Chapter 37 (pt 2)

1.2K 129 0
                                    

Chapter 37 pt2

"လာရတာ အရမ်းမခက်ခဲ‌ပါဘူး ၊ကျွန်တော်က ကျင့်ကြံသူလေ ပြီးတော့ ကျွန်တော်မြို့တော်ကို မရောက်ဖြစ်တာလဲကြာနေပြီလေ၊ခရီးကလွယ်ကူပါတယ် လမ်းတစ်‌လျှောက်လုံး ရှုခင်းတွေက မျက်စိကျစရာကောင်းတယ် ။အမှန်ဆို ကျွန်တော်က တောင်ထဲမှာပဲနေ နေတော့ ဒါတွေသိပ်မမြင်ရဘူး။

"တကယ်ကြီးလား၊ခရီးက မပင်ပန်းဘူးပေါ့"

လူအိုကြီးက ရယ်ပြီးပြောလိုက်သည်။သို့ပေမဲ့ ထိုသူရယ်လိုက်ချင်းပင် ချောင်းဆိုးသံက ကပ်ပါလာသည် ။ ထိုသည်ကိုမြင်ပြီး ဖန်ချောင်ကျိုးက ထိုလူအား ထိုင်နိုင်ရန် ကူလိုက်သည်။ပြီးနောက် ထိုလူ၏ခေါင်းဦးက ကျောက်စိမ်းခေါင်းအုံး ဖြစ်နေသည်ကိုတွေ့သောအခါ သူက ထိုခေါင်းအုံးအား ဖယ်ရှားလိုက်ပြီး ရွှေချည်တစ်ခုကို သူ၏သိုလှောင်လက်စွပ်ထဲမှထုတ်လိုက်ပြီး ထိုနူးညံ့သော ခေါင်းဦးအား အဖိုးအို၏ ခါးနားတွင်ခုထားလိုက်သည

အဖိုးအိုက ဖန်ချောင်ကျိုး၏ လှုပ်ရှားမှုများကိုကြည့်နေပြီး လူငယ်လေးအား မတားနိုင်သော်လည်း သူပြုံးသာ ပြုံးနေသည်။သူ ချောင်းဆိုးမရပ်သော်လည်း သူ၏မျက်လုံးထဲတွင် ပြုံးရွှင်နေသည်ကိုတွေ့ရသည်။ ခဏကြာသော်အခါ သူက ချောင်းကို အားရအောင်ဆိုးပြီး စကား‌ဆက်ပြောခဲ့သည်။

"မင်းထွက်သွားတုန်းက ငယ်ငယ်လေးပဲရှိသေးတာ။မင်းအရပ်က ငါ့ခြေတလုံးကျော်ကျော်လောက်လေးရယ်။ ကျင့်ကြံသူကြီးက မင်းကိုရွေးချယ်လိုက်တုန်းက မင်းက ငါ့ရဲ့ခြေတလုံးကိုဖက်ပြီး မသွားချင်လို့ငိုနေခဲ့တာ။အခု အချိန် မျက်စိတစ်မှိတ်အတွင်းမှာဘဲ အနှစ်ခြောက်ဆယ်လောက်ကုန်ဆုံးသွားပြီး ၊မင်းလဲ အရွယ်ရောက်လာပြီဘဲ"

သူက စကားတွေအများကြီးပြောနေသည်။ဖန်ချောင်ကျိုးက ထောက်ခံသည့်အနေနှင့် ခေါင်းသာငြိမ့်နေသည်။ ထိုသူအိပ်စက်သွားသောအခါ ထိုသူ၏ သွေးခုန်နှုန်းအားစမ်းသပ်ခဲ့သည်။

ဒါကတကယ်ပင် လူမမာ သွေးခုန်နှုန်းပင်ဖြစ်သည်။

ဖန်ချောင်ကျိုးသည် ရပ်တန့်လိုက်ပြီး သူ၏လက်အားပြန်ရုတ်ကာ ထိုလူအားစောင်ခြုံပေးလိုက်သည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now