Chapter 123

36 4 0
                                    

Heartthrob - 123

ဖန်းချောင်ကျိုးနှင့် ရွှယ်သန်းရုံတို့နှစ်ယောက် တောင်အပြင်တွင် ဒူးထောက်နေသည့်သတင်းမှာ တောမီးလို ပျံ့နှံ့သွားသည်။ သိပ်မကြာခင်မှာပဲ လက်တစ်ချောင်းတောင်ထိပ်သခင် ချန်ဟုန်ရိက တောင်မုခ်ဝအပြင်၌ ပေါ်ထွက်လာသည်။ အပြင်ဘက်ရှိ ဒူးထောက်နေသော တပည့်နှစ်ယောက်၊ အထူးသဖြင့် ဖန်းချောင်ကျိုးကို သူ မြင်သောအခါ သူ့မျက်လုံးများထဲ ဖုံးကွယ်လို့မရသည့် အံ့ဩဝမ်းသာမှုများ ပေါ်ထွက်လာ၏။

"ချောင်ကျိုး၊ မင်းပြန်လာပြီပဲ"

ချန်ဟုန်ရိ လက်လှမ်းလိုက်ကာ ဖန်းချောင်ကျိုးကို ထူပေးရန်ပြင်သည်။သို့သော် ဖန်းချောင်ကျိုးက တစ်ဖက်လူ၏လက်အလိုက် လိုက်မထပေ။ သူ ခေါင်းကိုမော့ကာသာ ပြုံးပြလာ၏။

"ဆရာ၊ ရှောင်ရှစ်တိထမှ ကျွန်တော်ထပါမယ်ဗျ"
ရွှယ်သန်းရုံအကြောင်း‌ ပြောလာသည့်အခါ ချန်ဟုန်ရိမျက်နှာကြီး မည်းပုပ်သွားသည်။ သူ ဖန်းချောင်ကျိုးဘေးရှိ ရွှယ်သန်းရုံကို တစ်ချက်ကြည့်လိုက်၏။

"သူက ဘာကိစ္စထရမှာလဲ၊ ကောင်းကောင်းဒူးထောက်နေစမ်း"

ထိုစကားများကြောင့် ဖန်းချောင်ကျိုးမှာ တစ်မုဟုတ်ချင်း စိတ်အေးသွားရသည်။ ချန်ဟုန်ရိက အပြင်ပန်းတွင်သာ ဆူပူနေသော်လည်း ရွှယ်သန်းရုံကို တပည့်အဖြစ် သတ်မှတ်သေးသည်ပင်။

"အစ်ကို ကျွန်တော့်ကို အဖော်ပြုပေးဖို့မလိုပါဘူး"

ရွှယ်သန်းရုံက ရုတ်တရက် ပြောလာသည်။ဖန်းချောင်ကျိုး သူ့ကိုကြည့်လိုက်သည်။

"ငါတို့အရင်ကပြောထားဖူးတာ မင်းမေ့သွားပြီလား"
တစ်ချိန်တည်းမှာပဲ သူ တိတ်တိတ်လေး ရွှယ်သန်းရုံ၏စိတ်ထဲ အသံပို့လွှတ်လိုက်သည်။

"မင်း ငါ့ကို အဖော်မပြုခိုင်းရင် ငါ နောက်ဆို ဘယ်တော့မှ မင်းကို အဖော်ပြုမပေးတော့ဘူး"

ရွှယ်သန်းရုံ အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်ကာ မသိမသာ မျက်လွှာချလိုက်ပြီး မျက်လုံးထဲရှိ ရှုပ်ထွေးနေသောခံစားချက်များကို ဖုံးကွယ်ထားလိုက်၏။ချန်ဟုန်ရိမှာ ဖန်းချောင်ကျိုးက ထချင်စိတ်မရှိသည်ကိုမြင်သော် သက်ပြင်းချမိသည်။ သူ ခေါင်းမော့ကာ ထျန်းရွှေဂိုဏ်းကို မော့ကြည့်လိုက်၏။ ခဏအကြာတွင် ခေါင်းငုံ့လာပြန်ကာ ဒူးထောက်နေသော တပည့်နှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now