Chapter 28

146 26 0
                                    

အခန်း-၂၈

ထိုစကားသံများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဖခင်နဲ့ သားရဲ့ မျက်လုံးဟာ ဖန်းချောင်ကျိုးရဲ့ ဝမ်းဗိုက်ကို အထူးတဆန်းနဲ့ တစ်ပြိုင်တည်း ကြည့်လိုက်ကြတယ် ဖန်းချောင်ကျိုးတစ်ယောက် ပိုပြီး စိတ်ဆိုးမာန်ဆိုးဖြစ်ကာ

"ဘာကြည့်နေတာလဲ?
အခုထိ ဗိုက်မကြီးသေးဘူးလို့"

အဲ့ဒါကိုကြားလိုက်ရတဲ့ လိကျူးဟာ မိုးကြိုးပစ်ချခံလိုက်ရသလိုပါပဲ

"ခင်ဗျား တကယ်ပဲ ကိုယ်ဝန်ဆောင်နိုင်တာလား?လိမ်ပြောနေတယ်လို့တော့ မထင်ရဘူး"

သူ့အမေးကို ဖန်းချောင်ကျိုး လျစ်လျူရှုထားသည့်အခါ ဖခင်ဖြစ်သူအား မယုံနိုင်ဖွယ် မျက်လုံးများဖြင့် ငေးကြည့်ပြီး

"အဖေ သူတကယ် ကိုယ်ဝန်ဆောင်နိုင်တာလား?"

သူ့သား ဒီလောက်တုံးလိမ့်မယ်ဟု လီယီး ထင်မထား နှုတ်ခမ်းထောင့်မှ အပြုံးတစ်စုံကို ဖိနှိပ်လိုက်ကာ

"မင်း အဲ့ဒီ စိတ်ပျက်စရာ ဖတ်စာအုပ်တွေကို ဒီထက် ပိုဖတ်သင့်တယ် အဲ့ဒီအချိန်ကျရင်တော့ ဂိုဏ်းခေါင်းဆောင်နေရာ လွှဲပေးမှာပါ မင်းညီလေးကိုပေါ့"

လိကျူး "!!!"

လိကျူး တစ်ခုခု ဆက်ပြောချင်ပေမယ့် သူ့အဖေဖြစ်သူက သူ့စကားထပ်နားထောင်မယ့်ပုံမပေါ် လက်မောင်းတွေထဲ သူ့အမေလေးကို ပွေ့ဖက်ထားရင်း ထွက်သွားခဲ့လေပြီ

လိကျူးဆီက လွတ်မြောက်ဖို့
ဖန်းချောင်ကျိုးအတွက် နာရီဝက်လောက် ကြာသွားခဲ့တယ် လက်ဖက်ရည်တောင် မသောက်ဖြစ် အခန်းထဲ ပြန်ရောက်လာခဲ့လေပြီ။
လီယီးမှ သူ့အား ခုံပေါ်ထိုင်ခိုင်းစေသည် ရေခပ်ကာ အဝတ်ရေညှစ်လိုက်ပြီး အကိုက်ခံထားရသော ဖန်းချောင်ကျိုး၏ နားရွက်အား
အကြိမ်ကြိမ် သန့်စင်ပေးရင်း မေးလိုက်၏။

"သူ ဘယ်နေရာ ကိုက်သွားသေးလဲ"

လီယီး၏ ဂရုတစိုက်ရှိခြင်းကို ဖန်းချောင်ကျိုး အံ့အားမသင့်ဘဲ မနေနိုင် သူ့လက်မောင်းအား ကြည့်လိုက်သည်။

ထိုအပြုအမူကို လီယီးမြင်လျှင် ဖန်းချောင်ကျိုးရဲ့ အင်္ကျီလက်ကို လိပ်တင်လိုက်သည် သွားရာ ၃ ခုကို တွေ့လိုက်ရသည့်အခါတွင်တော့ စိတ်ရှုပ်ထွေးသည့်အမူအရာဖြင့်ကြည့်ရင်း

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီOpowieści tętniące życiem. Odkryj je teraz