Chapter 33
စွမ်းအားတစ်ခုက ထိုလက်ချောင်းများမှစီးဆင်းလာပြီး သူ(ဖန်ချောင်ကျိုး)၏ကိုယ်ထဲသို့စီးဝင်လာသည်။ထိုသို့ရုတ်တရက်ဝင်ရောက်လာသောစွမ်းအားများကြောင့် သူက မျက်ခုံးများတွန့်လိုက်သော်လည်း ဘာမှမတက်နိုင်ပေ။ထိုစွမ်းအားများက သန်းရုံ ၏ စိတ်စွမ်းအားနှင့်မတူပေ။ထိုသူ (ကျောင်းလီ)၏စွမ်းအားများက ပိုမိုအားပြင်းသည်။သို့သော်အချိန်ခဏကြာသောအခါ သူ့၏ နှဖူး၌ချွေးစေးများထွက်လာလေသည်။
သူ(ချောင်ကျိုး)နှင့်မသက်ဆိုင်သော ထိုစွမ်းအားများက သူ့၏ခန္တာကိုယ်ထဲကျူးကျော် ဝင်ရောက်လာသောအခါ သူ၏နဂိုရှိသောစွမ်းအားများကတိုက်စားခံရပြီး ချောင်ကျိုး၏ခန္တာကိုယ်က ထိုစွမ်းအားများ၏လွှမ်းမိုးခြင်းခံရသည်။
ချောင်ကျိုးက သူ့လက်ကောက်ဝတ် မီးလောင်သွားသလိုမျိုးနာကျင်မှုကိုခံစားခဲ့ရသည်။ထိုသို့သောခံစားမှုမျိုးကို မကြိုက်သော ချောင်ကျိုးက တခြားသူက သူ၏ဆရာသခင်ဖြစ်နေသည်ကိုဂရုမပြုမိဘဲ ရုန်းကန်၍ရွေ့သွားသည်။
"ဖန်ချောင်ကျိုး!"
ကျောင်းလီကခေါ်လိုက်သည်။
ချောင်ကျိုးကချွေးများနှင့် တစ်ဘက်လူ၏မျက်နှာကို ကြည့်လိုက်ပြီး နှုတ်ခမ်းများတုန်ရီကာ နာကျင်နေသော်လဲ မရွေ့ရဲတော့ပေ။ထိုသူကဲ့သို့ အကြီးအကဲတစ်ဦး၏ရှေ့တွင် ဖန်ချောင်ကျိုးသည် ပုရွက်ဆိတ်တစ်ကောင်သာသာပေ..။ထိုသူ၏မျက်နှာ၊အသံတို့ကြောင့် သူ(ချောင်ကျိုး)သည်မူးဝေလာပေသည်။
ပိုင်ဟူကလဲ သူ့ခန္တာကိုယ်ပေါ်က လှုပ်ရှားမှုတစ်ခုကြောင့်နိုးလာလေသည်။ခေါင်းထောင်ထောင်ချင်း ကျောင်းလီကို မြင်ရသောကြောင့် "ဆရာ"ဟုတစ်ချက်ခေါ်ပြီးချွေးများနှင့်ပြည့်နှက်နေသော ချောင်ကျိုးအားကြည့်လိုက်သည်။
၎င်း၏နူးညံ့သောအရောင်စုံမျက်လုံးများနှင့် လှည့်ပတ်ကြည့်ကာ ခန္တာကိုယ်နည်းနည်းလောက် ကြွကာ ခေါင်းကိုနိမ့်ပြီး ချွေးများနှင့် ချောင်ကျိုးအားလျက်လိုက်သည်။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy