Chapter 36 pt2
"ချောင်ကျိုး မင်းဒီဟွားလီတောင်မှာနေသားကျနေပြီလား"
ဆရာကြီးက ပြောလိုက်သည်။
ဖန်ချောင်ကျိုးက စကားမပြောခင် ခဏလောက်စဉ်းစားပြီး သတိဖြင့်
"ဆရာကြီး ကျွန်တော် ဆရာသခင်ကို အရမ်းအနှောက်အယှက်ဖြစ်စေတယ်ထင်တယ်။ ကျွန်တော် ယီကျိဖန်း ကိုပြန်ရမလား ဆရာကြီး"
"ယီကျိဖန်းကတော့ အလျင်လိုစရာမလိုဘူး။ ဒီဆရာ ဒီကိုလာရတာက မင်းကို စာတစ်စောင်ပေးချင်လို့။ "
ဆရာကြီးက သူ၏ အင်္ကျီထဲမှ စာတစ်စောင်ထုတ်ကာ ဖန်ချောင်ကျိုးအား လက်ကမ်းလိုက်ပြီး
"ဒါက မင်းအဖေဆီကပဲ။ပို့တဲ့သူက အရေးပေါ်လို့ပြောလို့ အမြန်ဖွင့်ကြည့်လိုက်တာ ကောင်းမယ်"
ဖန်ချောင်ကျိုးက ထိုစာကိုမဖွင့်ကြည့်မှီ ခဏလောက်အံ့ဩသွားပြီး စာအားအလျင်စလိုဖတ်လိုက်သည်။
"စာရဲ့အစပိုင်းမှာတော့ ထို မူလပိုင်ရှင်၏အဖေက သူ့အား ကျန်းမာရေးအကြောင်းမေးပြီး နှုတ်ဆက်ထားသည်။ အင်း...ကျွန်တော်တော့ ဒီထျန်းချွေ ဂိုဏ်းမှာမနေချင်တော့ဘူး ၊ပိုက်ဆံလဲမရှိဘူး"
စာရဲ့အလယ်တွင်တော့ ထိုတိုင်းပြည်၏အကြောင်းများရေးထားပြီး ၊ စာ၏နောက်ဆုံးတွင်မူ ထိုသူက မကျန်းမာသောကြောင့် ဖန်ချောင်ကျိုးအား ထိုတိုင်းပြည်သို့ ပြန်လာရန် ရေးထားသည်။
ဖန်ချောင်ကျိူးက ပြဿနာကိုကောင်းစွာမသိမချင်း စာ၏အဆုံးပိုင်းအား ခဏခဏဖတ်နေသည်။ မူလဇာတ်ကောင်း၏ အဖေက အသည်းအသန်ဖြစ်နေသောကြောင့် သူ၏သားအား ပြန်လာခိုင်းခြင်း ဖြစ်ပေလိမ့်မည်။
မူလဇာတ်ကွက်များတွင်မူ ရွှယ်သန်းရုံနားတွင်သာ ပေါ်လွင်နေပြီး ထိုအချိန်တွင် မူလဖန်ချောင်ကျိုးက ရွှယ်သန်းရုံ မြောက်ပိုင်းသို့သွားမှန်းသိသောကြောင့် ထိုသူ့ထံ လျို့ဝှက်စွာဖြင့်လိုက်သွားသည်။သို့ပေမဲ့ ရွှယ်သန်းရုံက ထိုအကြောင်းသိသွားကာ မူလလူအား မောင်းထုတ်ခဲ့သည်။ မူလလူက ရွှယ်သန်းရုံအား ပြန်လည်တွေ့သောအချိန်တွင်မူ ထိုသူအား ကျောင်းလီယွဲ့ချွေက ကယ်တင်ပြီးချေပြီ။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy