Chapter 29

1.4K 147 1
                                    

အခန်း -၂၉

တစ်ဖက်သူ၏ အမေးကို ဖန်းချောင်ကျိုး
သတိထားမိပြီး မျက်လုံးချင်းဆုံကြည့်မိသည့်အခါတွင် ဆောင့်ကြောင့်ထိုင်ချလိုက်မိသည် ထို့နောက် ရွှယ်သန်းရုံ၏ လက်မောင်းကို ပြန်ချိတ်လိုက်ကာ စကားလမ်းကြောင်း လွှဲဖို့ကြိုးစားလိုက်သည်။

"ညီလေး ဒီကနေ အရင်ထွက်သွားကြစို့"

ဆရာတူ ညီမှာ အခုထိ ထင်ယောင်ထင်မှား ဖြစ်နေတုန်းပင်

ရွှယ်သန်းရုံ မျက်မှောင်ကြုတ်လိုက်ကာ စကားတစ်လုံးမှ မပြော သို့ရာတွင် ဖန်းချောင်ကျိုးပြောစကားကို သဘောတူလိုက်သည်။

ပထမဦးစွာ ဖန်းချောင်ကျိုးကို ခေါ်ပြီး ဝိဉာဥ်နက်တံခါးပေါက်ကိုဖြတ်သည် အရာအားလုံး ချောချောမွေ့မွေ့ပင် အလွန်တရာကို အဆင်ပြေချောမွေ့နေသဖြင့် ဖန်းချောင်ကျိုး၏ ရင်ထဲ အမှန်တကယ်မှပင် ဟုတ်ရဲ့လားဟု ခံစားမိသည်။ သူတို့ကိုတားဖို့ မိစ္ဆာအနည်းငယ်မှတစ်ပါး ထပ်၍မပေါ်လာ

မိစ္ဆာကျင့်ကြံသူအဆင့်တွေက အဆင့်နိမ့်သဖြင့် ရွှယ်သန်ရုံ ဓားတစ်ချက်လေး ဝှေ့လိုက်ရုံဖြင့် မြေကြီးပေါ်သို့ လဲသွားပြီး ပြန်မထနိုင်တော့

"လူတွေ ဘာလို့မရှိကြတာလဲ?"

ဖန်းချောင်ကျိုး မနေနိုင်သဖြင့် မေးလိုက်သည်။

ဖန်းချောင်ကျိုး အမေးကို ရွှယ်သန်းရုံ ပြန်မဖြေဘဲ ဘေးဘီကိုကြည့်ကာ လက်တစ်ဖက်ဖြင့် ဖန်းချောင်ကျိုး၏ ခါးကို သိုင်းဖက်လိုက်ပြီး အခြားသူများနဲ့အတူ လေထဲကို ပျံတက်သွားလိုက်တယ် မနီးမဝေးတွင် ဘေးချင်းယှဥ်မောင်းလာသည့် မြင်းဖြူတပ်ဝေါယာဥ်နှစ်စီးကို ဖန်းချောင်ကျိုး မြင်နေရသည်။

ဖန်းချောင်ကျိုးအား ဝေါယာဥ်တစ်စီးထဲသို့ ခေါ်ဆောင်သွားပြီး ဝေါယာဥ်ထဲ ရောက်သည်နှင့် တစ်ပြိုင်နက် ရွှယ်သန်းရုံက သူ့အားပစ်ချလိုက်ကာ နားကိုတည့်တည့်ကြည့်ရင်း

"အစ်ကို ဘယ်သူကိုက်တာလဲလို့ ကျွန်တော့်ကိုပြော"

ဖန်းချောင်ကျိုး သူ့ ဆရာတူညီဖြစ်သူထံမှ တစ်ဖန် လှဲချခံလိုက်ရပြီး တစ်ခုခုပြောမည်အလုပ် အပြင်ဘက်မှ အသံတစ်သံထွက်လာသည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now