် ကျစ်ချွင်းကျိုးသို့ သွားခဲ့ပြန်သည်။
ဤသည်မှာ သူလာတာ လေးကြိမ်မြောက်ဖြစ်၏။ သူ နဂိုကတော့ ခဏလောက်စောင့်ပြီးမှ ရွှယ်သန်းရုံကို တွေ့ရမည်ဟု ထင်ထားခဲ့သည်။ သို့သော် ဘယ်သူသိမည်နည်း၊ သူ ရွှယ်သန်းရုံ၏လိုဏ်ဂူရှိ အကာအကွယ်ကို ဖွင့်လိုက်သောအခါမှာပဲ အထဲတွင် အဝတ်လဲနေသောလူကို တွေ့လိုက်ရလေသည်။
ရွှယ်သန်းရုံက ထိုအသံကိုကြားပြီးနောက် အနည်းငယ် မျက်လုံးလှည့်ကြည့်လာသည်။ ၎င်းက ဖန်းချောင်ကျိုးမှန်း မြင်သောအခါ သူ စကားပြောမလာပေ။ သူ သူ့၏ ဖြူဆွတ်နေသော ဝတ်ရုံကို ချွတ်ကာ နံဘေးရှိ ခုံပုလေးပေါ် တင်လိုက်သည်။
ဖန်းချောင်ကျိုး အခု အနည်းငယ် ရှက်နေသည်။ မည်သို့ဆိုစေ သူ ယခင်က ရွှယ်သန်းရုံအား တစ်ခေါက်သာအိပ်မည်ဟု ပြောထားခဲ့သည်လေ။ သို့သော် ယခုတော့ သူ ထပ်ရောက်လာရပြန်ပြီ။
"မင်း ဖြေဆေးယူလာခဲ့လား။"
"ယူလာတယ်၊ ဒါပေမယ့် ဒီတစ်ကြိမ် စားလိုက်ရုံနဲ့ မလောက်သေးဘူး၊ သုံးလေးလုံးလောက်စားမှ အဆိပ်ပြေသွားမှာ၊ မင်းက တစ်ကြိမ်လေး နှစ်ကိုယ်တူကျင့်ကြံရုံနဲ့ ဖြေဆေးအကုန် သွားချင်တာတော့ မဟုတ်ဘူးမလား"
သူ တကယ်အရှက်မရှိတာပဲ၊ သည်လိုစကားမျိုးတောင် ပြောထွက်နိုင်သေးတယ်။ဖန်းချောင်ကျိုးမှာ တစ်ဖက်က မိမိကိုယ်ကို ဝေဖန်နေရင်းဖြင့် တစ်ဖက်က ဆက်လက်၍ ပဟေဠိဆန်ဆန် ဟန်ဆောင်လျက် တစ်ဖက်လူကို ပြုံးစစဖြင့် ကြည့်နေသည်။
ရွှယ်သန်းရုံက ထိုစကားများကိုကြားသော် မျက်လွှာချလိုက်သည်။ သူ့ခံစားချက်များက ထိုမျက်တောင်ရှည်ရှည်များအောက်တွင် ပုန်းကွယ်လို့နေ၏။ သူက စကားလည်းမပြောသလို လှုပ်လည်းလှုပ်မလာဘဲ ဖန်းချောင်ကျိုးရင်ထဲ ဗုံဆိုင်းတီးနေသကဲ့သို့ ဖြစ်စေသည်။ ဖန်းချောင်ကျိုးမှာ တစ်ဖက်လူက မိမိ၏ အရှက်မရှိမှုကြောင့် မိမိကို ထသတ်တော့မည်ဟု ထင်လိုက်သည့်အချိန်မှာပဲ နောက်ဆုံးတော့ ရွှယ်သန်းရုံက စကားပြောလာသည်။"တစ်ကြိမ် နှစ်ကိုယ်တူကျင့်ကြံပြီးရင် တစ်ကြိမ် ဖြေဆေးပေးမှာလား၊ ဒါမှမဟုတ် နှစ်ကြိမ်ကျင့်ကြံပြီးမှ တစ်ကြိမ်ဖြေဆေးပေးမှာလား"
ဖန်းချောင်ကျိုး သေချာစဉ်းစားကြည့်လိုက်ပြီး နောက်ဆုံးတွင်တော့ မရေမရာ အဓိပ္ပာယ်နှစ်ခွထွက်သည့် အဖြေတစ်ခု ပေးလိုက်လေသည်။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy