Chapter 111
ရွှေရောင်ကျီးကန်းက မနက်အစောပိုင်းနှင့် ဆောင်းအကုန်အအေးဒဏ်ကို အံတုရန် ခေါင်းကို လုံးဝမြှောက်ထားသည်။ ဖန်ချောင်ကျိုး တုပိုင် ထွက်သွားသောလမ်းကို ကြည့်လိုက်သည်။ ခဏကြာသောအခါ သူက ဟိုးအဝေးက တောင်တန်းတွေနဲ့ မြူခိုးတွေဖက်ကို ပြန်ပြီး မျက်နှာမူလိုက်သည်။
တောင်ထိပ်စွန်းမှာထိုင်နေတာကြောင့် လေ၏ရိုက်ခတ်မှုဖြင့် သူ့အဝတ်အစားမှာလည်း လွှင့်ဝဲနေသည်။ အဝတ်အစားကိုပြန်ပြင်လိုက်ပြီး သူ့ရဲ့ပါးနားမှာကပ်နေသော ဆံနွယ်များကို ပြန်သိမ်းလိုက်သည်။ သူ့ရဲ့လက်ကိုမြောက်လိုက်သောအခါ အနီရောင်ကြိုးစတစ်ခုက သူ့ရဲ့ လက်မောင်းမှာ ပတ်နေသည်ကိုတွေ့ရသည်။
ဒါက မနေ့ညက ကျုံးလီယွဲ့ရွှေချည်ပေးလိုက်တဲ့ဟာပင်။
ဖန်းချောင်ကျိုး ထိုကြိုးစကိုကြည့်ပြီးခဏ ပြန်ဖြုတ်လိုက်ကာ အင်္ကျီထဲသို့ထည့်လိုက်သည်။
မွန်းတည့်ချိန်တောင်မရောက်သေးသော်လည်း ဖန်ချောင်ကျိုး တောင်ထိပ်မှထပြန်လာသည်။သ ခြံဝန်းထဲ ပြန်လာသော်လည်း တုပိုင်ကို မတွေ့ပေ။ ပုံမှန်ဆို ထူပိုင်က သူ့နောက်လိုက်နေကျပင်။ တုပိုင်ကိုရှာရတာ အခုက ပထမဆုံးဖြစ်ပြီး သူရှာလို့လဲမတွေ့ပေ။
ဖန်ချောင်ကျိုး အင်္ကျီထဲထည့်ထားသော ကြိုးစကို အဝတ်ပုံးထဲသို့ ပြန်ထည့်လိုက်ပြီး လှည့်ကြည့်လိုက်တော့ စားပွဲပေါ်တွင် ကုန်စင်နေသောဆေးပန်းကန်လုံးနှင့် ဆီစက္ကူအိတ်တစ်လုံးကို တွေ့လိုက်ရသည်။
ဒီဆေးက ငါအရင်ကသောက်တဲ့ဆေးနဲ့မတူဘဲ အနံ့ကလည်း မပြင်းနေဘူး။ကျုံးလီယွဲ့ရွှေလည်း တုပိုင်လိုဘဲ တစ်နေ့လုံး မပေါ်လာပေ။ ညဘက် ဖန်ချောင်ကျိုး ရေချိုးပြီးနောက် ကုတင်ပေါ်တွင် အိပ်နေလေသည်။ အရင်ဒီအချိန်ဆို သူသည် ထူပိုင်ရဲ့အမြီးနဲ့ ကစားတာ ဒါမှမဟုတ် သူ့ရဲ့ ပျော့ပျောင်းတဲ့ဝမ်းဗိုက်ကို ထိပြီး ကစားတာမျိုး လုပ်လေ့ရှိသည်။
မထိပဲနေနေတဲ့အချိန်ဆို တုပိုင် ပျင်းရိနေပြီး သူစပြီးထိလိုက်ရင်တော့ တုပိုင်ကဖန်ချောင်ကျိုးရဲ့ လက်ချောင်းတွေကို လျက်လာသည်။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy