Chapter 15 (pt 2)

184 31 3
                                    

နောက်ထပ်နာရီဝက်မျှကြိုးစားဖြည်ပြီးသောအခါ သူ့လက်ကောက်ဝတ်မှ ကြိုးသည်ပြေသွားသည်။ ထို့ကြောင့် ရွယ်သန်းရုံ၏ အမတကြိုးကိုဖြည်ဖို့ကြိုးစားလေသည်။ သို့သော် မန္တန်အစီအရင်ကိုဖျက်ဖို့ကြိုးစားလေလေ ကြိုးမှာပိုတင်းလာလေလေဖြစ်နေသည်။ နောက်ဆုံးတွင် ရွယ်သန်းရုံ၏နှုတ်ခမ်းများပင် ဖြူဖျော့လာသည်ကိုမြင်၍ သူရပ်တန့်လိုက်ရသည်။

"ဒါကိုဖြည်လို့ရမယ့်နည်းလမ်းမရှိဘူး၊ အမတကြိုးရဲ့ပိုင်ရှင်ပဲဖြည်နိုင်လိမ့်မယ်"

စကားအဆုံးနားတွင် ဖန်ချောင်ကျိုး၏အသံမှာတိမ်ဝင်သွားသည်။

"ဆရာတူညီလေး ဘယ်သူကငါတို့ကိုချည်ထားတာလဲ"

"လီယီး"

ရွယ်သန်းရုံအဖြေပြန်ပေးချိန်တွင် သူ့အမူအရာက ရုတ်ချည်းအေးစက်သွားသည်။
*တစ်ကယ်ပဲ နတ်ဆိုးအရှင်ပေါ့*

မူလဝတ္ထုစာအုပ်ထဲတွင် နတ်ဆိုးအရှင်က ရွယ်သန်းရုံကို စိတ်စွမ်းအင်ကျင့်ကြံမှု အဆင့်ကျဆင်းစေရန် ချုပ်နှောင်ထားပြီး ရက်အနည်းငယ်လောက် အိမ်ထဲတွင်ပိတ်ထားခဲ့လေသည်။ ရွယ်သန်းရုံအားနည်းသွားသည့်အခါမှ လီယီးကပေါ်လာခဲ့သော်လည်း အဆုံးတွင်မအောင်မြင်ခဲ့ပေ။ ရွယ်သန်းရုံက နတ်ဆိုးအရှင်၏ နှလုံးသားတည့်တည့်ကို ဓါးဖြင့်ထိုးခဲ့သည်။ နတ်ဆိုးအရှင်သည် ရွယ်သန်းရုံအား ဘယ်သောအခါမှမမေ့ပစ်နိုင်တော့ချေ။ ဤသည်မှာ ရိုးရှင်းစွာပင် အချစ်အမုန်းခံစားချက်များပင်ဖြစ်သည်။

"ငါတို့ဘယ်အချိန်မှာ အချည်ခံခဲ့ရတာလဲ"

ဖန်ချောင်ကျိူးကထပ်မေးသဖြင့် ရွယ်သန်းရုံသည် မျက်မှောင်ကြုတ်သွားကာပြန်ဖြေသည်။

"မနေ့ညက"

*ဒီလိုဆို လီယီးကနောက်၂ရက် ၃ရက်လောက်မှလာမှာပဲ*
ထို့ကြောင့် ဖန်ချောင်ကျိုးသည် သူ့ကိုယ်သူသန့်စင်လိုက်ပြီး ရွယ်သန်းရုံ၏ဘေးတွင်ဝင်လှဲလေသည်။

ရွယ်သန်းရုံ : ...........
ဖန်ချောင်ကျိုးသည် ဝင်လှဲပီးနောက် ရွယ်သန်းရုံ၏ထူးဆန်းသည့်အကြည့်နှင့်ဆုံမိရာ အလျင်အမြန် ရှင်းပြလေသည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now