Chapter 8

235 29 1
                                    



ဖန်ချောင်ကျိုးသည် ရွယ်သန်းရုံထက် ရွှေပိုးခြုံဝတ်ရုံနှင့် သင့်တော်သူကိုရှာမတွေ့ပေ။ အဆုံးမှာတော့ စာအုပ်ထဲတွင် သူ့ရဲ့အဝတ်အစားတွေကို ချွတ်ချင်နေသည့် အမျိုးသားမြောက်များစွာရှိသည်။

"ဆရာတူညီလေး ဒီရွှေပိုးခြုံဝတ်ရုံက အင်းဆက်ဒဏ်ခံနိုင်တာအပြင် တခြားအကျိုးသက်ရောက်မှုရှိသေးတယ်..."

ဖန်ချောင်ကျိုးသည် ရွယ်သန်းရုံအားစိုက်ကြည့်မိသည်။ သူ့လိုငါးဆားနူတစ်ယောက်ကတောင် ရွယ်သန်းရုံ၏ အလှကို သဘောကျမိကြောင်းဝန်ခံရမည်။ အထူးသဖြင့်ယခုကဲ့သို့အနီးကပ်မြင်ရလျှင်ပေါ့။

"ဆရာတူညီလေးဒီဝတ်စုံကိုဝတ်ပြီးသွားရင် ညီလေးကိုယ်တိုင်ပဲပြန်ချွတ်နိုင်မှာ။ တခြားသူတွေ ဘယ်လိုမှ ချွတ်လို့ရမှာမဟုတ်ဘူး။ ဒီကမ္ဘာကမှော်လက်နက် အများစုကလုယူလို့ရတယ်၊ ဒီဝတ်စုံတစ်ခုတည်းပဲ လုယူလို့မရနိုင်ဘူး။ ဆရာတူညီလေးသာပေးချင်စိတ်မရှိရင် ဘယ်သူမှယူလို့ရမှာမဟုတ်ဘူး။"

ဖန်ချောင်ကျိုးသည် ရွှေပိုးခြုံဝတ်ရုံ၏အဓိကစွမ်းဆောင်ရည်ကိုပြောပြလိုက်သည်။ ထိုအကြောင်းကို ရွယ်သန်းရောင်ကြားပြီးနောက် သူ၏လက်ကိုဆန့်ထုတ်ကာ ဝတ်ရုံအားထိကြည့်သည်။ သူ့လက်ချောင်းများသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်ဖြူဝင်းနေ၏။ ရွှေပိုးခြုံဝတ်ရုံထက်ပင် ဖြူဖွေးတောက်ပနေသည်။

ရွယ်သန်းရုံသည်ထိရုံသာထိကြည့်ပြီးနောက် လက်ပြန်ရုတ်လိုက်ကာ အသာအယာမေးသည်။

"ဒီလိုအဖိုးတန်ပစ္စည်းကို ဒုတိယအစ်ကိုကဘာဖြစ်လို့ ကျွန်တော့်ကိုပေးတာလဲ?"

ဖန်​ချောင်ကျိုးကပြုံးလိုက်သည်။

"အဲ့တာကအရမ်း စျေးမကြီးပါဘူး၊ တခြားသူတွေကိုလည်းပေးပြီးပြီ။"

သူ့စကားများကိုကြားသည့်အခါ ရွယ်သန်းရုံမှာ အဘယ်ကြောင့်စိတ်ပျက်သည့် အမူအရာဖြစ်သွားသည်ကို ဖန်ချောင်ကျိုးနားမလည်ပေ။ ရွယ်သန်းရုံ၏မျက်နှာမှာသိသိသာသာပင် ပိုမိုအေးစက်သွားပြီး ကျင်းချန်ရီကိုဆွဲယူကာ တံခါးပိတ်သွားသည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now