Chapter 118

52 6 0
                                    

Heartthrob - 118

ထိုလူသုံးယောက်မှာ ပိတ်ထားခံရသည်မှာ အတော်ကြာပြီဖြစ်ပြီး ယခု တစ်ယောက်ယောက် ဝင်လာသည်ကို မြင်သောအခါတွင် အနည်းငယ် စိတ်လှုပ်ရှားနေကြသည်။ ထိုသူတို့အနက်တွင် ရှန့်ယွမ်က အတည်ငြိမ်ဆုံးဖြစ်ပြီး သူတို့သုံးယောက်အနက် ဖန်းချောင်ကျိုးကို ကိုယ်တိုင်မြင်ဖူးခဲ့သည့် တစ်ယောက်တည်းသောသူလည်း ဖြစ်သည်။ ဤနှစ်များအတွင်း သူ အပြင်တပည့်များ၏ ဝေယျာဝစ္စများကို တာဝန်ယူခဲ့ရပြီး ကြီးကြပ်ရေးမှူးလေးတစ်ယောက်သာ လုပ်ခဲ့ရသော်လည်း အတွင်းတပည့်များအနက် နာမည်ကျော်ကြားသူများကိုတော့ သူ အကုန်မှတ်မိပါ၏၊ တစ်ဖက်လူက သူ့ကိုမသိလျှင်တောင်မှပေါ့

သူ သေရာမှပြန်ရှင်လာသည့် ဖန်းချောင်ကျိုးက အမှန်တကယ်ကြီး ရွှယ်သန်းရုံနှင့်အတူ ရှိနေသည်ကို မြင်သောအခါ သူ အံ့ဩသွားသည်မှာ နည်းနည်းလေးသာမဟုတ်ပေ။

ရှန့်ယွမ်မှာ မိမိ ပိတ်ထားခံရခြင်းက အလွန်ထူးဆန်းသည့်ကိစ္စဟု ထင်မြင်သည်။ သူနှင့်ရွှဲယ်သန်းရုံအကြား ဘာပတ်သက်မှုမှမရှိ။ သည်နှစ်တွင်သာ တစ်ဖက်လူက သူ့အား ဆေးလုံးများနှင့် သစ်သီးခြောက်များ ဝေပေးရန် စေခိုင်းခဲ့ခြင်းဖြစ်သည်။

သူ ချည်နှောင်ထားခံနေရစဉ်က ရွှယ်သန်းရုံ၏ အမူအရာအပြုအမူများက အလွန်‌ထူးဆန်းနေသည်ဟု သူမြင်သည်။ သူက မိစ္ဆာစိတ်ဝင်နေသည့်အလားပင်။ တစ်ဖက်လူ၏ မျက်လုံးများထဲ လူသတ်လိုရိပ်များကိုလည်း သူ တွေ့ခဲ့ရ၏။

ရွှယ်သန်းရုံနှင့် ဖန်းချောင်ကျိုးတို့ အတူပေါ်ထွက်လာသည်ကို မြင်သောအခါ တစ်ခုခုကတော့ မူမှန်မနေဟု ရှန့်ယွမ်ခံစားမိသည်။ ထို့ကြောင့် သူ စကားမပြောလာပေ။ သို့နှင့် ပထမဆုံး စပြောသူမှာ ယောင်ယွိချန် ဖြစ်သည်။
ယောင်ယွိချန်သည် အမှန်မှာ ပထမ ချည်တုပ်ခံရတုန်းက အတော်လေးပင် ပျော်နေသေး၏။ အဘယ်ကြောင့်မူ ရွှယ်သန်းရုံက မိမိတုံ့ဆိုင်းနေခြင်းကို သည်းမခံနိုင်တော့၍ ဒေါသထွက်လာပြီး သူ့ကို နေရာကောင်းကောင်း တစ်နေရာ၌ ချုပ်ထားကာ အပြင်လူများနှင့် မဆက်ဆံခိုင်းဟု ထင်ခဲ့သောကြောင့်ဖြစ်သည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now