Chapter -109
ဆီစိမ်စက္ကူထဲတွင် ချိုချဥ်အရသာဘယ်ရီသကြားလုံးများရှိနေခဲ့သည်။ နှစ်ခုစားပြီးနောက် ကျုံးလီယွဲ့ရွှေကိုကြည့်ကာ သတိထားပြီးမေးလိုက်သည်။
"ဆရာ ကျွန်တော့်ရဲ့သိုလှောင်လက်စွပ်တွေ့မိသေးလား"
ထိုသို့မေးခံရသောအခါ ပေါင်ပေါ်တွင်တင်ထားခဲ့သော ကျုံးလီယွဲ့ရွှေ၏လက်က အနည်းငယ်ရွှေ့လျားသွားပြီး
"မတွေ့မိဘူး"
ဟုဖြေလိုက်သည်။ထိုအဖြေကိုကြားသည့်အခါ ဖန်းချောင်ကျိုး မျက်မှောင်ကြုတ်လိုက်မိသည်။
ကျုံးလီယွဲ့ရွှေက ပန်းကန်လုံးကိုယူကာထွက်သွားသည့်နောက် ပျောက်ဆုံးသည်ကိုတွေ့လိုတွေ့ငြား အခန်းတွင်းကိုစတင်ရှာဖွေတော့သည်။
အတိဒုက္ခကိုဖြတ်ကျော်စဉ်က သိုလှောင်လက်စွပ်ကသူ့လက်တွင်ရှိနေဆဲဖြစ်ပြီး ဆေးရည်စိမ်ပြီးနောက်မှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
သိုလှောင်လက်စွပ်က ဒီနေရာမှာရှိနေသင့်သော်လည်း နေရာတိုင်းကိုရှာပြီးသည့်တိုင် ရှာမတွေ့ခဲ့ချေ။ သိုလှောင်လက်စွပ်မရှိလျှင် သူ့တွင်ဘာဆိုဘာမှမရှိပေ။ ကျစ်ချွမ်းကျိုးတွင် ကြက်မြင်းက သူ့ကိုစောင့်နေဆဲလားတွေးမိသည်။ ၎င်းကပါးနပ်လိမ္မာပြီး သူ့ကိုဖမ်းမိကာ ကြက်သားစွပ်ပြုတ်အဖြစ်သို့ ပြောင်းလဲမသွားဖို့ မျှော်လင့်မိသည်။ သူကဖမ်းမိခံထိပြီးပြီမို့ ကြက်မြင်းကဘေးကင်းနေဖို့ မျှော်လင့်မိသည်။
နောက်လာမယ့်နေ့ရက်များသည် အတန်းတက်ရသည်ထက် ပိုစိတ်ညစ်ဖို့ကောင်းသည်ဟု ဖန်းချောင်ကျိုးခံစားရသည်။ တစ်နေ့ကိုဆေးနှစ်ကြိမ်သောက်ရပြီး နှစ်နာရီကြာဆေးရည်စိမ်ရသည်။ ကျန်သည့်အချိန်များတွင် တုပိုင်နှင့်အတူရှိပေးရသည်။ ကျုံးလီယွဲ့ရွှေသည် သူ့လှုပ်ရှားမှုများကို ကန့်သတ်မထားခဲ့ပါ။ ဘာ့ကြောင့်လဲဆိုတာကိုတော့ သူ့ခန္ဓာကိုယ်လုံးဝသက်သာပြီး နေရာစုံလျှောက်သွားကာမှ သိလိုက်ရသည်မှာ ၎င်းကလေထုအလယ်တွင်တည်ရှိနေသောတောင်တစ်ခုပင်။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy