chapter 82

1K 121 2
                                    

Heartthrob - 82

ယောင်ယွိချန်မှာ သည်လောက်လူအများကြီးနှင့်အတူ တစ်ခါမှမအိပ်ဖူးပေ။ သူ အလွန်ပင်ပန်းနေသော်လည်း အိပ်မပျော်နိုင်။ အထူးသဖြင့် သူ့ဘယ်ဖက်ရှိလူမှာ အနံ့ပြင်းလွန်းပြီး လပေါင်းများစွာ အချဉ်ဖောက်ထားခံရသော ဟင်းသီးဟင်းရွက်နှင့်တူ၏။ ထိုအနံ့က သူ့နှာခေါင်းထဲ အတန်ကြာ ဝေ့ဝဲနေသဖြင့် သူ မူးဝေလာသည်။

အဆုံးတွင်တော့ သူ ရွေးခြယ်စရာမရှိဘဲထထိုင်ကာ ဘယ်ဖက်မှအနံ့အသက်များကို ကာဖို့ရန် အတားအဆီးချလိုက်ရသည်။ ဘယ်ဖက်ရှိအနံ့များကို ကာလိုက်ပြီးနောက် သူ ညာဖက်သို့ ကြည့်လိုက်သည်။

ညာဖက်က ဖန်းချောင်ကျိုးဖြစ်၏။

ဖန်းချောင်ကျိုးက အကာအကွယ်ချထားသဖြင့် ယောင်ယွိချန် ဘာမှ မမြင်ရချေ။ သူသည်းခံနေပါသေးသည်၊ သို့သော် သူ တောင့်မခံနိုင်တော့ဘဲ သူ့ဘက်ရွှေ့သွားကာ တိုးတိုးလေး ပြောလိုက်သည်။

"အစ်ကိုဖန်း အိပ်နေပြီလား"

ထိုစကားများဆုံးသော် ဖန်းချောင်ကျိုး၏အကာအကွယ် ပျက်ပြယ်သွားသည်။

"ကိစ္စရှိလို့လား"

ဖန်းချောင်ကျိုးသည် အကယ်လို့ ရွှယ်သန်းရုံငိုယိုလာပါလျှင် သူ ဆက်လုပ်ရမည်လော၊ မလုပ်ရမည်လော စဉ်းစားနေဆဲဖြစ်သည်။ သူ ယောင်ယွိချန်အသံကို ကြားသောအခါ ကြက်မြင်းအား သူ့အပေါ် ထားထားသည့် ခန္ဓာကိုယ်မလှုပ်ရှားနိုင်စေသည့် အစီအရင်ကို ဖြေပေးခိုင်းလိုက်သည်။

ယောင်ယွိချန်သည် ဖန်းချောင်ကျိုး အကာအကွယ်အား ဖယ်လိုက်သည်ကိုမြင်သောအခါ ဝမ်းသာသွားပြီးနောက် နစ်နာသူကဲ့သို့ ပြောလေ၏။

"အစ်ကိုဖန်း ကျွန်တော် အိပ်မပျော်လို့၊ ကျွန်တော် တစ်ခါမှ ဒီလိုလူနဲ့ မအိပ်ဖူးဘူးဗျ၊ ဘယ်လိုလုပ်ရမလဲ"
ဖန်းချောင်ကျိုး ယောင်ယွိချန်ကို ကြည့်လိုက်ပြီးနောက် တစ်ခဏမျှတိတ်ဆိတ်သွားပြီး ပြောလိုက်သည်။
"မင်းကို ကူညီစေချင်တာလား"
ယောင်ယွိချန် မျက်လုံးများ လင်းလက်သွားသည်။

ဖန်းချောင်ကျိုးက ထိုသို့ပြောပြီးနောက် လက်မြှောက်ကာ ယောင်ယွိချန်အား အိပ်ပျော်စေသည့်အစီအရင် ချပေးလိုက်သည်။
ထိုအစီအရင်သည် ယောင်ယွိချန်အား အရုဏ်တက်ချိန်ထိ အိပ်ပျော်နိုင်စေဖို့ အာမခံနိုင်၏။
ယောင်ယွိချန်ပြဿနာကို ဖြေရှင်းပြီးနောက် ဖန်းချောင်ကျိုး အကာအကွယ်အသစ် ထပ်ချလိုက်ပြီး ကြက်မြင်းအား သူ့အား ခန္ဓာကိုယ်မလှုပ်နိုင်စေသည့် အစီအရင် ချခိုင်းလိုက်သည်။ သူ ရွှယ်သန်းရုံကိစ္စ စဉ်းစားချင်စိတ် မရှိတော့ဘဲ အလျင်အမြန် အိပ်ရာဝင်လိုက်၏။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now