chapter 91

1K 111 0
                                    

ဖန်ချောင်ကျိုးရဲ့ စာမူကနောက်ဆုံးတော့ ပြီးဆုံးသွားလေသည်။ ရှန်ယွမ်နဲ့ နေ့တစ်ဝက်လောက်လည်ပြီးမှ တောင်အောက်ရှိ စာအုပ်ဆိုင်သို့သူသွားလိုက်လေသည်။

စာအုပ်ဆိုင်ပိုင်ရှင်က ဖန်ချောင်ကျိုး ရေးထားတဲ့စာမူကို အစကစိတ်မဝင်စားပဲ သာမန်ကာလျံကာကြည့်လိုက်ပြီး စာမူအကုန်လုံးဖတ်ပြီးသွားတဲ့အခါမှာတော့ သူဖန်ချောင်ကျိုး၏ ပုခုံးအား စိတ်လှုပ်ရှားစွာ ပုတ်လိုက်ပြီး စကားပြောလာသည်။

"မင်းရေးတဲ့ပုံစံက အရမ်းကြီးတော့ မသေသပ်ပေမယ့်လည့် ဇာတ်လမ်းက မိုက်တယ် ဇာတ်လမ်းလှည့်ကွက်တွေ အပြောင်းအလဲတွေကအစ၊ အမှန်ပြောရရင် ငါရခဲ့ဖူးတဲ့ fan fic တွေထဲမှာ ဒါက အကောင်းဆုံးပဲ"

"ဒါဆို ကျွန်တော့်စာမူ အဆင်ပြေတယ်ပေါ့"

ဖန်ချောင်ကျိုး ထိုသူအားကြည့်လိုက်ပြီးပြောလိုက်သည်။

"အခုက မင်းစာမူကို အဲ့ဒီလူနားပို့ပြီးမှ အဲ့ကိစ္စကသေချာမှာ အဲ့ဒီလူကြိုက်,မကြိုက်ပေါ် မူတည်တယ်လေ ဒါပေမယ့် အရမ်းကြီး စိတ်မပူပါနဲ့၊ အဆင်မပြေစရာအကြောင်းမရှိဘူးလို့ ငါတော့ထင်တာပဲ၊ ဇာတ်လမ်း‌ကကောင်းနေတာပဲလေ"

"အခုတော့ ငါမင်းကို စရံငွေ အရင်ပေးထားမယ်နော် ဒါပဲ အရင်သုံးပါဦး စာအုပ်ထုတ်ပြီးသွားရင် ငွေအပြည့်ပေးမယ် နောက်လဝက်လောက်ဆို ‌အဖြေကသိလောက်ပြီမို့ အဲ့ဒီအချိန်ကျလာလိုက်ပါ"
ပိုက်ဆံရလာတဲ့ ဖန်ချောင်ကျိုးကတော့ ရေဓာတ်အခြေပြု မှော်လက်နက်ကိုဝယ်ရန်ပြင်ခဲ့သည်။ သူဆိုင်အတွင်းသို့မဝင်ခင်မှာဘဲ အညိုရောင်ကြက်က အော်ပြောလာခဲ့သည်။

"မင်းမှော်လက်နက်ကို ဝယ်ဖို့မ‌လိုသေးဘူးလေ မင်းပဲ အရင်က ငါ့ကို လတ်ဆက်တဲ့သစ်‌သီးဝယ်ကျွေးမယ်ဆို!!"

သူနိုးထလာကတည်းက ကြက်က သူ့အားအမြင်မကြည်ခဲ့ပုံမို့ အခုတော့ သစ်သီးခြောက်တွေသာ ဝယ်မယ်လို့ သူဆုံးဖြတ်လိုက်သည်။

ဖန်ချောင်ကျိုး ပိုက်ဆံတွေအကုန်လုံးကို သစ်သီးတွေနဲ့ မုန့်တွေအတွက်သာသုံးခဲ့သောကြောင့် ညဘက်ရောက်တဲ့အခါ ထိုကြက်ကောင်က ဗိုက်ကိုသာပွတ်နေပြီး ထတောင်မထနိုင်ပေ။ ကြက်ကလေးတစ်ကောင်ရဲ့ ခြေထောက်သေးသေးလေးတွေက ၎င်းရဲ့ဆူဖြိုးနေတဲ့ ဗိုက်ကို မသယ်နိုင်ပေ။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now