Chapter 15 (pt 1)

1.6K 175 9
                                    

chapter-15

ဖန်ချောင်ကျိုးသည် နာကျင်မှုကြောင့်နိုးလာခဲ့ပြီး မျက်လုံးများကို ဝိုးတဝါးဖွင့်ကြည့်မိရာ ဖီးနစ်ကဲ့သို့စူးရှသောမျက်ဝန်းတစ်စုံနှင့်အရင်ဆုံး ဆုံလေသည်။ အဲ့ဒီမျက်ဝန်းတွေကအရမ်းကိုမှ လှပတယ်။ နက်မှောင်နေတဲ့ မျက်တောင်ရှည်တွေက လိပ်ပြာတောင်ပံများလို အဖျားလေးတွေအပေါ်ကို ကော့ညွတ်နေသည်မှာ လက်ရာမြောက်စွာရေးဆွဲထားသည့်အလား။ ထိုမျက်ဝန်းပိုင်ရှင်က ဖန်ချောင်ကျိုးကိုမကြည့်ဘဲ ပွေ့ဖက်ထားခဲ့ပြီး ဘေးသို့အလျှင်အမြန်လှိမ့်လိုက်လေသည်။
သူတို့လှိမ့်ထွက်သွားသည်နှင့် အိပ်ယာမှာပေါက်ကွဲသွားတော့သည်။ သူတိုနှစ်ဦးလုံးဘေးသို့လိမ့်ကျသွားပြီး ဖီးနစ်မျက်ဝန်းပိုင်ရှင်သည် သူ့လက်ထဲမှဖန်ချောင်ကျိုးနိုးနေသည်ကို တွေ့လိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူ၏နှင်းဖြူရောင်မျက်နှာမှာ သိသိသာသာကို ရဲတက်လာပြီး မျက်ဝန်းများထဲတွင် ထိတ်လန့်နေသည့် အမူအရာနှင့်ဖြစ်နေသော်လည်း သိပ်မကြာခင်မှာပင် ပုံမှန်ပြန်ဖြစ်သွားသည်။ သူကလက်တစ်ဖက်တည်းဖြင့် ပြန်လည်တိုက်ခိုက်လိုက်ပြီး ကျန်လက်တစ်ဖက်က ဖန်ချောင်ကျိုးကို ပွေ့ချီထားဆဲဖြစ်သည်။

ထိုအချိန်တွင်ဖန်ချောင်ကျိုးသည် ရှုပ်ထွေးနေဆဲဖြစ်ကာ ဘာတွေဖြစ်သွားမှန်းသူမသိပေ။ သူသည် မှုန်ဝါးဝါးဖြင့်ထထိုင်လိုက်သည်။ မလှမ်းမကမ်းမှ လီယီးကို မြင်လိုက်ရသောအခါ မျက်လုံးများပင်ပြူးကျယ်သွားရပြီး ဘေးတွင် မန္တန်များဖြင့် တိုက်ခိုက်နေသည့် ရွယ်သန်းရုံဘက်ကိုလှည့်ကြည့်မိရာ ကြက်သေသေသွားရသည်။

ဖန်ချောင်ကျိုးသည် နာကျင်မှုကိုခံစားမိသဖြင့် မနိုးချင်ပဲနိုးလာရသော်လည်း ဝိုင်အများကြီး သောက်ခဲ့မိသေးတာကြောင့် သူ့အား မထချင်အောင် ဖြစ်စေသည့်အပြင် ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည့် တိုက်ခိုက်မှုကြောင့် ဆူညံနေ၍သာ မဟုတ်လျှင် သူသည်ထိုင်လျက်ပင် အိပ်ပျော်နိုင်လောက်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ရွယ်သန်းရုံမှာငယ်ရွယ်သေးသည့်အပြင် သူ့ဘေးတွင်ငူငူငိုင်ငိုင်ဖြစ်နေသည့် ဖန်ချောင်ကျိုးကိုလည်း ကာကွယ်နေရသေးသည်။ ထို့ကြောင့် မကြာလိုက်ပါပဲ သူရှုံးနိမ့်လုနီးပါးဖြစ်သွားကာ လီယီး၏ အမတကြိုးဖြင့်ချည်နှောင်ခံလိုက်ရသည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now