Chapter 141

1.1K 73 0
                                    

Heartthrob - 141

(အတိတ်ဘဝက တစ္ဆေလေးအား မွေးမြူခြင်း နေ့စဉ်ဖြစ်ရပ်များ အချပ်ပို)

ရွှယ်သန်းရုံဝတ္ထုစာအုပ် ဝယ်ပေးလိုက်ပြီးကတည်းက ဖန်းချောင်ကျိုး အတော်လေး ငြိမ်ကျသွားသည်။ တခါတရံ ရွှယ်သန်းရုံကျင့်ကြံလို့ပြီးသောအခါတွင် ရေအေးကန်ဘေးရှိ ကျောက်တုံး၌ ထိုင်နေရင်း သိပ်မလင်းသော လရောင်ကို အားကိုးကာ စာအုပ်ဖတ်နေဆဲဖြစ်သော ဖန်းချောင်ကျိုးကို မြင်ရလေသည်။
သူ လျှောက်သွားသောအခါတွင် ဖန်းချောင်ကျိုးက စာအုပ်ထံမှ မျက်လုံးပင်မခွာချေ။ ရွှယ်သန်းရုံ မနေနိုင်ဘဲ လက်လှမ်း၍ ဖန်းချောင်ကျိုး၏ မျက်လုံးကို အုပ်လိုက်သည်။

"စူးစိုက်ဖတ်နေရင် မျက်လုံးပျက်စီးလိမ့်မယ်"

သူ့ထံမှ မျက်လုံးများအုပ်ခံထားရသော လူငယ်လေးသည် အနည်းငယ် မကျေမနပ်ဖြစ်သွားပုံပေါ်ကာ ခေါင်းခါယမ်းလိုက်၏။ သူ့လက်များကို သူ့မျက်လုံးထံမှ မခွာချနိုင်သည်ကို မြင်သောအခါ သူ နည်းလမ်းပြောင်း၍ သူ့လက်များဖြင့် တစ်ဖက်လူ၏လက်ကို ဆွဲဖယ်သည်။

ရွှယ်သန်းရုံမှာ နဂိုကတော့ ဖန်းချောင်ကျိုး၏မျက်လုံးများအတွက် စိတ်ပူပေးခြင်းဖြစ်၏။ သို့သော် ဘာအကြောင်းကြောင့်မှန်းမသိ၊ တစ်ဖက်လူက သူ့လက်အား လာဆွဲသည်ကို မြင်သောအခါ ရုတ်တရက် လူငယ်စိတ်လေးပေါ်လာပြီး သူ့ကို တမင်စ,နောက်လေသည်။
ဖန်းချောင်ကျိုးသည် လက်တစ်ဖက်တည်းဖြင့် ခွာချ၍မရသဖြင့် လက်နှစ်ဖက်သုံးကာ အတူတူတိုက်ခိုက်သည်။ သို့သော် ခွာချလို့မရသေးချေ။ ရွှယ်သန်းရုံ၏လက်က သူ့မျက်နှာတွင် အခိုင်အမာ ကပ်နေပုံပေါ်သည်။ သူ့ဆီမှ အေးစက်မှုနှင့် ခြားနားစွာ ထိုလက်က နွေးထွေးနေပြီး အေးမြမြရနံ့တစ်မျိုးရှိ၏။

ဖန်းချောင်ကျိုးက မိမိအောက်နှုတ်ခမ်းကိုကိုက်လိုက်သည်၊ စိတ်တိုသွားသည်နှင့်တူ၏။ ထို့ကြောင့် သူ စကားမပြောတော့ဘဲ တိတ်တဆိတ်သာ ထိုင်နေသည်။

ရွှယ်သန်းရုံ နှုတ်ခမ်းများ ကော့တက်သွားရပြီး လက်လွှတ်ပေးလိုက်၏။ သူ တစ်ခုခုပြောရန်ပြင်လိုက်သည့်အချိန်မှာပဲ သူ့လက်သည် တစ်ဖက်လူ၏ လက်လေးနှစ်ဖက်ထံမှ အလျင်အမြန် ဖမ်းဆွဲခံလိုက်ရပြီး အကိုက်ခံလိုက်ရလေသည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီDonde viven las historias. Descúbrelo ahora