Chapter 32
သူဘာမှမတုံ့ပြန်လိုက်နိုင်ခင်ပင် တစ်ဖက်လူ၏မျက်နှာကိုတွေ့သည်နှင့် သူ(ဖန်ချောင်ကျိုး) မူးဝေနေတော့သည်။ ဒီအချိန်မှာတော့ တစ်ဖက်လူ၏မျက်နှာကို သူ၏စိတ်ထဲထိမြင်ယောင်လာလေသည်။
"ထို ကျောင်းလီယွဲ့၏မျက်နှာက ဟိုကဗျာထဲကလိုပဲ"
"ဒီကမ္ဘာမှာ လန်ယန်ကတော့ ထူးခြားပြီးရင်း ထူးခြားနေတော့တာပဲ"
ကျောင်းလီက ဖြူဖွေးသောဝတ်ရုံကိုဝတ်ဆင်ထားပြီး ထိုမြေပြင်ပေါ်၌ လှဲလျောင်းနေသော လူငယ်လေးနားသို့ တဖြေးဖြေးလျှောက်လာလေသည်။ ဒီအချိန်မှာတော့ ထိုလှဲနေသောလူငယ်လေး(ချောင်ကျိုး)၏ ခါးပတ်ကျိုးက ပြုတ်လုနီးပါးဖြစ်နေပြီး အဝတ်တွေကတော့ ကျားကုတ်ရာတွေနဲ့ စုတ်ပြတ်နေကာ သူ၏အတွင်းဝတ်ကိုပင် လှစ်ဟပ်ပြထားသကဲ့သို့ဖြစ်နေသည်။ သူသည် ထိုသို့ အတိုက်ခိုက်ခံနေရစဉ်ဖြစ်နေသောရှက်စရာပုံစံနှင့် ကျောင်းလီကိုတွေ့လိုက်သောအခါ တုန်လှုပ်သွားခဲ့သည်။ ငယ်ရွယ်နုပျိုသောအဖြူရောင်မျက်နှာလေးသည် အခုတော့နီရဲနေလေသည်။
ဖန်းချောင်ကျိုးက ခက်ခက်ခဲခဲ အားတင်းကာ ထနိုင်အောင်ကြိုးစားခဲ့သော်လည်း သူ ကျောင်းလီယွဲ့နှင့် နီးလာလေလေ ပိုမို၍မူးလာလေလေဖြစ်သည်။ သို့သော်လည်း သူဘာမှမတက်နိုင်ပေ။ အထူးသဖြင့် သူကျောင်းလီကို ကြည့်လိုက်သည်နှင့် သူကတော့ ထိုသူ၏ ပုံရိပ်ကို သူ၏စိတ်ထဲထင်ဟပ်နေတုန်းပင်ဖြစ်သည်။
"ဖန်ချောင်ကျိုး"
ကျောင်းလီ၏အေးစက်စက် အသံထွက်ပေါ်လာသည်။
အစကတည်းက ကျောင်းလီမျက်နှာမြင်ရုံနဲ့ တင် ချာချာလည်နေသော ဖန်းချောင်ကျိုးက ယခုထိုသူ၏ အေးစက်စက်အသံကို ကြားပြီးနောက် နှစ်ဆလောက်တိုက်ခိုက်ခံရသကဲ့သို့ဖြစ်သွားသည်။ ချိနဲ့နေသော ဖန်ချောင်ကျိုးကတော့ အားအင်ကုန်ဆုံးသကဲ့သို့ မျက်လုံးကို ပိတ်ရုံပိတ်ထားပြီး ကျောင်းလီ၏ မေးခွန်းကိုတော့မဖြေနိုင်တော့ပေ။
"ဖန်ချောင်ကျိုး..."
ကျောင်းလီ၏ လေသံထဲတွင် ထိုသူ သတိပေးလိုသည်မှန်း ခံစားခဲ့ရသည်။
"ဆ..ရာ..။ကျွန်တော်....ကျွန်တော်တို့ ဘာမှမဖြစ်ခဲ့ပါဘူး။"
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy