Heartthrob - 136
ထျန်းရွှေဂိုဏ်း၌။
နောက်ရက်အနည်းငယ်နေလျှင် ဖန်းချောင်ကျိုးနှင့် ရွှယ်သန်းရုံတို့ ကျင့်ကြံဖော်ဖွဲ့နှောင်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ ထိုသတင်း ထွက်လာကာစက တစ်ဂိုဏ်းလုံး အပေါ်ရောအောက်ပါ ထိတ်လန့်သွားကြလေသည်။ သူတို့အနက်မှ အနည်းငယ်သာ တည်ငြိမ်နေကြလေသည်။
ပထမဆုံးက ဖန်းချောင်ကျိုးနှင့် ရွှယ်သန်းရုံတို့၏ ဆရာ ရှစ်ဖူချန်ဟုန်ရိ၊ ဒုတိယတစ်ယောက်မှာ တာ့ရှစ်ရှုန်းနှင့် နောက်ဆုံးတစ်ယောက်မှာ ဝူရှစ်တိတုယွင်ရှီးတို့ ဖြစ်ကြသည်။ တုယွင်ရှီးသည် လွန်ခဲ့သော ၆နှစ် မြေအောက်မိစ္ဆာနယ်မြေမှာကတည်းက ရွှယ်သန်းရုံက ဖန်းချောင်ကျိုးအပေါ်ထားသော ခံစားချက်များက ရိုးရိုးမဟုတ်မှန်း မြင်ခဲ့ခြင်းဖြစ်သည်။ ဖန်းချောင်ကျိုးက သေရေးရှင်ရေးအချိန်တွင် ရွှယ်သန်းရုံအား ဘေးသို့တွန်းဖယ်လိုက်သည်ကိုလည်း သူသိထား၏။
နဂိုကတော့ သူ အမှန်တကယ်ပင် ရှောင်ရှစ်တိ ရွှယ်သန်းရုံကို သဘောကျခဲ့ပါသည်။ သို့သော် ဤအဖြစ်အပျက်အပြီးနောက်တွင် သူ အမြင်ပွင့်သွားရသည်။ ထိုနှစ်ယောက်မှာ သေခြင်းရှင်ခြင်းကို အတူကြုံတွေ့ခဲ့ပြီးသူများ ဖြစ်သောကြောင့် သူဝင်မရှုပ်တာပဲကောင်းပါလိမ့်မည်။
ပြောရလျှင် ယခုတလော အာ့ရှစ်ရှုန်းက ပို၍ပို၍စိတ်ဆတ်လာသည်။ ဥပမာအားဖြင့် ယခုအချိန် သူ့လည်ပင်းပေါ်ရှိ လက်မှာ ဖန်းချောင်ကျိုး၏ လက်ပင် ဖြစ်၏။
တုယွင်ရှီးက ချောင်းနှစ်ချက်ဆိုးလိုက်ပြီးနောက် အသည်းအသန် ရုန်းကန်နေရ၏။
"အာ့ရှစ်ရှုန်း လည်ပင်းထပ်ညှစ်နေရင် ကျွန်တော် သေတော့မယ်ဗျ၊ အဲဒီဆေးကို သန့်စင်ပြီးပေးလိုက်ပြီမဟုတ်ဘူးလား၊ ဘာလို့ကျွန်တော့်ကို လည်ပင်းလာညှစ်ပြန်တာတုန်း"
သူ ထိုစကားကို မပြောခင်က အကောင်း၊ ပြောလိုက်တော့မှသာ ဖန်းချောင်ကျိုး၏ မျက်နှာအမူအရာက ပို၍ခက်ထန်လာသည်။
"မင်းက ငါ့ကို ဘာလို့လည်ပင်းလာညှစ်လဲ မေးသေးတယ်၊ အဲဒီဆေးက အနံ့တော့ ပျောက်ပါရဲ့၊ တခြားဟာတွေပါ ပျောက်သွားတယ်ကွ!"
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy