Chapter 110

54 8 0
                                    

Chapter-110

မကြာခင်မှာပင် တံခါးက တွန်းဖွင့်ခံလိုက်ရသည်။ ခြေသံကနီးကပ်လာပြီး ခန်းဆီး‌ရှေ့တွင်စက်ဝိုင်းပုံ လှည့်ပတ်နေပြီးမှ ရေချိူးကန်အစွန်းတွင်ရပ်လိုက်သည်။
ဖန်းချောင်ကျိုးသည် သူ့‌လက်မောင်းကိုက်နေရင်းဖြင့် မျက်လုံးထောင့်မှ ခြေအစုံကိုဖျက်ခနဲဖမ်းမိလိုက်သည်။ ဖိနပ်က ဘာတစ်ခုမှတန်ဆာမဆင်ထားသော အဖြူစွတ်စွတ်ဖြစ်သည်။ ဖိနပ်များကိုတချက်ကြည့်ပြီးနောက် သူ့နှုတ်ခမ်းကိုဖြေလျော့ကာ ခေါင်းမော့ကြည့်လိုက်သည်။ ဝင်လာခဲ့သူက သေချာပေါက်ကို ကျုံးလီယွဲ့ရွှေဖြစ်ပြီး သူနှင့်မတူညီစွာ ဖရိုဖရဲဖြစ်မနေဘဲ သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားခဲ့သည်။ သို့သော်သူ့အမူယာရာ ကျေနပ်မှုမရှိစွာနှင့် မျက်တောင်ရှည်များကိုချကာ ရေထဲကဖန်းချောင်ကျိုးကိုကြည့်နေခဲ့သည်။

ကျုံးလီယွဲ့ရွှေကိုမြင်သည့်နောက် စိတ်သက်သာရာရစွာ အသက်ရှုထုတ်လိုက်သည်။ ထျန်းရွှေဂိုဏ်းရဲ့ဆရာသခင်တစ်ဦးအနေနဲ့ သူ့ထံတွင် ရေဓာတ်ပြုမှော်ပစ္စည်းတချို့ရှိနိုင်လောက်သည်။

"ဆရာ့မှာရေဓာတ်အ‌ခြေခံမှော်ပစ္စည်းရှိရင် ကျွန်တော့ကိုငှားပါလား.? နောက်ကျရင် သေချာပေါက်ပြန်ပေးပါ့မယ်"
သူ့ခန္ဓာကိုယ်၏မသက်မသာခံစားရမှုကြောင့် သူ့လေသံကလည်းမတည်ငြိမ်နေခဲ့ပေ။ ၎င်းကိုကြားသည့်နောက် ကျုံးလီယွဲ့ရွှေသည် ခေါက်ကန့်လန့်ကာနားရပ်နေသည့် တုပိုင်ဘက်သို့ ဖြေးညှင်းစွာလှည့်ကြည့်လိုက်သည်။ တုပိုင်သည် ကျုံးလီယွဲ့ရွှေကို တချက်ကြည့်လိုက်ပြီးမှ ရေထဲရှိဖန်းချောင်ကျိုးကိုကြည့်လိုက်သည်။ ခဏကြာပြီးနောက် လှည့်ထွက်သွားတော့သည်။ သူထွက်သွားပြီးသည်နှင့် တခါးပိတ်သွားတော့သည်။

ဖန်းချောင်ကျိုးသည် ရေဓာတ်အ‌ခြေခံမှော်ပစ္စည်းရရန်အလို့ငှာ ကျုံးလီယွဲ့ရွှေကိုကြည့်နေဆဲပင်။ တံခါးပိတ်သံကိုကြားသည့်အခါမှာတော့ အကြည့်ကိုခေတ္တရပ်ပြီး တံခါးဆီသို့ပို့လိုက်သည်။ သိူ့သော်လည်း ခေါက်ကန့်လန့်ကာက သူ့အမြင်ကိုပိတ်ဆို့ထားပြီး တံခါးကိုမမြင်နိုင်ပေ။ တံခါးဆီကြည့်နေစဉ်မှာပင် ရေချိုးကန်အစွန်းတွင်ရှိနေသောသူ့လက်က ရုတ်တရက်ဆွဲယူခံလိုက်ရသည်။ တုံ့ပြန်ချိန်တောင်မရလိုက်ဘဲ တစ်စုံတစ်ယောက်ထံမှ ရေကန်အပြင်သို့ဆွဲထုတ်ခံလိုက်မို့ ရေများကြမ်းပြင်ပေါ်ကျဆင်းကာ ရွှဲရွှဲစိုကုန်ပြီး ထိုနားတွင်ရှိနေသည့် ကျုံးလီယွဲ့ရွှေ၏အဝတ်များပါ စိုကုန်သည်။ ဖန်းချောင်ကျိုးသည် သူ့ကိုရေချိုးကန်အပြင်ဘက် ဆွဲထုတ်လိုက်တဲ့လူကို အံ့အားသင့်စွာကြည့်ပြီး ထပ်မေးလိုက်သည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now