Chapter41
ဖန်ချောင်ကျိုးက ခဏလောက်အေးခဲသွားပြီး သူဘာလုပ်ထားလဲဆိုတာ ပြန်သတိရသွားသည်။သူနားလည်သွားပြီး ထလိုက်ကာ သူ့ရှေ့က သူအား မယုံနိုင်သောအကြည့်များဖြင့်ကြည့်ကာ
"စုန့်လျန်ရိ?????"
သူထတာကြောင့် အသေးလေးရဲ့ ရိုက်နှက်မှုက ရပ်တန့်သွားသည်။
ထိုအသေးလေးက ဖန်ချောင်ကျိုးအားငေးနေသည်။ထို့နောက်ခြေဖျားထောက်ကာ ကုတင်ပေါ်တက်ရန်ကြိုးစားနေသည်။ထိုသို့ကြိုးစားနေစဉ်လဲ ဖန်ချောင်ကျိုးအား မမှီမှီအောင် ထုရိုက်ရန်ကြိုးစားသည်။ထို့နောက်အရှိန်လွန်ကာ လဲကျသွားသည်။
ဖန်ချောင်ကျိုးပင် ဘာမှမလုပ်နိုင်အောင် အဖြစ်အပျက်များက မြန်ဆန်စွာဖြစ်သွားသည်။ငိုသံတစ်ခုကြားလိုက်ရသောအခါ သူကအားရပါးရ ရယ်မောလိုက်သည်။
"ဒါက တကယ်ရယ်စရာဘဲ"
စုန့်လျန်ရိက ငယ်သွားတဲ့အချိန်မှာ ဒီလိုကလေးဆန်မည်ဟု သူမမျှော်လင့်ခဲ့ပေ။
သူ၏ရယ်သံအားကြားလိုက်ရသောအခါ ငိုနေသောသူသည် ခဏရပ်တန့်သွားသည်။သူက မရယ်မိအောင် အတော်ပင်ထိန်းလိုက်ရသည်။ထို့နောက် ထလိုက်ကာ ကုတင်ပေါ်ကထ၍ မြေပြင်ပေါ်တွင်လဲလှောင်းနေသော မုန့်လုံးလေးအားကောက်ပွေ့လိုက်သည်။
စုန့်လျန်ရီအသေးလေးသည် ခေါင်းအားငုံ့လိုက်ပြီး
မျက်ရည်များသည် ထိန်းချုပ်လို့မရနိုင်အောင်ထွက်လာသည်။သို့သော်လည်း ဖန်ချောင်ကျိုးအားမြင်လျှင် သူ့လက်ဖြင့် မျက်ရည်တွေကိုသုတ်လိုက်သည်။ဖန်ချောင်ကျိုးက ထိုကလေးလေးအားချီပြီးလျှင် ထလိုက်ကာစားပွဲကိုကြည့်လိုက်သည်။ရေဘေစင်တွင်တော့ ဘာမှမရှိတော့ပေ။
နာရီပိုင်းလောက် ရေထဲတွင်စိမ်ထားသော မှော်ရုပ်သေးက လူအဖြစ်သို့ကူးပြောင်းသွားလေပြီ။
သူက ဘေးနားရှိစုန့်လျန်ရိအားကြည့်လိုက်သောအခါ ထိုသူက ယခု ၂နှစ်၃နှစ် အရွယ်ဖြစ်သွားကာ မနေ့က သူဝတ်ထားသော အဝတ်အစားများသည်လည်း ကလေးအရွယ်ပုံလေးဖြစ်သွားသည်။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy