Chapter 79

67 14 0
                                    

Heartthrob - 79

ကြက်မြင်း၏ ထင်းလင်းကြွရွသော ပုံဖော်ရှင်းပြမှုများမှတစ်ဆင့် ဖန်းချောင်ကျိုးမှာ မိမိတွင်အချစ်ရေးကိစ္စလေးများရှိခဲ့သေးကြောင်း သိလိုက်ရသည်။

လွန်ခဲ့သည့် ငါးနှစ်က သူသည် ဤတစ်မိုး‌အောက်နံပါတ်တစ်အလှလေး ရွှယ်သန်းရုံနှင့်အတူ မြေအောက်မိစ္ဆာလောကတွင် ရှိနေခဲ့ပြီး နေ့ခင်းကြောင်တောင်ကြီးအောက် ကိုယ်ကျင့်တရားတို့ ဗလာကျင်းလျက် တောင်ပေါ်ဂူထဲတွင် လူးလှိမ့်ခဲ့ဖူးလေသည်။
"အဲဒီတုန်းက ငါ တွေ့လိုက်ရတော့ လန့်သွားသေးတာ၊ ဒါပေမယ့် နောက်တစ်နေ့မှာပဲ မင်းက သူ့ကိုကယ်ရင်း ဒုက္ခရောက်သွားခဲ့တာပဲ"

ကြက်မြင်းက ပြောလိုက်ပြီးနောက် ခေါင်းယမ်းသည်။

"မင်းတို့ဂိုဏ်းသားတွေက သူ့ကိုတော့ တင်းတင်းကြပ်ကြပ် ကွယ်ထားကြတာ၊ မင်း ပြုတ်ကျသွားတာကျ ဘယ်သူမှ အရေးမစိုက်ကြဘူးလေ"

ပြောပြီးနောက် သူက ဖန်းချောင်ကျိုးအား စိုက်ကြည့်နေကာ တစ်ဖက်လူက အံ့ဩသွားမည်လော၊ စိတ်ပျက်သွားမည်လော သိချင်နေ၏။ သို့သော် သူက ဖန်းချောင်ကျိုး၏ 'ဪ'ဟုပြောသံကိုသာ ကြားလိုက်ရသည်။ ထို့ကြောင့် သူ ဝယ်လာသော စားပွဲပေါ်ရှိ ရေဓာတ်မှော်လက်နက်ကို ပုံစံပျက်အောင် ဖျစ်ညစ်လိုက်မိလုနီးပါး ဖြစ်သွားရသည်။

ဤပြောင်မြောက်လှသော တုံ့ပြန်ချက်မှာ ကြက်မြင်းကို အင်မတန်မှ မျှော်လင့်ချက်ပျက်သုဉ်းသွားစေလေသည်။ သူ လက်သည်းများထုတ်၍ မှော်လက်နက်ကို တင်းတင်းဆုပ်ကိုင်လိုက်ကာ စားပွဲအလယ်၌ တင်လိုက်သည်။ ထို့နောက် ဖန်းချောင်ကျိုး မှော်လက်နက်အား ဝှေ့ယမ်းနေသည်ကို မျက်လုံးများမှေးကျဉ်း၍ ကြည့်နေ၏။
မည်သို့ဆိုစေ ဤနေရာက မြို့ငယ်လေးသာဖြစ်သည်။ ထိုရေဓာတ်မှော်လက်နက်များအနက်တွင် သုံးခုကသာ ထိပ်တန်းအဆင့်ဖြစ်သည်။ ကျန်ပစ္စည်းများက အလတ်တန်းအဆင့်နှင့် အဆင့်နိမ့်ထဲက ဖြစ်ကြ၏။ ဖန်းချောင်ကျိုးက ၎င်းတို့ထဲရှိ ရေဓာတ်ဝိဉာဉ်စွမ်းအင်ကို စုပ်ယူရန် ထိုမျှရေဓာတ်မှော်လက်နက်အများအပြား ဝယ်ယူခဲ့ခြင်းဖြစ်သည်။ စုပ်ယူပြီးနောက်တွင် သူ့ခန္ဓာကိုယ်ထဲရှိ စပျစ်နွယ်ပြဿနာကို ဖြေရှင်းလို့ရနိုင်ကောင်း၏။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now