Chapter46
နောက်ကျောတိုက်ပေးမယ်??
ရွှယ်သန်းရုံကိုင်ထားသော ပဝါစလေးအား ဖန်းချောင်ကျိုးကြည့်ပြီး ထို အရာအားပြန်လုရန်ပြင်လိုက်သည်။သူ အသွင်ပြောင်းမန္တန်အား ယခုမှပထမဦးဆုံးအသုံးပြုဖူးခြင်းကြောင့် ဘယ်အချိန်ထိုအရာ အသွင်ပြန်ပြောင်းမည်မှန်းမသိပေ။အကယ်၍ ရွှယ်သန်းရုံသာ ယခုကိစ္စအားမိသွားခဲ့လျှင် မည်သို့သော ပြဿနာများဖြစ်လာမည်ကို သူမတွေးနိုင်ပေ။
"ကိုယ့်ကိုယ်ကို လုပ်လိုက်မယ်နော်။ငါ ကိုယ့်ဘာကို တိုက်တက်ပါတယ်"
သူ ထိုပဝါအားပြန်ထိရုံရှိသေး လူငယ်လေးက ထိုအရာအား ပြန်ဆွဲထားသည်။
လူငယ်လေး၏ မျက်လုံးများက ဖန်ချောင်ကျိုး၏ ခန္တာကိုယ်အားစုန်ချည်ဆန်ချည်ကြည့်နေပြီး အခြားအကြံဉာဏ်တော့ရှိမည့်ပုံမပေါ်ပေ။တခြားအဖော်တစ်ယောက်အား ပိုမိုသန့်ရှင်းစေရန် အကူအညီပေးရန်သက်သက်သာ ဖြစ်ဟန်တူသည်။
"အကို ..ဟိုဖက်လှည့်လိုက်"
"ငါတိုက်ထားဝာာတောင် အဆင်ပြေနေပြီမို့ ၊တကယ်မလိုအပ်......"
ထို့နောက် ထိုကောင်လေးက သူ့နောက်ကျောနားသို့ လူငယ်လေးက မည်သည့်ပဝါမှပင် မကိုင်ထားဘဲ တိတ်ဆိတ်စွာဖြင့် သူ၏အသားဖြင့် တိုက်ရိုက်ထိလာသည်။
"တကယ် အဆင်ပြေတယ်ပေါ့။ဒါပေမဲ့ ကျွန်တော့်အထင် အကိုတိုက်တာ အကုန်မပြောင်သေးဘူးလေ။ဒီနေရာ...,ဒီနေရာ..ပြီးတော့ ဒီနေရာတွေ မပြောင်နေဘူး လားလို့"
ရွှယ်သန်းရုံက သူ၏ လက်များဖြင့် ထိကာ ငုံ့ပြီးပြောလိုက်သည်။
"ဘယ်နေရာလဲ??"
ထိုစကားအား ဖန်ချောင်ကျိုးကြားလျှင် နောက်သို့မလှည့်ကြည့်ဘဲ မနေနိုင်တော့ပေ။သူ၏နောက်ကျောအား သူကိုယ်တိုင် ကြာကြာ တိုက်ထားပြီးဖြစ်သည်။ဘယ်လိုဖြစ်လို့ မပြောင်ရမှာလဲ
"ဒီနေရာတွေလေ"
ဖန်ချောင်ကျိုး၏ ကျောဖက်အား ပဝါဖြင့် အတိုက်ခံနေရသည့်အခါတွင်တော့ သူလှည့်စားခံလိုက်ရပြီမှန်းသိလာလေသည်။နောက်ကျောအား အကြိမ်များစွာ အတိုက်ခံလိုက်ရသောအခါ သူနေရတာ အဆင်မပြေဖြစ်လာပြီး ရေချိုးကန်ထဲကပင် ထွက်မိတော့မည်ဖြစ်သည်။
YOU ARE READING
နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီ
Fantasyဘာသာပြန် by Legacy