Chapter 67
အလံနီအတွင်းဘက်၌။
စုန့်လျန့်ရီက အပြင်မှာရှိနေတဲ့အရူးကောင်လေးကို မြင်နိုင်ကြားနိုင်စေရန် တမင်အတားအဆီးတို့ကိုမချပဲ အသံတို့ကိုလည်းပိတ်မချထားပေ။
သူမအခုအချိန်ထိခေါင်းကိုငုံ့ထားဆဲဖြစ်သည့် လူငယ်လေးကိုကြည့်လိုက်ပြီး ဒီတိုင်းမြေပြင်ပေါ်ကိုတွန်းချလိုက်သည်။ ဒီတွန်းအားက တခြားသူအပေါ်တုန့်ပြန်ချက်များ အမှန်တကယ်ဖြစ်ပေါ်စေသည်။
ဖန်းချောင်ကျိုး၏မျက်မှောင်တို့မှာစုကြုံ့သွားပြီး သူ၏နှလုံးကပင်ခုန်နေသည်။ စုန့်လျန့်ရီက သူ့ရဲ့မျက်နှာကိုကြည့်ပြီး ဖြည်းညင်းစွာပြောသည်။
"ကြောက်နေတာလား"
ဖန်းချောင်ကျိုးဒါကိုသည်းခံနေရသော်လည်း မတားဆီးနိုင်ချေ။ သူ့ခေါင်းကိုသာမော့လိုက်ပြီး"ဒီနေရာကညစ်ပတ်နေတာပဲ မှီစရာခေါင်းအုံးလေးဘာလေးမရှိဘူးလား"
သူခေါင်းကိုမော့လိုက်တာနှင့်တစ်ပြိုင်နက် ပိုပြီးမူးဝေသွားသော်လည်း ထိုသို့မူးဝေနေတာတောင် သူ့လည်ပင်းကိုဖြောင့်ဖြောင့်ထားနိုင်တုန်းပင်ဖြစ်သည်။
စုန့်လျန်ရီကခဏတာဆွံ့အသွားပြီး သူ့ခါးပတ်ကိုဖြေလျှော့၊ "ပန်းရောင်"အပေါ်ဝတ်ကိုချွတ်ပြီးနောက် ဖန်းချောင်ကျိုး၏ခေါင်းအနောက်တွင်ထားပေးလိုက်သည်။
ဖန်းချောင်ကျိုးက တစ်ခုခုခံပေးလိုက်တာကိုမြင်လိုက်တော့ သူ့ခေါင်းတွေကိုမှီချလိုက်ပြီး "ကျေးဇူးတင်ပါတယ်" ပြောဖို့ကိုတော့မမေ့လိုက်ချေ။စုန့်လျန့်ရီကပြောလိုက်သည်။
"ရပါတယ်"
ဖန်းချောင်ကျိုးလှဲချပြီးနောက် သူ့ရဲ့ဝိညာဥ်စွမ်းအားကိုတိတ်တခိုးအသုံးပြု၍ သူ့ခန္ဓာကိုယ်ထဲရှိအဆိပ်တို့ကို ဆက်ပြီးဖိနှိပ်နေလိုက်သည်။ သူဆေးကိုအသုံးပြုလိုက်ပြီးဖြစ်ပေမယ့် ကြည့်ရတာအဆိပ်ဖြေဆေးက ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိပုံရသည်။
သူကဒီမှာအဆိပ်ဖြေနေသော်လည်း လီကျူးမှာတော့သူ့ကိုအော်နေဆဲသာဖြစ်သည်။ စုန့်လျန့်ရီကနားရွက်တွေကိုအုပ်လိုက်ပြီး စိတ်မရှည်စွာဖြင့်ပြောလိုက်သည်။
VOCÊ ESTÁ LENDO
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasiaဘာသာပြန် by Legacy