chapter 81 (part-1)

70 15 0
                                    

ကိုးရက်အကြာ၊ ထျန်းရွှေဂိုဏ်းတောင်အောက်ရှိ မြို့ငယ်လေး၌။

ထျန်းရွှေဂိုဏ်းက အပြင်တပည့် ရွေးခြယ်မှုကြောင့် မြို့လေးများ လူများစည်ကားလျက်ရှိသည်။ အပြင်တပည့်အဖြစ် အရွေးခံရန် စာရင်းပေးသွင်းကြသူများမှာ တောင်ထိပ်မုခ်ဝမှနေ တောင်ခြေထိ တန်းစီနေကြ၏။

ဖန်းချောင်ကျိုး စုံစမ်းမေးမြန်းခဲ့ပြီးပြီဖြစ်သည်။ ဤတစ်ကြိမ် အပြင်တပည့်ရွေးခြယ်သည့် အချိန်အကန့်အသတ်က သုံးလဖြစ်သည်။ အခု အဆုံးသတ်ခါနီး ရောက်နေပြီဖြစ်ကာ နောက်ခုနစ်ရက်နေလျှင် စာရင်းပေးသွင်းခြင်း ပိတ်တော့မည်ဖြစ်သည်။

"ဒါဆို ငါတို့လာတာ တော်တော်တိုက်ဆိုင်သွားတာပဲ။"

ကြက်မြင်းက စကားဆုံးသော် ဖန်းချောင်ကျိုးကို တစ်ချက်လှည့်ကြည့်လိုက်သည်။ သူ့ရှေ့ရှိ သာမန်ဆန်လွန်းနေပါသဖြင့် ရုပ်ဆိုးသည်ဟုပင် သုံးနှုန်း၍ရနိုင်လောက်သော ထိုမျက်နှာကို ကြည့်လိုက်ပြီး သူ နင်သွားရ၏။

ရက်အနည်းငယ်ကြာခဲ့ပြီဖြစ်သော်လည်း သူ ထိုမျက်နှာကို ကျင့်သားမရနိုင်သေးပေ။

နဂိုမူလ သနားကမားမျက်နှာလေးကမှ ပိုကြည့်ကောင်းသေး၏။ မိမိနာမည်ကို မြေမြှုပ်ဖုံးကွယ်ကာ အပြင်တပည့် သွားလုပ်ချင်သဖြင့် ဖန်းချောင်ကျိုးသည် သူ့မျက်နှာသွင်ပြင်ကိုပြောင်း၊ ပုံပန်းသဏ္ဍာန်ကိုပြောင်းကာ အသံကိုလည်း ပြောင်းခဲ့သည်။ ဒါတင်သာမက သူက ကြက်မြင်းကိုလည်း စာကလေးအဖြစ် ပြောင်းခဲ့၏။ မည်သို့ဆိုစေ သူ့ကိုယ်လုပ်တော်က ကြက်မြင်းကို မြင်ဖူးသည်လေ။

ဖန်းချောင်ကျိုးက လူများပြည့်ကြပ်နေသော မြင်ကွင်းကို ကြည့်လိုက်ပြီးနောက် သူ့မေးစေ့သူပွတ်သပ်မိသည်။

ကြက်မြင်းက မျက်လုံးများ တောက်ပလာသည်။

"မင်း ကြားဖြတ်တန်းစီမလို့လား"

"မဟုတ်ဘူး၊ ငါ ပစ္စည်းသွားဝယ်မလို့"

တစ်ခဏကြာ ထျန်းရွှေဂိုဏ်းအပြင်တပည့် အရွေးခံရန် စာရင်းပေးသွင်းနေကြသော လူတန်းကြီး၏ အဆုံးတွင် ဂြိုဟ်သားတစ်ကောင် ပေါ်လာသည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now