Chapter-59
အဲ့လိုပြောပြီးနောက်မှာ ဖန်းချောင်ကျိုးက ကျုံးလီယွဲ့ရွှေ၏ လက်ကောက်ဝတ်မှ ပုတီးလက်ကောက်လေးအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဟမ်....တကယ်တမ်း ဖန်းချောင်ကျိုးကစိတ်ကျေနပ်မှုမရှိပေမယ့် ယခင်ပတ္တမြားဆွဲသီးနေရာထက် ပိုကောင်းတဲ့အတွက် ဘာမှမပြောတော့ပဲ ကျုံးလီယွဲ့ရွှေနောက်ကနေ ဝူကျီတောင်ထိပ်ကိုလိုက်လာခဲ့သည်။
ဝူကျီတောင်ထိပ်ဆီမှ မိုးကြိုးသွားနှင့်နီးလာသည်နှင့်အမျှ မိုးကြိုးသံများသည် သူတို့တိမ်လွှာငါးထပ်ကိုရောက်လာသည့်အလား ပိုမိုကျယ်လောင်လာသည်။ အဲ့ဒါက နားအူစေတာမို့ စွမ်းအားတွေမရှိတဲ့ ဖန်းချောင်ကျိုးအတွက် ပိုပြီး အဆင်မပြေမှုတွေကိုခံစားလာရသည်။
ပုတီးလက်ကောက်အဖြစ်ပြောင်းလဲလာခဲ့တဲ့အတွက် ငြင်သာစွာထိတွေ့မှုကြောင့် မိုးကြိုးသံများ ပိုတိုးစွာကြားလာရသည်။
ဖန်းချောင်ကျိုးသည် အကျီလက်၏အောက်တွင်ရောက်နေသောကြောင့် ဘာမှမမြင်ရပဲ ကျုံးလီယွဲ့ရွှေက တခြားတစ်ယောက်ကိုစကားပြောနေသော အသံများကိုသာကြားရသည်။
"ဆရာ ပြန်ရောက်လာပြီပဲ။ လင်းဟန်က မိုးကြိုးသွားတစ်ဝက်ကိုတောင် မတောင့်ခံရသေးပါဘူး"
"အရင် မိုးကြိုးသွားတွေကအရေးမကြီးဘူး... ဒီဟာကတော့ နောက်ဆုံးကိုးခုထဲမှာ အရေးအကြီးဆုံးပဲ"
ကျုံးလီယွဲ့ရွှေကပြောလိုက်သည်။ဖန်းချောင်ကျိုးက စကားသံတွေကြားပြီးတဲ့နောက်မှာ ပျင်းရိကာအိပ်ချင်လာသည်။ သူပြန်နိုးလာတဲ့အခါမှာတော့ မိုးကြိုးသံတွေဆက်ကြားနေရပေမယ့် စကားပြောလို့တော့မရသေးပေ။
"ဆရာ"
ကျုံးလီယွဲ့ရွှေကစကားပြန်ပြောဖို့ အချိန်အတော်ယူခဲ့သည်။
"ဟမ်?"
"ဆရာ ကျွန်တော်ဗိုက်ဆာတယ်"
သူ့စကားဆုံးတဲ့နောက်မှာတော့ ဖန်းချောင်ကျိုးသည် ကျုံးလီယွဲ့ရွှေ၏အကျီလက်အတွင်းသို့ ကျရောက်ခဲ့ရပြန်သည်။ သူဟာခေတ္တရပ်တန့်သွားပေမယ့် လှုပ်နိုင်နေကြောင်းကိုသိရှိလိုက်ရသည်။ သို့သော်လည်း သူလှုပ်လိုက်သည်နှင့် ပြန်ဆွဲယူခံရသည်။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy