Chapter 63

1.1K 135 2
                                    

Chapter 63

သူ့အနေနဲ့ အကာအကွယ်လုပ်ထားတာ သေချာပါတယ်။ ဘာဖြစ်လို့ မုန်ညှင်းရွက်နဲ့ ဓာတ်မတည့်ရတာလဲ။ ဖန်းချောင်ကျိုးက မုန်ညှင်းရွက်ကို စားလိုက်လျှင် သူ့မျက်နာနီရဲလာမယ်။ အနီဖုတွေထပြီးတော့ အဖုအပိန့်တွေ ဖြစ်လာလိမ့်မယ်။ အဆိုးဆုံးကတော့ တယောက်ယောက်ကသူ့ကို လည်ပင်းညှစ်ထားသလိုမျိုး အသက်ရှူရကြပ်စေတာပဲ။

အကျီကော်လံအားဖြေလျော့လိုက်ရသည်။ ဒီနေရာက တုယွင်ရှီးနေရာနဲ့ လှမ်းနေ၍ သူမတတ်နိုင်။ ဓားပျံကိုသာအသုံးပြုရတော့မယ်။ နောက်မှ အဆူခံရချင်လဲ ခံရပါစေတော့။

သူဓားပျံကို ထုတ်လိုက်စဉ် " ဆရာတူအစ်ကို" ဟုခေါ်တာကို ကြားလိုက်တယ်။ ရွှယ်သန်းရုံပဲ။ သူက ဓားပျံကိုထိန်းချုပ်ဖို့ တွန့်ဆုတ်စွာ မတ်တပ်ရပ်လိုက်တယ်။ ဓားပျံပေါ်မှာမရပ်နိုင်ခင်မှာဘဲ သူကလဲကျသွားပြီး မျက်နှာတွေနီရဲကာ အသက်ရှူအရမ်းကြပ်နေတယ်။ မောနေတဲ့သူ့အသက်ရှူသံကိုတောင် သူအကျယ်ကြီး ကြားနေရတယ်။

"ဆရာတူအစ်ကို အဆင်ပြေရဲ့လား"
ရွယ်သန်းရုံက သူ့အနားကိုရောက်လာပြီးတော့ မေးလိုက်တယ်။

ဖန်းချောင်ကျိုး သူ့အကျီလက်ကို လှမ်းဆွဲပြီးတော့

"ဆရာတူညီလေး.. ဆရာတူညီလေး၅ဆီ ငါ့ကို ခေါ်သွားပေးနိုင်မလား"

ရွှယ်သန်းရုံက သူ့ကိုငုံ့ကြည့်ပြီး ချက်ချင်းပဲ ပွေ့ထူပေးလိုက်တယ်။ဖန်းချောင်ကျိုးက နီးကပ်တဲ့ပွေ့ဖက်မှုကြောင့် လန့်သွားတယ်။ ဒါပေမယ့်လည်း သူဟာ လမ်းမလျှောက်နိုင်တဲ့အတွက် ရွှယ်သန်းရုံပွေ့ချီတဲ့အတိုင်းပဲ လိုက်သွားလိုက်ရတယ်။

အသက်ရှူရတာအရမ်းကြပ်ပြီး သူ့မျက်လုံးကအမည်းရောင်တွေမြင်နေရတယ်။သူကခေါ်လျှင်တောင် မကြားနိုင်တော့။ တစ်ယောက်ယောက်က သူ့အား ဆေးတိုက်သည်ဟုထင်သည်။ သို့သော် သူ့ပါးစပ်ကဖွင့်၍မရခဲ့ပေ။

"ဒီဆေးက တိုက်လို့လည်းမရဘူး ဘယ်လိုလုပ်ရမလဲ"

"ငါ လုပ်လိုက်မယ်"

ဖန်းချောင်ကျိုး မေ့မြောရာမှသတိပြန်ရလာတဲ့အခါ တုယွင်ရှီးရဲ့ ‌ဂူထဲသို့ ရောက်နေတာဖြစ်တယ်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now