အပိုင်း - ၆၈
ရေတချို့က ဖန်းချောင်ကျိုး၏မျက်နှာပေါ်လာစင်တာကြောင့် တိတ်တဆိတ်ပဲ လက်ကိုဆန့်ကာသုတ်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ ဝတ်ရုံအပိုကိုထုတ်ယူလိုက်ကာ ဝတ်ဆင်လိုက်ပြီးနောက် ကမ်းစပ်ပေါ်ကိုဦးတည်လိုက်သည်။
သူကမ်းစပ်ဆီကိုရေကူးလာတော့ အနောက်ကနေကြက်ကလိုက်လာသည်။
"စကားအရင်ပြောကြမယ်လေ ငါကရိုးရိုးသာမန်စာချုပ်လေးပဲချုပ်ချင်တာပါ စိတ်ဝိညာဥ်စာချုပ်လိုမျိုးတွေဘယ်တော့မှမချုပ်ပါဘူး မင်းကြည့်ရတာပိန်ပါးပြီးဖြူဖျော့နေတာပဲ မင်းဘယ်လောက်အသက်ရှင်မလဲဆိုတာငါမသိဘူးလေ"
ဖန်းချောင်ကျိုးက ကြက်ရဲ့စကားတွေကိုလျစ်လျူရှုထားလိုက်သည်။ သူ့ရဲ့ကုတ်နဲ့ဝတ်ရုံကိုပဲဝတ်ဆင်လိုက်ပြီး အတွင်းမှာဝတ်ဆင်ထားတဲ့ အဝတ်တွေအကုန်လုံးကိုလည်းလဲပစ်လိုက်သည်။ အဝတ်တွေတင်မကသေးပဲ ခြေအိတ်တွေနဲ့ဖိနပ်တွေပါပါသေးသည်။
သူလဲထားတဲ့အဝတ်တွေကိုတော့ မှော်ပညာကိုသုံးပြီးရှင်းထုတ်လိုက်တော့ အစအနတစ်ခုတစ်လေပင်မကျန်ပဲ အကုန်ရှင်းလင်းသွားခဲ့သည်။
အဝတ်အစားလဲပြီးတဲ့နောက် ဖန်းချောင်ကျိုးကဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပြီး သွားရမယ့်ဦးတည်ချက်ကို ကျပန်းရွေးလိုက်သည်။ သို့သော် နှစ်လှမ်းပဲလှမ်းပြီးရုံရှိသေး ကြက်ကသူ့အရှေ့ကိုပြေးလာပြီး အတောင်ပံတွေကိုဖြန့်ကာ လမ်းကိုလာပိတ်သည်။
"မင်းဘယ်သွားမလို့လဲ"
ကြက်ရဲ့မျက်လုံးဝိုင်းဝိုင်းသေးသေးလေးများက ဖန်းချောင်ကျိုးကိုကြည့်နေသည်။
"ငါတို့ကအဲဒီနဂါးတွေ၊ ကျားတွေ၊ မိစ္ဆာတွေလိုမျိုးမတော်ဘူးလို့မထင်လိုက်နဲ့နော် ငါကအရမ်းအံ့သြဖို့ကောင်းတာ ကြက်အမျိုးကောင်းကွ"
သူကပြောပြီးနောက် သူ့အတောင်ပံတွေကိုခတ်လိုက်သည်။ ဒီကြက်ရဲ့အတောင်ပံတွေက တော်တော်လေးလှပတယ်လို့တော့ပြောရမယ်။ အပေါ်ပိုင်းကအဖြူရောင်နဲ့အဆုံးသတ်ပြီး အမြီးပိုင်းကတော့ အပြာရောင်နဲ့အဆုံးသတ်နေတာ။ဒါပေမယ့်သူဟာသူဘယ်လောက်ပဲလှလှပါ။ အဲဒါကကြက်တစ်ကောင်ပဲဟာကို။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy