Chapter 56

1.3K 134 1
                                    

Chapter 56

ကြမ်းပြင်ပေါ်တွင်ထောင်ထားသည့် ကြေးနီရောင် ကြေမုံပြင်ရှေ့တွင် အသက်၁၆နှစ်အရွယ်လူငယ်လေးနှင့် ၇နှစ်အရွယ်ကောင်လေးတို့ဟာ မှန်ရှေ့တွင်ရပ်နေကြ၏။ သူကမှန်ထဲကသူ့ပုံရိပ်ကိုပြန်ကြည့်မိရာမှ မျက်ဝန်းများတွင်အံ့အားသင့်မှုများရောင်ပြန်ဟပ်နေရင်း ရေရွတ်မိသွားသည်။

"ဘယ်လိုတောင် နေ့ချင်းညချင်း အသက်ကြီးလာတာလဲ"
ထိုကောင်လေးကတော့ ဖန်ချောင်ကျိုးဖြစ်ပြီး သူညတုန်းကတင် အိပ်ရာမဝင်ခင်က ဝိတ်ချဖို့အကြောင်းတွေးနေခဲ့တုန်းရှိသေးပေမယ့် မိုးလင်းလို့မျက်လုံးနှစ်လုံးဖွင့်ကြည့်မှ သူဟာအသက်၂နှစ်အရွယ်ကလေးလေးကနေ ၁၆အရွယ်လောက်ဖြစ်သွားခဲ့ရသည်။

စုန့်လျန်ရီရဲ့လက်ထောက်ရှင်းပြချက်အရဆိုလျှင် လေးငါးကြိမ်ဆက်တိုက် သွေးတိုက်ခြင်းက အသက်လေးငါးနှစ်ပိုကြီးလာစေသည်တဲ့

*ငါ့ကျဘယ်လိုလုပ်ရုတ်တရက် ဆယ်ကျော်သက်ချက်ချင်းဖြစ်သွားရတာလဲ*

ဖန်ချောင်ကျိုးအဖြေရှာမရဖြစ်နေချိန်တွင် တဖြေးဖြေးနီးလာသည့် ခြေသံတစ်ခုကချဥ်းကပ်လာခဲ့သည့်အခါ သူအာရုံမပြုမိပေ။ ထိုခြေလှမ်းများ သူ့အနားရောက်လာတော့မှ သတိပြုမိရင်းအထိတ်တလန့်ဖြစ်ကာရုတ်ချည်းလှည့်ကြည်မိ၏။

ထိုခြေလှမ်းပိုင်ရှင်က အခန်းတံခါးလိုက်ကာနားတွင်ရပ်သွားကာ လက်တစ်ဖက်ဖြင့် ခန်းဆီးကိုမကာ အထဲသို့ကြည့်လေသည်။ ဖန်ချောင်ကျိုးကိုတွေ့သောအခါ မျက်လုံးများပြူးကျယ်သွားတော့သည်။

ဖန်ချောင်ကျိုးကထိုသူကိုမြင်သောအခါ အလွန်ဝမ်းသာသွားပုံရကာ အလျှင်အမြန်မေးတော့၏။

"ဆရာ ကျွန်တော်တစ်ခုခုမှားနေပြီထင်တယ်၊ ရုပ်သေးရုပ်အစီအရင်က လေးငါးရက်ဆက်တိုက်သွေးတိုက်ရင် အသက်အရွယ်ပြောင်းလဲစေတာလား၊ ကျွန်တော်ဘာလို့ နေ့ချင်းညချင်းဆယ်ကျော်သက်ဖြစ်သွားရတာလဲ"

ဖန်ချောင်ကျိုးက အသက်ကြီးလာတာကိုပျော်ပေမယ့်လည်း ရုတ်တရက်ကြီး အသက်ကြီးသွားတော့ တခုခုလွဲမှားသွားမှာစိုးပြီးဝမ်းနည်းနေ၏။

ကျောင်းလီဝေက "တခုခုမှားနေတာဖြစ်မယ်" ဟုပြောပြီးနောက် ခဏတိတ်ဆိတ်နေပြီးမှ

"ရုပ်သေးအစီအရင်ကမှားသွားခဲ့ရင်...ကျွန်တော် ရက်အနည်းငယ်အတွင်းမှာပဲ အသက်၇၀၊၈၀ဖြစ်သွားမှာတော့မဟုတ်ဘူးမလား"

ဖန်ချောင်ကျိုးဟာ ပို၍ပင်စိုးရိမ်လာတော့သည်။ ဒီလိုညတွင်းချင်းဆယ်ကျော်သက်ဖြစ်စေတဲ့ ကြီးထွားမှုနှုန်းနှင့်ဆိုလျှင် သိပ်မကြာခင်မှာပဲ သူ့မျက်လုံးတွေမွဲလာမယ်၊ သွားတွေလည်းမကောင်းတော့ဘဲ မစားနိုင်၊ ဝတ္ထုမဖတ်နိုင်ဘဲ အိုလာတော့မည်ထင်သည်။

ထိုစကားများကို ကျောင်းလီဝေကြားသည့်အခါ သဘောကျသွားပြီး သူ့မျက်ခုံးများပင် ပြုံးသွားသယောင်ဖြင့်

"မင်းက တာအိုကျင့်ကြံသူပဲကို ဘယ်လိုလုပ်အိုမှာလဲ၊ မင်းတစ်ကယ်ပဲအိုလာခဲ့တယ်ဆိုဦးတောင် အစီအရင်ကိုဖယ်ရှားပြီး နဂိုအတိုင်းပြန်ပြောင်းလိုက်ပေါ့"

ထိုစကားကြားမှ ဖန်ချောင်ကျိုးမှာပြန်ပြုံးနိုင်တော့၏။ အစီအရင်ကိုဖယ်ရှားလိုက်ရင် နဂိုပုံစံကိုပြန်ပြောင်းနိုင်တယ်ဆိုတာကိုသူမေ့နေခြင်းသာ။
အိုလာမယ့်ပြဿနာမရှိတော့သဖြင့် ဖန်ချောင်ကျိူးဟာ ဆယ် ကျော်သက်ဘဝကို ပျော်ပျော်ကြီးခံစားတော့မည်ဖြစ်သည်။

ကလေးငယ်ဘဝက ဘာမှကောင်းတာမရှိပေ။ ဒယိမ်းဒယိုင်လမ်းလျှောက်ရသည့်အပြင် ဆံပင်သေချာမဖြီးနိုင် အဝတ်သေချာမဝတ်နိုင်ဖြစ်ရ၏။ အထူးသဖြင့် ဝနေခြင်းပင်၊ သို့သော် အသက်ကြီးလာသည့်အခါတွင်တော့ ထိုသိုမဝတော့သည်ကကောင်းလှသည်။

သို့သော် ဖန်ချောင်ကျိုးမှာပျင်းရိလို့မရနိုင်သေးပေ။ စိတ်ကုန်စရာလေ့ကျင့်ရေးဆိုင်ရာပညာများကို သင်ကြားရသေးသည်။

သူ့မှာဝတ္ထုပင်မဖတ်အားပေ။ သူအသက်၂နှစ်အရွယ်တုန်းကမှ သူပိုအိပ်ခဲ့ရသေးသည်။ ယခုတွင်မူ နေ့တာအရှည်ကြီးကိုဖြတ်သန်းနေရသည် အိပ်လို့မရတော့ပေ။

နေ့လည်စာစားချိန်တွင် သူမနေနိုင်တော့ပဲ ကျောင်းလီဝေကိုပြောမိတော့၏။

"ဆရာ ကျွန်တော်အပြင်သွားလို့ရမလား"

လက်ထဲတွင် ကျောက်စိမ်းတုံးအပုံလိုက်သယ်ထားသည့်ကျောင်းလီဝေက ထိုစကားကိုကြားသည့်အခါ ဖန်ချောင်ကျိုးကို မော့ကြည့်လာပြီး

"ဘယ်လဲ"

ဖန်ချောင်ကျိုးဟာ နာခံတတ်သည့်တပည့်ပုံစံဖမ်းကာ

"တခြားမဟုတ်ပါဘူး၊ အရင်တုန်းကလေ့ကျင့်ခဲ့တဲ့နေရာဆီသွားမလို့ပါ၊ အဲ့မှာစိတ်စွမ်းအင်ပေါကြွယ်ဝ တဲ့အပြင် နေ့လည်ခင်းလောက်ကျ ယွီကျန်ကိုသွားတွေ့မလားလို့"

ကျောင်းလီဝေကမျက်လုံးများပိုမှေးစင်းသွားကာ

"ယွီကျန်ကိုတွေ့ချင်ရုံနဲ့များ ဘာလို့အဲ့ကိုသွားနေမလဲ"

သူ့ဆရာ၏အနေအထားကိုကြည့်ပြီး ဖန်ချောင်ကျိုးမှာ အမှန်အတိုင်းမပြောလျှင် မရတော့သည့်ပုံပေါ်သည်မို့

"ဆရာကျွန်တော်တစ်လလုံးလုံးလေ့ကျင့်နေခဲ့ရတာပျင်းလှပြီ ဂိုဏ်းပရဝုဏ် အပြင်ဘက်တောင်မထွက်ရဘူး၊ ကျွန်တော်ကလေးလည်းမဟုတ်တော့ဘူးလေ လေကောင်းလေသန့်ရှုရင်း အပြင်ထွက်ချင်မိတာပါ"

ဖန်ချောင်ကျိူးက သူ့ကိုယ်သူသတိမထားမိသော်လည်း နတ်ဆိုးရုပ်သေးအစီအရင်သည် သူ့စိတ်နေသဘောထားအပေါ်မှာ ပါသက်ရောက်မှုရှိနေခဲ့ပြီး တစ်ကယ်ကိုပုန်ကန်ချင်သည့် ဆယ်ကျော်သက်ကောင်လေးလိုဖြစ်နေတော့၏။

သူသတိမထားမိပေမယ့် ကျောင်းလီဝေကတော့သတိထားမိ၏။

ကျောင်းလီဝေကမျက်လွှာပြန်ချကာ သူ့လက်ထဲမှကျောက်စိမ်းတုံးများ ရေတွက်ခြင်းဆီသာ အကြည့်လွှဲလိုက်ပြီး

"ဒါဆိုလည်း လေ့ကျင့်ရေးကိုမထိခိုက်စေနဲ့"

"မထိခိုက်စေရပါဘူး"

ဖန်ချောင်ကျိူးက အလွန်ပျော်ရွှင်စွာရယ်မောလိုက်ပြီးနောက် တစ်ဝက်တစ်ပျက်မှာတင်

"ဒါ ပေမယ့် ကျွန်တော်မှဆရာ့ရဲ့အဝေးကိုသွားလို့မရတာ မဟုတ်ရင်ရုပ်သေးရုပ်ဖြစ်သွားမှာပေါ့"

ကျောင်းလီဝေကအကြည့်ပင်ပြန်မပေးပဲ အေးဆေးတည်ငြိမ်နေသောအသံဖြင့်
"ချားပိုင်ကိုပါတစ်ခါတည်းခေါ် သွားလေ"

ဖန်ချောင်ကျိုးက အချိန်ခဏလောက်ကြောင်အနေသော်ငြား ဘာကြောင့် ကျား ဖြူ ကိုပါခေါ်သွားခိုင်းသလဲဟုမမေးတော့ပေ။

သူနေ့လည်စားပြီးနောက် သက်စောင့်ဆေးလုံးကိုစားကာ ကျားဖြူကို တစ်ဖက်မှဆွဲပြီး ကျောက်စိမ်းတုံးအိတ်ကိုတစ်ခြားလက်မှကိုင်ရင်း ထွက်သွား၏။
စားပွဲခုံတွင်ကျန်ရစ်နေခဲ့သည့်ကျောင်းလီဝေက မျက်ဝန်းများကိုမော့ကြည့်မလာခင်မှာပဲ ယွီကျန်၏လက်ကိုခပ်ကြမ်းကြမ်းဆွဲဆိတ်လိုက်တော့သည်။ သူကတံခါးဘောင်ဆီ အရင်ကြည့်လိုက်ပြီးမှ ထွက်သွားသည့်ဖန်ချောင်ကျိုး၏ ကျောပြင်ကိုငေးကြည့်နေ၏။

လူငယ်လေးမှာ မြောက်ကြွမြောက်ကြွနဲ့ တက်ကြွနေလိုက်သည်များ သူ၏နောက်ကျောကပင် အားအင်အပြည့်မြင်နေရသည်။

ရွယ်သန်းရုန်သည် ရွှေရောင်တောင်ပံငှက်ပျံပေါ်မှမဆင်းမှီ ကျောင်းလီဝေ၏ ဂိုဏ်းပရဝုဏ်အတွင်းသို့ တည့်တည့်ပျံသွားလိုက်သော်လည်း မြူးထူးပျော်ပါးခုန်ပေါက်ဆော့ကစားနေသည့်အသံကို အရင်ကြားလိုက်ရ၏။

ဟွားလီတောင်သည် အစဥ်ဆိတ်ငြိမ်သောနေရာဖြစ်သည့်အလျောက် မည်သူမျှ ဆူညံဆော့ကစားခြင်းမပြုရဲကြပေ။

ရွယ်သန်းရုံ ခဏမျှထူးဆန်းနေပြီးနောက်တွင် အသံထွက်ရာ လားရာဆီမသွားဘဲမနေနိုင်တော့ပါ။
သူထိုအသံနှင့်နီးလာသည့်အခါ ဘယ်သူ့အသံမှန်းသိသွား၏။

ကောင်းကင်ပြာကြားမှ ရွှေရောင်နေခြည်များက ဟွားလီတောင်တစ်ခုလုံးကိုဖြန်းပက်ထားပြီး တောင်ပေါ်ရေကန်မှာလည်း နေရောင်အောက်တွင်တလဲ့လဲ့တောက်ပနေကာ မြူခိုးများတစတစပျောက်ကွယ်နေသည့် နေ့လည်ခင်းအချိန်အခါပင်ဖြစ်၏။

နေရောင်ခြည်နှင့်ရေပြင်တို့ သဟဇာတဖြစ်နေသောရေကန်ထဲမှလူငယ်လေးဟာ နေရောင်ခံနေပုံရပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် နေထိုး သည့်နေရာတွင်တည့်တည့်ရပ်နေသည်။

ထိုသူက တစ်ယောက်ယောက်လာနေသည်ကိုသတိမပြုမိဘဲ ရေစိမ်နေသည့်ကျားဖြူတစ်ကောင်နှင့် ပြုံးပျော်ရယ်မောနေခဲ့သည်။

"ချားပိုင် မင်းငါးမြန်မြန်ဖမ်းရမယ်၊ ဒါမှမဟုတ်ငါးတွေထက်ပိုမြန်မြန်ကူးချင်လား၊ လှည့်စားလို့မရဘူး

ကျားဖြူကြီးက သူ့စကားကိုပြန်မဖြေပဲ ရွယ်သန်းရုံလာနေသည့်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်၏

ကျားဖြူလှည့်ကြည့်ရာဘက်သို့ လူငယ်လေးကလည်း ထို့နည်းတူကြည့်မိရာ ရွယ်သန်းရုံနှင့်အကြည့်ချင်းဆုံသွား၏။ မလှမ်းမကမ်းမှလာနေသည့်ရွယ်သန်းရုံကိုမြင်ရာ ခဏထိတ်လန့်သွားပြီးနောက်တွင်အပြုံးလေးနှင့် လှမ်းအော်လိုက်၏။


ထို့နောက်သူ့မျက်နှာပေါ်မှရေများကိုသုတ်ကာ ကျားဖြူကြီးကို

"ချားပိုင် ပြန်လာတော့ ပွဲပြီးသွားပြီ ပြန်စမယ်"

ပြောပြီးသည်နှင့် သူဟာသူရေငုပ်သွားတော့သည်။

သူ့ဘေးမှကျားဖြူကြီးဟာ လူငယ်လေး၏လှုပ်ရှားမှုကိုမြင်သည်နှင့် အလျင်အမြန်ဝင်ပါရပြန်သည်။

ကျားဖြူကြီးမှာ ကြိုးစားပမ်းစား မျှမျှတတယှဥ်ပြိုင်သော်လည်း သူ၏ရေကူးမှုနှုန်းဟာ နှေးကွေးတောင့်တင်းနေသဖြင့် လူငယ်လေးကတစ်ဖက်စွန်းမှပြန်ကူးလာချိန်တွင် သူဟာရေကန်အလယ်တွင်သာရှိနေသေး၏။

ဖန်ချောင်ကျိုးက ချားပိုင်၏ပြာပြာသလဲလှုပ်ရှားမှုကိုမြင်ရာ မရယ်ပဲ မနေနိုင်တော့ပေ။ ထို့နောက်ရေကန်ထဲမှတက်လာလိုက်သည်။ လူငယ်လေးက ရေကန်စပ်မှ တွေ့ရာကျောက်တုံးပေါ်ထိုင်လိုက်ပြီး ပြေကျလုနီးနီးဖြစ်နေသော ကျောက်စိမ်းရောင်ကြေးဆံအုပ်ကိုဖြည်လိုက်ကာ နှုတ်ခမ်းဖြင့်ကိုက်ထားလိုက်၏။ ထို့နောက်စိုနေသည့် ဆံပင်များကိုလက်နှင့်သာဖြီးကာ လက်နှင့်သာထုံးဖွဲ့လိုက်တော့သည်။
လူငယ်လေးကဆံပင်များထုံးပြီးနောက် ဒီဘက်ကူးမလာနိုင်သေးသောချားပိုင်ကိုကြည့်နေရာမှ ကောင်းကင်ကိုမော့ကြည့်မိ၏။ ရာသီဥတုကသူ့ဘက်ပါနေသည်ထင် သူအနည်းငယ်အိပ်ငိုက်နေချေပြီဖြစ်၏။

သူကနေ ရောင်ကိုလက်နှင့်ကာလိုက်ကာ ထိုပုံစံနှင့်ပင် ချားပိုင်သူ့အနားမရောက်လာသေးမချင်း နေရောင်အောက်တွင်ထိုင်နေခဲ့သည်။ ချားပိုင်ရောက်လာသည့်အခါ ခေါင်းပြန့်ငုံပြီး သနားစရာမျက်ဝန်းများနှင့်ကျားဖြူကြီးကိုကြည့်လိုက်၏။

"ဘာမှမဖြစ်ဘူး ငါတို့နောက်နေ့လာဆော့ဦးမှာ၊ မနက်ဖြန်တော့ဒီနေ့ထက် မင်းမြန်မြန်ကူးမှရမယ်"

ဖန်ချောင်ကျိုးက ရေစိုနေသည့်ကျားဖြူကြီးကို အသာအယာခေါင်းပွတ်ပေးလိုက်သည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက်လေနီကြမ်းများတိုက်သွားကာ ချမ်းတုန်သွားရပြီး အသက်ပြင်းပြင်းရှူလိုက်ရ၏။

ယခုအချိန်တွင်သူ့အဝတ်များကရေစိုနေကာ အသားမှာကပ်နေကြ၏။ နေပူဆာလှုံနေခဲ့သော်လည်း သိပ်မထူးခြားပေ။ လေတိုက်သွားသဖြင့် ချမ်းတုန်နေရ၏။

ဖန်ချောင်ကျိုးကအလျင်အမြန်ထရပ်ပြီး ရေကန်တစ်ဖက်ဆီလျှောက်သွားကာ ကျောက်တုံးပေါ်မှ သပ်သပ်ရပ်ရပ်ခေါက်ထားသည့် အပေါ်ရုံကိုယူဝတ်လိုက်သည်။ သူအပေါ်ရုံခြုံပြီးကာမှ ခုနကတွေ့လိုက်ရသည့် ရွယ်သန်းရုန်ကိုသတိရတော့သည်။
သူပြန်လှည့်ကြည့်လိုက်ရာ နောက်မှာဘယ်သူမှရှိမနေတော့ပေ။
ဖန်ချောင်ကျိုးလည်းဂရုမစိုက်တော့ဘဲ ကျောင်းလီဝေ၏ခြံဝန်းဆီပြန်ဖို့ပြင်လိုက်လေသည်။

သူပြန်ရောက်သည့်အခါ ခြံဝန်းတစ်ခုလုံးတိတ်ဆိတ်နေသဖြင့် အဆောင်ပတ်ပတ်လည်လိုက်ကြည့်လိုက်သည်။ ကျောင်းလီဝေက ရွယ်သန်းရုံ၏ မကောင်းဆိုးဝါးစိတ်ဝိဉာဏ်ကိုဖယ်ရှားရန် ကူညီပေးနေတာဖြစ်မည်ဟုတွေးဆကာ အတွင်းခန်းထဲသို့တိတ်တဆိတ်ဝင်သွားတော့သည်။

သူသည် ကျောင်းလီဝေကို ယွီကျန်ဆီသွားမည်ဟုပြောခဲ့သော်လည်း သူရေထဲတွင်ဆော့ကစားခဲ့သည်ကို ဆရာသိသွားခဲ့လျှင် သူအပြစ်ပေးခံရမည်သာ။

သို့သော်ဖန်ချောင်ကျိုးမှာ အကျိုးသင့်အကြောင်းသင့် မစဥ်းစားမဆင်ခြင်တတ်ပါ။ သူသည်ခြေဖော့ကာ ခပ်ဖွဖွနင်းလျောက်သော်လည်း သူ့ခန္ဓာကိုယ်မှရေတစက်စက်ကျနေသည်ကိုမေ့သွားခဲ့၏။ ရေစက်ကျရာနေရာမှာ စင်္ကြန်လမ်းမှသည်အတွင်းခန်းဆီသို့ လမ်းပြထားသလိုပင်။

ထို့အပြင် ချားပိုင်သည်လည်း ရေစိုနေသည့်ခန္ဓာကိုယ်ကိုအခြောက်မခံဘဲ သူ့နောက်လိုက်လာခဲ့လေသည်။ သူ့အမွှေးများမှာစိုရွှဲနေခဲ့သည်မို့ ကြမ်းခင်းတစ်လျှောက်တွင်လည်း စိုရွှဲနေတော့၏။
ဖန်ချောင်ကျိုးက အတွင်းခန်းထဲသို့ဝင်ကာ ဝတ်ရုံများချွတ်ကာ ခုံပေါ်ပစ်တင်လိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ အဝတ်များကိုလဲဝတ်လိုက်သည်။ သို့သော် အဝတ်များအားလုံးက သူ့နဂိုခန္ဓာကိုယ်အရွယ်အစားအတိုင်းသာရှိသည်မို့ ငယ်ရွယ်သူ သူ့အတွက် တော်သည့်အဝတ်မရှိပေ။

ဗီဒိုထဲမှအဝတ်များမှာလည်း အသက်၂နှစ်အရွယ်ကလေးငယ်ဝတ်များသာရှိ၏။

ယနေ့တွင် အဝတ်များကပါ သူနှင့်အတူအရွယ်လိုက်ကြီးလာ၏။ ရုပ်သေးအစီအရင်က သူအဝတ်အစားမပါဘဲနေလို့မဖြစ်တာမို့ သူ့ခန္ဓာကိုယ်ပြောင်းလဲမှုအတိုင်း လိုက်ပြောင်းပေးတာဖြစ်လောက်မည်။

ဖန်ချောင်ကျိုးဝေခွဲမရဖြစ်နေရင်း သူ့နဂိုခန္ဓာကိုယ်အရွယ်အဝတ်များကိုဝတ်ဖို့သာ ဆုံးဖြတ်လိုက်သည်။ ထို့နောက်အေးအေးလူလူပြန်ထွက်လာ၏။ ကျောင်းလီဝေက ရွယ်သန်းရုံကိုကူညီပေးပြီးသွားသည့်အခါ ဖန်ချောင်ကျိုးက တောင်အောက်ကိုဆင်းကာ အဝတ်အစားအချို့ဝယ်ရန်ခွင့်တောင်းဦးမည်။

အဝတ်စရွေးရာတွင်လည်း ဖန်ချောင်ကျိုးမှာ ဝေခွဲမရဖြစ်ပြန်သည်။ ခဏအကြာတွင် ပန်းနုရောင်အနားကွပ်နှင့် ထင်းရှူးရောင်ဝတ်စုံကိုရွေးလိုက်၏။ ဒီတစ်လျောက်လုံးတွင် ကျောင်းလီဝေ၏နေရာ၌ အရောင်အဆင်းမရှိသော အဖြူ ရောင်ဝတ်စုံများကိုသာဝတ်ခဲ့ရသည်မို့ အရောင်တအားမတောက်သောဝတ်စုံကို ရွေးခဲ့ခြင်းဖြစ်သည်။

ဝတ်စုံရွေးပြီးနောက် ဖန်ချောင်ကျိုးသည် ရေချိုးရန်ဘေးနားရှိ သန့်ရှင်းရေးအဆောင်ထဲသို့ဝင်သွားရင်း လမ်းတလျှောက် ရေစက်အမှတ်အသားများချန်ခဲ့လေ၏။ ချားပိုင်က ဖန်ချောင်ကျိုးရေချိုးသွားသည်ကိုမြင်ရာ သူလည်းလိုက်ချင်သော်လည်း အကန်ခံလိုက်ရ၏။ ထို့ကြောင့်ကျားဖြူမှာ ခေါင်းလေးပုရင်း နေပူဆာလှုံရန် ခြံဝင်းထဲပြေးထွက်လာလိုက်ပြီး သူ့အမွှေးများကိုလျှာဖြင့်လျက်ကာသန့်စင်နေတော့၏။

ဖန်ချောင်ကျိုးက သန့်ရှင်းရေးဆောင်ထဲမှ နံရံအကာအပေါ်အဝတ်များတင်လိုက်ကာ ရေစိုနေသည့်အဝတ်များကို ချွတ်လိုက်တော့သည်။ ထို့နောက်အဆင်သင့်ပြင်ထားသော ရေချိုးကန်ထဲဝင်စိမ်နေလိုက်၏။ ထိုနေရာတွင်ကျောင်းလီဝေတစ်ယောက်တည်း နှစ်ပေါင်းများစွာနေလာခဲ့သော်လည်း လူနေမှုဘဝလိုအပ်ချက်အတွက် အဆင့်အတန်းမနိမ့်ကျသည်မှာ အသိအသာပင်။ ဥပမာ အခုရေချိုးကန်ထဲမှရေကပင် ရေပူစမ်းမှကျလာသည့်ရေလိုမျိုး အစဥ်ပူနွေးနေဆဲပင်။
ပိုထူးခြားသည်က ရေချိုးကန်များအပေါ်တွင် ရေကတုံများတပ်ထားပြီး ရေများကိုအပေါ်မှကျဆင်းစေသည်။ ရေပိုက်ခေါင်းကိုဖိလိုက်လျင်တော့ ရေများကအနီရောင်ပြောင်းသွားမည်သာ။

ဖန် ချောင်ကျိုးသည်အရင်က ဟွားလီတောင်၏တစ်ဖက်ခြမ်းတွင်နေခဲ့ချိန်က သူ့အဆောင်မှရေချိုးဆောင်ဟာလည်း ထိုကဲ့သို့ပင်ဖြစ်၍ ရေကတုံကိုဖိမိလျှင် အနီရောင်ရေများကျလာခဲ့၏
ထိုအချိန်မျိုးတွင်သူသည်ထိတ်လန့်သွားတတ်သဖြင့် ချားပိုင်ကသူ၏အမြင်မကျယ်မှုကိုအမြဲလှောင် ပြောင်တတ်သည်။

ချားပိုင်ကတော့အနီရောင်ရေတွေက ကျန်းမာရေးကောင်းစေတာမို့ ကျောင်းလီဝေဆိုအမြဲရေစိမ်နေကျဟုပြောသည်ပင်။

ဖန်ချောင်ကျိုးအရင်ကတစ်ခါမှမစမ်းကြည့်ပေ။ ဘာလို့ဆို အနီရောင်ရေထဲမှာရေစိမ်ခြင်းက သွေးကန်ထဲထိုင်နေရသလိုခံစားရ၍ပင်။ ကြက်သီးထစရာကောင်း၏။ ယနေ့တော့ သူအရမ်းစူးစမ်းလိုနေသဖြင့် သွေးကန်ထဲမှနဂါးသူရဲကောင်းလုပ်ချင်နေသည်။

ပင်မအဆောင်ထဲတွင်.........

ကျောင်းလီဝေမျက်လုံးများ ရုတ်တရက်ပွင့်လာခဲ့သည်။ အပြင်ဘက်မှ အသံကူပြောင်းအင်းရောက်လာသည့်အသံကိုကြားလိုက်ရ၍ ခေါင်းလှည့်ကြည့်မိသည်။ ထိုအင်းစာရွက်၏ အလင်းရောင်များမှာတောက်ပလွန်းနေသည်။ သူ့ကိုအသံပို့အင်းနှင့်ဆက်သွယ်သူများမှာ ရွယ်သန်းရုံကလွဲလျှင် အလုပ်သင်တပည့်များသာရှိသည်။

ထိုအချိန်တွင်သူ့ဘေး၌ ရွယ်သန်းရုံရှိနေသည့်အပြင် သူ့အလုပ်သင်တပည့်များကလည်း ဂိုဏ်းတွင်အရေးကြီးတစ်စုံတစ်ရာဖြစ်မှသာဆက်သွယ်ကြသည်သာ။

ကျောင်းလီဝေကခဏမှစဥ်းစားလိုက်ပြီးနောက် ထရပ်ကာ အသံကူးပြောင်းအင်းစက္ကူကိုယူလိုက်သည်။ ရွယ်သန်းရုံကိုရှောင်မနေတော့ပဲ အသံအင်းကိုဖွင့်ဖတ်လိုက်သည်။

ထိုအင်းစာရွက်မှာ လေးယောက်မြောက်တပည့်ကြီးဆီမှဖြစ်သည်။

"ဆရာ.... လင်းဟန်က စိတ်အာရုံထွေပြားခြင်းအဆင့်ကိုချိုးဖျက်နိုင်တော့မယ်၊ ဒါပေမယ့် ကျွန်တော့်အထင် သူ့ပုံစံကမူမမှန်တာမို့ ဆရာ့ကိုဖိတ်ခေါ်ရခြင်းပါ"

လင်းဟန်က အကြီးဆုံးတပည့်များထဲမှငါးယောက်မြောက်တပည့်ဖြစ်သည်။

ရွယ်သန်းရုန်က အသံကူးပြောင်းအင်းပါအကြောင်းအရာကို ကြားပြီးသည့်အခါ မျက်လုံးများပွင့်လာပြီး ကျောင်းလီဝေကိုပြောလိုက်သည်။
"ဆရာတူအကို ကြီးလင်းဟန်ရဲ့ ကျင့်ကြံခြင်းအဆင့်တက်မယ့်ကိစ္စက ပေါ့ပေါ့တွေးလို့မဖြစ်ပါဘူး။ ဆရာသွားကြည့်ပေးဖို့တပည့်တောင်းဆိုပါတယ်"

ကျောင်းလီဝေက ခဏတိတ်ဆိတ်နေပြီးမှ

"ဒါဆိုလည်းငါခနသွားကြည့်လိုက်ဦးမယ်၊ မင်းတစ်နာရီလောက်စောင့်နေ တကယ်လို့ငါပြန်မလာသေးရင် မင်းအကိုကြီးဆီမှာပဲလာရှာလိုက်"

ပြောပြီးသည်နှင့်ကျောင်းလီဝေမှာ ပင်မဆောင်ထဲမှပျောက်ကွယ်သွား၏။

ရွှယ်သမ်းရုံလည်း ထိုနေရာတွင် ခဏသာထိုင်နေပြီးမှ လမ်းလျှောက်ထွက်လာလိုက်သည်။ သူအပြင်ထွက်လိုက်သည်နှင့် အဆောင်စင်္ကြန်လမ်းတစ်လျောက်မှ ရေစီးကြောင်းကိုတွေ့လိုက်ရ၏။

ဆက်ရန်.............


နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now