Chapter 20

1.6K 152 0
                                    

Chapter 20

ဆရာတူညီလေးက ပိန်ပါးကာ အရပ်ရှည်သူဖြစ်ပြီး အပေါ်ရုံတစ်ထည်တည်းသာဝတ်ဆင်ထားသဖြင့်သူ၏ခန္ဓာကိုယ်အချိုးအစားဟာပို၍ထင်ပေါ်နေသည်။ ခါတိုင်းနှင့်မတူပဲ ကျီချွင်းကျိုးတွင် ရွယ်သန်းရုံနေသည့်ပုံစံသည် လွတ်လပ်ပေါ့ပါးနေသည်မှာထင်ရှားသည်။ သူ၏ဆံနွယ်ရှည်များကို ရိုးရှင်းစွာပင် အဝတ်စတစ်ခုဖြင့်သာချည်ထားသော်လည်း လန်းဆန်းသန့်ရှင်းနေကာ ညအချိန်တွင်ဖူးပွင့်လာသည့် နှင်းပန်းကလေးနှင့်ပင် သဏ္ဍာန်တူနေသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရသောဖန်ချောင်ကျိုးမှာ မအံ့သြပဲမနေနိုင်ပင်ဖြစ်ရသည်။အထူးသဖြင့် လေအေးများက ရွယ်သန်းရုံ၏အင်္ကျီလက်အတွင်းသို့ဝင်ရောက်တိုက်ခတ်သွားသဖြင့် တဖြတ်ဖြတ်လွင့်မျောနေသော်လည်း ဆရာတူညီလေးမှာ မအေးသည့်အလားပင်။ ဖန်ချောင်ကျိုးသည်မနေနိုင်တော့ပဲ နွေးထွေးစေမည့်တစ်ခုခုကိုရှာလေသည်။ သိုလှောင်လက်သွပ်ထဲမှမြေခွေးသားမွှေးကိုရှာတွေ့သွားသဖြင့် တစ်ဖက်လူကိုကမ်းပေးလိုက်သည်။

ထိုမြေခွေးသားမွှေးဝတ်ရုံနှစ်ခုသည် ပုံစံတူသော်လည်းအရောင်ကွဲပြားကြသည်။ အဝတ်ဆိုင်ပိုင်ရှင်က တစ်ခုဝယ်တစ်ခုလက်ဆောင်ဟုပြောသဖြင့် သူဝယ်ခဲ့ခြင်းဖြစ်သည်။

သူဝတ်ထားသည့်တစ်ခုမှာအဖြူရောင်သားမွှေးဖြစ်ပြီး ရွယ်သန်းရုံကိုပေးသည့်တစ်ခုသည် အနီရောင်သားမွှေးဖြစ်သည်။ ထိုအနီရောင်သည်ထင်းလွန်းသည်ဟုထင်သဖြင့် သူမဝတ်ပေ။
ရွယ်သန်းရုံသည် ဖန်ချောင်ကျိုးနားရောက်သောအခါ သူကိုင်ထားသည့် နီဆွေးဆွေးသားမွှေးဝတ်ရုံကိုတသ်ချက်သာကြည့်ပြီး ပြန်မဖြေပဲ တခြားတစ်ခုက်ိုပြောင်းပြောလေ၏။

"ဆရာရဲ့အမိန့်ကိုသိပြီးပါပြီ နောက်ထပ်ခြောက်လဒါမှမဟုတ် အဲ့ထက်ပိုပြီး ဆရာတူဒုတိယအကိုက ကျွန်တော်နဲ့အတူလေ့ကျင့်ရမယ်၊ ဆရာ့အမိန့်ကိုလက်ခံပြီးပြီမို့လို့ ကျွန်တော်က အကို့ကိုကြီးကြပ်ပေးမယ် အကိုလည်းဆရာ့ကိုစိတ်မပျက်စေဖို့မျှော်လင့်ပါတယ်"

ဖန်ချောင်ကျိုးသည် ရပ်တန့်နေရင်း

ရွယ်သန်းရုံကပြန်မဖြေပဲ လှည့်ထွက်သွားပြီး ဂူထဲဝင်သွားသည်။ လှိုဏ်ဂူတံခါးကိုဖွင့်လိုက်ပြီးနောက် အထဲသို့ဝင်ရင်း နေရာတွင်သာရပ်နေသည့် ဖန်ချောင်ကျိုးကိုပြန်လှည့်ကြည့်လိုက်၏။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now