chapter 95

1K 114 2
                                    


Chapter 95

အညိုရောင်ကြက်ရဲ့မျက်လုံးကတော့ အိပ်ချင်မူးတူးနဲ့ မှေးမှေးလေးဖွင့်ထားနေရင်းကနေ တစ်ခါထဲ ပြူး သွားသည်။

"ဘယ်လို?"

"ဒါနဲ့ မင်းက စိတ်အရမ်းလှုပ်ရှားနေတယ်လို့ ငါဘာလို့ထင်နေတာလဲ"

ဖန်ချောင်ကျိုး သူဆက်ပြောမယ့်စကားတွေကို ပြန်မျိုချလိုက်ပြီး သံသယဝင်စိတ်နဲ့မေးလာသည်။

"ငါက ဘယ်လိုကြက်မျိုးမို့လဲ မင်းအဲ့ဒီလူနဲ့တွေ့တုန်းက စိတ်လှုပ်ရှားလား!!!!"

ထို့နောက်မှ ထိုကြက်က ခဏတိတ်ဆိတ်ကာဝန်ခံလာတယ်။

"အင်း!ငါ နည်းနည်းစိတ်လှုပ်ရှားသွားလို့! ဘယ်လိုလူမျိုးနဲ့ တွေ့ခဲ့တာလဲ ငါ့ကိုပြောပြဦး"
'ဒီနေ့မင်းသာပြန်မလာရင် ငါတော့ပျင်းနေတော့မှာပဲ"

ဖန်ချောင်ကျိုး၏ နှုတ်ခမ်းထောင့်စွန်းများက လှုပ်ခပ်သွားပြီးနောက် သူက အိမ်ရာနားသွား၍ ထိုင်လိုက်ကာ
"ငါပြန်လာတဲ့လမ်းမှာ ငါ့နောက်တစ်ယောက်ယောက်လိုက်လာသလိုမျိုး ငါစိတ်ထဲထင့်နေတာ၊ ရှာဖွေခြင်း မန္တာန်သုံးလဲ ဘယ်သူ့ကိုမှ ရှာမတွေ့ဘူး နောက်တော့ ငါရေချိုးနေရင်း သတိလက်လွှတ် အိပ်ပျော်သွားပြီး လည်ပင်းနားမှာ ဒီလိုကြီးဖြစ်နေတာဘဲ"
ထိုစကားကိုကြားပြီးနောက် အညိုရောင်ကြက်က ဘယ်ညာကြည့်ပြီး
"ဘယ်သူမှ လာတာ မတွေ့မိပါဘူး"

"ငါလဲ အဲ့လိုထင်လို့၊ ဆိုတော့ ငါလည်းထူးဆန်းနေတာ"
ဖန်ချောင်ကျိုး ခေါင်းဘယ်ညာလိုက်ကြည့်ပြီး အညိုရောင်ကြက်ကို ကြည့်လိုက်တယ်။ ထို့နောက် သူ၏မျက်လုံးထဲ အလင်းတန်းတစ်ခု လတ်သွားပြီး စကားထပ်စလာသည်။

"ငါလဲ မသေချာဘူး သူ့ပုံစံက ငါ့ကိုမှတ်မိနေတဲ့အတိုင်းပဲ ထူးဆန်းနေလားလို့ "

သူမမှတ်မိရင်လဲ ဘာလို့ ငါ့ကို သူ့ပေါင်ပေါ်တင်ထားတာလဲ။ ဒါပေမဲ့ သူတကယ်မှတ်မိနေရင်လည်း ဒီနေ့သူ့ရဲ့ပုံစံက ထူးဆန်းနေတယ်။

ရွှယ်သန်းရုံ သူ့ကိုမှတ်‌မိနေရင်လည်း သူသိနေကြောင်းငါ့ကို အသိပေးသင့်တယ်မဟုတ်လား။ အခု အခွင့်ရေးယူသွားတာက ရွှယ်သန်းရုံဆို ပိုပြီးထူးဆန်းနေတာမဟုတ်လား။ ဘာလို့ ခိုးကြောင်ခိုးဝှက် ဒီကိုလာပြီး နမ်းတာလဲ။
ဒါကြီးက ဖြစ်နိုင်လို့လား....?
ဟာ! မဖြစ်နိုင်ပြန်ဘူး။ ဘယ်သူက နှစ်ကိုယ်တူကျင့်ကြံတာကို သတိလက်လွှတ်ချစ်မိမှာလဲ။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီTahanan ng mga kuwento. Tumuklas ngayon