Chapter 73

78 16 0
                                    

အပိုင်း - ၇၃

အညိုရောင်ကြက်မြင်းက အစတုန်းကတော့ ဖန်းချောင်ကျိုးကိုစကားပြောနေရင်းအလုပ်ရှုပ်နေပြီး ပတ်ဝန်းကျင်ကိုသိပ်ပြီးသတိမထားမိလိုက်ပေ။ ထပ်ပြောရရင် သူတို့တွေဓားနဲ့ပျံသန်းနေကြတာဖြစ်သည်။ အခုအညိုရောင်ကြက်မြင်းတွေအားလုံးက မြေပြင်ပေါ်မှာပြေးလွှားနေကြတာဖြစ်ပြီး အကုန်လုံးကလည်းရင်းနှီးနေသည်။

အခုမှ ထူးဆန်းနေတာကိုသတိထားမိတာဖြစ်သည်။

"ထပ်ပြီးပျံလို့မရတော့ဘူး!"

အညိုရောင်ကြက်မြင်းကအော်ပြောလိုက်သည်။

"လူတစ်ယောက်ရဲ့စည်းကအရှေ့မှာရှိနေတာ မင်းတို့သွားလို့မရဘူး"

အညိုရောင်ကြက်မြင်းရဲ့အမွေးတွေအားလုံးက အဲဒီအချိန်မှာ ဖွာလန်ကြဲနေပြီး လုံးဝထိတ်လန့်နေတဲ့ အခြေအနေမှာရှိနေသည်။

"ဒီနေရာက မြေအောက်နတ်ဆိုးနယ်မြေအလယ်ပိုင်းမှာ အစကတည်းကပိတ်ပင်ထားပြီးသားမလား ဒီမြေအောက်နတ်ဆိုးနယ်မြေကိုရောက်ဖူးခဲ့တဲ့ သူရဲကောင်းတစ်ယောက်ရှိဖူးတယ် သူပြောတာက ဒီမှာစွမ်းအားကြီးတဲ့အရာတစ်ခုရှိတယ်တဲ့ မြေအောက်နတ်ဆိုးနယ်မြေရဲ့အလယ်မှာ စည်းချထားတာ အနားကပ်သွားတဲ့လူနဲ့မိစ္ဆာတွေအကုန်သေကြတာပဲ"

ရှိနေတဲ့လူလေးယောက်လုံးဒါကိုကြားလိုက်ရပြီး ရှစ်ရှုန်းကရုတ်တရက်ပြောလိုက်သည်။

"လမ်းကြောင်းပြောင်းမယ်"

သူတို့တွေလမ်းကြောင်းပြောင်းချင်ပေမယ့် သူတို့အနောက်ကမှော်ကျင့်ကြံသူတွေက လိုက်မှီလာကြသည်။ သူတို့တွေဒဏ်ရာအများအပြားရပြီး လူတွေအများကြီးသေထားကြတာတောင် နတ်ဆိုးကျင့်ကြံသူတွေကဒါဇင်ထက်ပိုပြီးရှိနေကြသေးကာ သူတိုရဲ့ကျင့်ကြံဆင့်တွေကလည်းမနိမ့်ချေ။

သူတို့က ဖန်းချောင်ကျိုးတို့အဖွဲ့လမ်းကြောင်းပြောင်းမှာကိုမြင်တော့ လမ်းကိုပိတ်ဆို့လိုက်သည်။ သူတို့ရဲ့တိုက်စစ်ကပြင်းထန်တော့ အကိုကြီးကသူတို့ကိုဖြောင်းဖြပြီး နတ်ဆိုးကျင့်ကြံသူတွေကို အညိုရောင်ကြက်မြင်းပြောခဲ့တဲ့စကားတွေကိုပြောပြလိုက်သည်။
သို့သော်လည်းထိုမှော်ကျင့်ကြံသူတွေကမယုံကြပဲ ကဲ့ရဲ့သည်။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now