Chapter 19

171 27 0
                                    

Chapter 19

ဖန်ချောင်ကျိုးသည် ဘယ်အချိန်ရှိလောက်ပြီလဲခန့်မှန်းလိုက်ရာ တည်းခိုဆောင်သို့ပြန်သင့်နေပြီဖြစ်၍ စကားပြောကောင်းနေသည့်လီကျူးအား ခန္ဓာကိုယ်ထိန်းချုပ်ခြင်းမန္တန်သုံးလိုက်သည်။ ထို့နောက် သူ့လက်တွင်ပတ်နေသည့် အနက်ရောင်ရွှေကြာပွတ်ကိုယူကာ လီကျူး၏ကိုယ်ပေါ်ပြန်တင်ပေးလိုက်၏။

"ကဲ ငါသွားသင့်ပြီ"

လီကျူးကမျက်လုံးပြူးသွားကာ

"မင်းဘယ်သွားမလို့လဲ"

"စိတ်မပူပါနဲ့ မင်းမေမေလေးလုပ်ဖို့သွားမှာမဟုတ်ပါဘူး"

ဖန်ချောင်ကျိုးသည် သူရောက်နေသည့်အကာအကွယ်စက်ဝန်းကိုကြည့်လိုက်ကာ အသာအယာပယ်ဖျက်လိုက်၏။

သူသည်လီယီးကိုမနိုင်သော််လည်း လီကျူးလောက်ကိုတော့အလွယ်လေးအနိုင်ယူနိုင်ပေသည်။

"မင်းကိုသွားခွင့်မပေးထားဘူး၊ ငါပြောလို့မပြီးသေးဘူးလေ...."

လီကျူးစကားမဆုံးခင်မှာပဲ သူ့ရှေ့မှလူဟာပျောက်ကွယ်သွားချေပြီ။ လီကျူးသည်အလွန်ဒေါသထွက်ကာ သွားကြိတ်ရင်း ဖန်ချောင်ကျိုးကိုကိုက်ချင်လာသည်။

လီကျူးသည်အတော်ကိုဒေါသထွက်နေခဲ့ပေသည်။

ဖန်ချောင်ကျိုးသည် အေးအေးဆေးဆေးဖြက့် တည်းခိုဆောင်သို့ပြန်သွားသေည်လည်း သူမဝင်ရသေးခင်မှာပဲအဖမ်းခံလိုက်ရ၏။

"ဆရာတူဒုတိယညီလေး....နောက်ဆုံးတော့ပြန်လာပြီပဲ"

သူ၏ဆရာတူအကိုကြီးပင်ဖြစ်သည်။

ဆရာတူအကိုကြီးက ဖန်ချောင်ကျိုး၏ပုခုံးကိုကိုင်ကာ ခန္ဓာကိုယ်အနှံ့အပေါ်အောက်သေချာစစ်ဆေးနေပြီး ဒဏ်ရာအနာတရမတွေ့တော့မှ မေး၏။

"ဒီရက်ပိုင်း ဘယ်တွေလျှောက်သွားနေတာလဲ"

ဖန်ချောင်ကျိုးက အသံအကျယ်ကြီးဖြင့်လွန်လွန်ကျူးကျူးပြောပြီးမှ တိုးတိုးသာသာပြန်ပြောသည်။

"ပြောရရင်တော့....အရှည်ကြီးပဲ၊ ဒါနဲ့အကိုကြီး ကျွန်တော်တို့ဘယ်တော့ပြန်ကြမလဲ"

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now