Chapter 61
ဆရာက ဖန်းချောင်ကျိုးအားလှည့်ကြည့်လိုက်သည်။ သူ့တပည့်ရဲ့ အရှက်ရဖွယ်ပုံစံကိုမြင်တော့ သူ့အမူအရာက ပိုပြီးလေးနက်သွားသည်။ သူ ခဏလောက် တွေးလိုက်ပြီး..
"ဆရာ .. ချောင်ကျိုးက ခေါင်းမာပါတယ် ဒီလူက ကောင်းကောင်းမသင်ကြားထားတဲ့အတွက် ငယ်ငယ်ကတည်းက အပျင်းလည်းကြီးပြီး ပင်ပန်းဆင်းရဲမခံနိုင်ဖြစ်ခဲ့တာပါ ရေစင်အဖွဲ့သခင်က သူ့ကို သင်ကြားပေးဖို့ဆန္ဒရှိမယ်ဆိုရင် သူ့ရဲ့ကံကောင်းမှုပါ ဒါပေမယ့် သူက အဖွဲ့သခင်ကို ဘယ်လိုလုပ်ပြီး အခက်တွေ့စေရတာလဲ.....သူရဲ့ပါရမီကထူးခြားလွန်းတယ်လို့ယူဆလို့မရပေမယ့် ကောင်းတဲ့အထဲမှာတော့ပါပါတယ်ဆရာ..ပြန် စဉ်းစားပေးနိုင်မလား"
ကျုံးလီယွဲ့ရွှေရဲ့မျက်လုံးများက အေးစက်လျက်ရှိကာ
"တကယ်တော့ မင်းကဒီနေ့လာတာ သန်းရုံအတွက်မဟုတ်ပဲ ဖန်းချောင်ကျိုးအတွက် ပြောဆိုပေးဖို့လာခဲ့တာ မဟုတ်လား"
ဆရာဖြစ်သူမှာ အနေရခက်တဲ့မျက်နှာနဲ့ ခေါင်းညိတ်လိုက်သည်။"မင်းလို တပည့်ကိုအလိုလိုက်တဲ့ဆရာရှိနေမှတော့ ဒီလို အသုံးမကျတဲ့ကောင်ထွက်ပေါ်လာတာ မဆန်းပါဘူး "
ကျုံးလီယွဲ့ရွှေ၏အသံမှာ ဖန်းချောင်ကျိုး ဟွားလီတောင်ကို ပထမအကြိမ်ရောက်ရှိလာတဲ့ အချိန်ကကဲ့သို့ပင် တင်းမာလျက်ရှိသည်။
"ကောင်းကင်ဘုံရေစင်အဖွဲ့ကို သူရောက်တာဘယ်လောက်ကြာနေပြီလဲ.. အခြေခံစိတ်ဝိဉာည်အဆင့်ကိုတောင် မလျှောက်လှမ်းနိုင်သေးဘူး ကျင့်ကြံမှုအဆင့်က သူ့နောက်မှဝင်လာတဲ့ သန်းရုံထက်တောင် နိမ့်နေသေးတယ် သူ့ကို ဘယ်လိုသင်ပေးနေလဲ?ငါ မင်းကို ဘယ်လိုသင်ကြားပေးခဲ့လဲ? အခုမင်းရဲ့ တပည့်တွေကို ပြန်သင်ပေးတဲ့ပုံစံအတိုင်းလား"
အဆုံးသတ်စကားများဟာ လူတွေရဲ့ရင်ဘတ်ထဲသို့ တောင်ကြီးကဲ့သို့လေးလံစွာဖိစီးမှုကို ခံစားရစေတယ်။ ဖန်းချောင်ကျိုးရဲ့ဆရာမှာ ဒူးထောက်တောင်းပန်လိုက်သည်။ ဖန်းချောင်ကျိူးမှင်သက်သွားပြီး သူပါ ဒူးထောက်လိုက်သည်။"ဒီနေ့က ရှစ်ရက်မြောက်တဲ့နေ့ပဲ နောက်၂ရက်နေရင် သူ့ရဲ့ ခြင်ဆီသန့်စင် ဆေးကြောခြင်းပြီးတော့မှာ အဲ့ဒီအချိန်ရောက်ရင် ကလေးသူငယ်မွေးဖွားစအဆင့်ကို အဆင့်တက်တာပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ကနေ ဝိဉာည်ထွက်ခွာခြင်းပြုလုပ်ရာမှာဖြစ်ဖြစ် အခုထက်ပိုပြီးလွယ်သွားမယ်။လင်းဟန်ရဲ့အဖြစ်အပျက်ကိုမတွေ့ဘူးလား.. လင်းဟန်ကကံကောင်းတယ်လို့ပြောရမယ်.. ဘေးဒုက္ခကိုမကျော်လွှားနိုင်ပေမယ့် သူကြံ့ကြံ့ခံနိုင်ခဲ့တယ်.. ဖန်းချောင်ကျိူးမှာလည်း ဒီလိုကံကောင်းမှုမျိုးရှိနေမယ်လို့ ခင်ဗျား မထင်မိဘူးလား"
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy