Chapter45
"အကို ကျွန်တော် ကူညီပေးမယ်"
လူငယ်လေး၏ စကားသံဘဲဖြစ်ဖြစ် သူ၏လှုပ်ရှားမှုဘဲဖြစ်ဖြစ် ဖန်ချောင်ကျိုးအား လန့်စေသည်။ခါးပတ်အားဖြုတ်လိုက်သံကြားလျှင် သူတကယ်လန့်သွားပြီး ထိုလက်အားဖမ်းဆုပ်လိုက်သည်။ညအမှောင်ထဲဖြစ်သောကြောင့် လူငယ်လေး၏လက်ကိုသာ မှုန်ဝါးစွာမြင်နေရပြီး ထိုသူ၏မျက်နှာအားသေချာမမြင်ရပေ။
"မလုပ်နဲ့....၊ကိုယ့်ဘာသာဘဲ ချွတ်လိုက်မယ်နော်"
ဖန်ချောင်ကျိုးလဲ သူ့ဘာသူ ဘာကြောင့်များအဲ့လောက် တုန်လှုပ်နေသလဲဟု။ထို့နောက်တွင်မှ ထိုလူငယ်အား သူကြောက်စရာမလိုဟုတွေးကာ ပြောလိုက်သည်။
အကယ်၍ သူ၏ဆရာတူညီလေး ထိုသို့ထပ်လုပ်နေလျှင် သူ့ကိုယ်သူထိန်းနိုင်မည်မဟုတ်ပေ။ရွှယ်သန်းရုံက အဓိကဇာတ်ဆောင်ဖြစ်သောကြောင့် ထိုလူငယ်လေးအားမထိမချင်း ဘာပြဿနာမှရှိမည်မဟုတ်ပေ။
"ကောင်းပြီလေ ၊ကိုယ့်ကိုယ်ဘဲ လုပ်လိုက်တော့"
ရွှယ်သန်းရုံက ခဏလောက်တိတ်ဆိတ်သွားပြီးပြောလာသည်။
လူငယ်လေး၏လက်က ဖန်ချောင်ကျိုးထံမှဖယ်သွားသော်လည်း ထိုလူငယ်လေးက ဖန်ချောင်ကျိုး၏ ဘေးတွင်မက်တပ်ရပ်နေဆဲဖြစ်သည်။
ဖန်ချောင်ကျိုးက ဘေးသို့အနည်းငယ်ရွေ့လိုက်သည်။သူအရင်ကလဲ ထိုသူရှေ့ အဝတ်လဲဖူးသော်လည်း ထိုလူငယ်က ဘယ်တော့မှ သေချာစိုက်ကြည့်ခြင်းမရှိဖူးပေ။
"မင်းရော အဝတ်မလဲဘူးလား"
သူက ထိုလူငယ်လေးအားကြည့်ကာ မေးလိုက်သည်။အကယ်၍ ထိုလူငယ်လေးလဲ အဝတ်လဲမည်ဆိုလျှင် သူ(ဖန်ချောင်ကျိုး)အား ကြည့်နိုင်တော့မည်မဟုတ်ပေ။
ထိုစကားပြောပြီးလျှင် သူ့ဘေးရှိလူငယ်လေးက အဝတ်အစားစတင်ချွတ်ရန်ပြင်ေလသည်။ထိုလူငယ်လေး၏မျက်နှာအားသေချာ မမြင်ရသော်လည်းညထိုသူ၏ လှုပ်ရှားမှုများအားမြင်နေရသည်သာဖြစ်သည်။ထိုလူငယ်လေး ထိုသို့ပြင်နေသည့်အခါတွင်တော့ ဖန်ချောင်ကျိုး မတ်တက်ရပ်လိုက်ကာ လူငယ်လေး၏လက်အားဆွဲလိုက်သည်။
ESTÁS LEYENDO
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasíaဘာသာပြန် by Legacy