Chapter 52

135 23 0
                                    

Ep52

တုပိုင်သည် ကျုံးလင်ယွဲ့ချွေကိုလှမ်းအော်ပြီးနောက် အနောက်ဘက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ သို့သော် သူ့မျက်လုံးများက ရွှယ်သန်းရုံထံတွင် ကျောက်ချကာကြည့်နေဆဲဖြစ်သည်။ ရွှယ်သန်းရုံသည် တုပိုင်၏အော်သံကြောင့် ထိတ်လန့်သွားခဲ့ပြီး သူ့မျက်လုံးများကိုဖြေးညှင်းစွာဖွင့်ကာ တုပိုင်ကိုကြည့်လိုက်သည်။ ထို့နောက် သူ့နောက်နားတွင်အိပ်နေသော ဖန်းချောင်ကျိုးကိုကြည့်လိုက်သည်။

သူ့လက်ကိုမြှောက်လိုက်သည့်အခါ ဖန်းချောင်ကျိုးမျက်နှာပေါ်လာသည်။ ဖျားနေခြင်းကြောင့် ဖန်းချောင်ကျိုး၏ပါးပြင်နှစ်ဖက်တွင် ပန်းပွင့်များကြဲချထားသကဲ့သလို့ အနီရဲလို့နေသည်။ ရွှယ်သန်းရုံအကြည့်များက ဖန်းချောင်ကျိုးမျက်နှာမှ သူ့အင်္ကျီထောင့်စွန်းကိုဆုပ်ကိုင်ထားသောလက်ဆီသို့ ရွှေ့ပြောင်းသွားခဲ့သည်။ သူ‌ခေတ္တမျှတုံဆိုင်းသွားပြီးနောက် သူ့အင်္ကျီထောင့်စွန်းကိုဆွဲထုတ်လိုက်သည်။ သို့သော်လည်း လက်ထဲတွင်ဘာမှကျန်ရှိမနေသော ဖန်းချောင်ကျိုးသည် ရွှယ်သန်းရုံ အင်္ကျီထောင့်စွန်းကိုပြန်ဆွဲယူသောအခါရုတ်တရက်ကြီး သူ့လက်သန်းနှင့်လက်သူကြွယ်ကို ဖမ်းဆုပ်လိုက်မည်ကို သူမထင်ထားခဲ့ပါ။

"ကောင်းပြီ သန်းရုံ မင်းဒီနေ့အတွက်ပြန်လို့ရပြီ"

ကျုံးလီယွဲ့ချွေ၏အသံက တိတ်ဆိတ်နေသောအခန်းထဲတွင် ပဲ့တင်လာခဲ့သည်။
ရွှယ်သန်းရုံသည် သူ့လက်ကိုဖြေးညှင်းစွာဆွဲထုတ်လိုက်ပြီး ကျုံးလီယွဲ့ချွေကိုမော့ကြည့်လိုက်သည်။

"ဟုတ်ကဲ့ မနက်ဖြန်ကျရင် တပည့်ပြန်လာခဲ့ပါ့မယ်"

သူထိုင်ရာမှထကာ လမ်းလျှောက်ထွက်သွားခဲ့သည်။ တုပိုင်နားကို သူဖြတ်သွားသောအခါ တုပိုင့်အမွှေးများထောင်နေပြီး လည်ချောင်းသံတိုးတိုးပင်ထွက်နေခဲ့သည်။ သို့သော်လည်း ရွှယ်သန်းရုံသည် တုပိုင်ရှိမနေသကဲ့သို့ လှည့်ပင်မကြည့်ခဲ့ဘဲ တန်းထွက်သွားခဲ့သည်။ ရွှယ်သန်းရုံထွက်သွားပြီးနောက် ကျုံးလီယွဲ့ချွေသည် မလှုပ်မယှက်အိပ်ပျော်နေဆဲဖြစ်သော ဖန်းချောင်ကျိူးကိုကြည့်လိုက်သည်။ တုပိုင်သည်စိုးရိမ်စွာလှည့်ပတ်နေပြီးနောက် သူ၏ဦးခေါင်းကိုလက်ဖြင့်ပွတ်လိုက်ပြီး သူလှုပ်သည်အထိ တအီအီအော်နေခဲ့သည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now