Chapter-114
ရွှေရောင်ငှက်က လျင်မြန်စွာအရှိန်ဖြင့်ပျံသန်းနေပြီး မကြာခင်မှာပင် ထျန်းချွေဂိုဏ်းပြင်ပသို့ ရောက်သွားသည်။ ရွှေရောင်ငှက်နဲ့ ပူးပေါင်းမိပုံကို ပြောရရင် ဖန်ချောင်ကျိုး ကျားအဖြစ်ပြောင်းသွားခြင်းက စရလေမည်။
အချိန်ကြာလာသည်နှင့်အမျှ တုပိုင် အနည်းငယ်စိုးရိမ်လာပုံပေါ်သည်။ အမြီးထိပ်ဖျားသည် ဆိုဖာပေါ်တွင် တဝဲလည်လည်ဖြစ်နေသည်။ ထိုအချိန် မြေပြင်ကြီး တစ်ဖန် တုန်ခါလာသည်။ ဒီတစ်ခေါက်တုန်ခါမှုက အလွန်ပြင်းထန်လေသည်။ မတ်တပ်ရပ်ဖို့လုပ်လိုက်ရုံရှိသေး လဲကျလေသည်။
ဖန်ချောင်ကျိုး နောက်ဆုံးတော့ သူ့ခန္ဓာကိုယ်ပေါ်ရှိ ချိတ်ပိတ်ခံထားရမှုမှ လွတ်မြောက်လာသည်။
"တုပိုင်၊ ငါ သူတို့ကို တားရမယ်လေ၊ စိတ်မဆိုးပါနဲ့၊ ငါကိုစောင့်နေနော် ငါပြန်လာရင် မင်းအတွက် ငါးယူလာခဲ့မယ်"
သူ မြန်မြန်ထ၍ တုပိုင်ရဲ့ခေါင်းကို ပွတ်လိုက်ကာပြောလိုက်သည်။
ပြီးနောက် သူ အမြန်ထွက်သွားသော်လည်း မထင်မှတ်ဘဲ လမ်းတစ်ဝက်တွင် အံ့အားသင့်စရာကြီးတစ်ခုကို သူကြုံတွေ့ခဲ့ရသည်။"ဖန်ချောင်ကျိုး!!!!"
လူတစ်ယောက်နှင့် ကြက်တစ်ကောင် ငိုလုမတတ်အော်လိုက်သည်နှင့် သူတို့ဘေးနားရှိ ရွှေရောင်ငှက်သည် သူ့ခေါင်းကို ငုံ့ထားလိုက်သည်။ ဖန်ချောင်ကျိုး သူ့ရင်ခွင်ထဲသို့ ပျံသန်းလာသော ကြက်မြင်းကို ဖမ်းလိုက်ပြီး ၎င်း၏ အတောင်များနှင့် အမွှေးကိုလှမ်းပွတ်ကိုင်ရင်း မလှမ်းမကမ်းမှ ရွှေတောင်ပံငှက်ကို လှမ်းကြည့်လိုက်သည်။
ရွှေတောင်ပံငှက်သည် အလွန်ကြီးမားပြီး လူနှစ်ယောက်စာလောက် အရပ်ရှည်သည်။ အမွှေး သည် ရွှေကဲ့သို့အရောင်ရှိပြီး နေရောင်ကြောင့်ပို၍တောက်ပနေသည်။
"မင်း ဘယ်လို ရောက်လာတာလဲ"
ဖန်ချောင်ကျိုးက ကြက်မြင်းကို မေးလိုက်သည်။
"ငါ အဲ့ဒီမကောင်းတဲ့လူကြီးနားကလွတ်လာပြီး ဒီအသုံးမကျတဲ့ငှက်ကိုတွေ့တာ ကံကောင်းချင်တော့ ငါတတ်တဲ့မန္တာန်နဲ့ အဲ့ကောင်ကို ငါနဲ့ ညီကိုတွေ ဖြစ်ချင်လာအောင် လုပ်နိုင်ခဲ့တယ်လေ ပြီးတော့ မင်းကိုတွေ့မိသေးလားလို့ မေးလိုက်တော့ သူက ဒီကိုခေါ်လာတာပဲ"
ESTÁS LEYENDO
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasíaဘာသာပြန် by Legacy