chapter 89

1.1K 123 2
                                    

Heartthrob - 89
ထိုအသံဆုံးသည်နှင့် ရွှယ်သန်းရုန်၏ မျက်လုံးအကြည့်များ ပြောင်းလဲလို့သွား၏။ ထိုမျက်ဝန်းများသည် အပေါ်ယံ ဟန်ဆောင်ထားသည့်အလွှာကို ဆွဲဖြဲလိုက်ကာ နောက်ဆုံးတော့ အတွင်းထဲရှိ အမှန်တရားများကို လှစ်ဟပြလိုက်သည့်နှယ်။ သူ့မျက်လုံးထဲရှိ ရူးသွပ်မှုများနှင့် ခေါင်းမာမှုများက လျှံကျလာကာ သူ့ရှေ့ရှိလူငယ်လေးကို အချိန်မရွေး ဆွဲယူဝါးမျိုမိလုဆဲဆဲ ရှိလေသည်။
ဖန်းချောင်ကျိုး ထိုမျက်လုံးများကို စိုက်ကြည့်နေမိပြီး ‌ဆက်ပြောရမည့်စကားများကို မေ့သွား၏။ သူ ထိုအမှန်တရားများကို မြင်လိုသောအခိုက်၌ ရွှယ်သန်းရုန်က မျက်လုံးများ မှိတ်ချလိုက်သည်။ သူ မျက်လုံးများပြန်ဖွင့်လာသောအခါ ထိုဇာမဏီမျက်ဝန်းအစုံမှာ ရှင်းသန့်နေလျက် အရိပ်တစ်စမရှိ။
"မင်း ငါနဲ့ တကယ် နှစ်ကိုယ်တူကျင့်ကြံချင်တာလား"
ရွှယ်သန်းရုန်၏အသံက အလွန်ညင်သာလို့နေသည်။
ဖန်းချောင်ကျိုး ထိုစကားကို ကြားသောအခါ စိတ်အေးလုနီးပါး ခံစားချက်ပင် ရလိုက်၏။ သူ့စိတ်ထဲ အနည်းငယ် ထူးဆန်းနေသော်လည်း သူ ပြောလိုက်သည်။
"တကယ်"
ရွှယ်သန်းရုန်က ဖန်းချောင်ကျိုးအား စေ့စေ့ကြည့်နေပြီး သူ့နှုတ်ခမ်းနီစွေးစွေးများ ဖွင့်လိုက်ပိတ်လိုက်ဖြင့် နောက်မေးခွန်းတစ်ခုကို ထုတ်မေးလိုက်သည်။
"နောင်တမရဘူးပေါ့?"
ဖန်းချောင်ကျိုး ထိုအဖြေကို ဖြေလိုက်ပြီးသည်နှင့် ရုတ်တရက် ရွှယ်သန်းရုန် ရယ်မောလာသည်ကို မြင်လိုက်ရလေသည်။ သူ တွေ့ဖူးသည့်နှစ်ကြိမ်တွင် ရွှယ်သန်းရုန်က အမြဲအေးတိအေးစက်မျက်နှာပေးဖြင့်သာ ဖြစ်ပြီး မိမိကိုကြည့်သည့် အကြည့်များမှာ လူသတ်ငွေ့များပြည့်နေခဲ့သည်။ ဤသည်က ရွှယ်သန်းရုန် ရယ်သည်ကို သူ ပထမဆုံးမြင်ဖူးခြင်းဖြစ်၏။
ရေခဲကိုခွဲ၍ ထွက်ပေါ်လာသော အပြုံးတစ်ပွင့်သည် ရင်သပ်ရှုမောရစွာ တောက်ပခံ့ညားလွန်းသည်။
ဖန်းချောင်ကျိုးမှာ ထိုအပြုံးကြောင့် တောင့်ခဲသွားပြန်သည်။ တစ်ဖက်လူက အဘယ်ကြောင့် ရုတ်တရက်ကြီး ပြုံးလာလဲ သူနားမလည်ပေ။ သို့သော် သူ့မှာ ထိုကိစ္စများကို စဉ်းစားရလောက်သည်အထိ အချိန်အများကြီးမရ။ မြန်မြန်ဆန်ဆန် လုပ်မှဖြစ်မည်။
ရွှယ်သန်းရုန်အမြင်တွင် မိမိက သူစိမ်းတစ်ယောက်သာဖြစ်၍ သည်နှစ်ကိုယ်တူကျင့်ကြံရေးက အတင်းအဓမ္မခေါင်းစဉ်အောက် ဝင်သည်။ ဘယ်သူကမှ မိမိ၏ ချစ်ရသူမှလွဲ၍ အခြားတစ်ယောက်ကို နမ်းရှိုက်ချင်မည်မဟုတ်ပေ။ ထို့ကြောင့် ဖန်းချောင်ကျိုး ထိုဝတ္ထုထဲရေးထားသည်များထဲမှ မသင်ယူဘဲ တစ်ဖက်လူကို သွားနမ်းလိုက်သည်။ သူ ဖန်းချောင်ကျိုးကို ချည်ထားသည့် ထိုအမတချုပ်ကြိုးကိုလည်း ဖြည်ပေးလိုက်၏။
ရွှယ်သန်းရုန်က ရေကန်ကို ငုံ့ကြည့်လိုက်ပြီးနောက် စ၍ ထရပ်လိုက်၏။ သူ ထရပ်ဖို့ဆန္ဒရှိနေသည်ကိုမြင်သော် ဖန်းချောင်ကျိုး စိတ်အေးသွားရသည်။ သို့သော် သူ ရွှယ်သန်းရုန်ကို စောင့်ကြပ်နေဆဲပင်။
သူနှင့်ရွှယ်သန်းရုန်တို့နှစ်ယောက်လုံး‌ မြေပေါ်ပြန်ရောက်သောအခါ ဖန်းချောင်ကျိုးမှာ ဂူထဲပြန်ရမလား၊ သို့မဟုတ် သည်နေရာမှာပဲ တန်းလုပ်လိုက်ရမည်လား ဒွိဟဖြစ်နေ၏။ သို့သော် သိပ်မစေ့စပ်စွာ စဉ်းစားအပြီးတွင်တော့ သည်နေရာမှာပဲ လုပ်လိုက်ရန် ဆုံးဖြတ်လိုက်၏။
ဤနှစ်ကိုယ်တူကျင့်ကြံခြင်းတစ်ကြိမ်က အချိန်ဆွဲလေလေ ပြဿနာပိုများလေလေ ဖြစ်မည်။
ထို့ကြောင့် ဖန်းချောင်ကျိုး ကုန်းပေါ်ရောက်ပြီး မကြာခင် သူ လက်ဦးမှုယူကာ တစ်ဖက်လူကို တွန်းလိုက်သည်။ အမတချုပ်ကြိုးကြောင့်လား ရွှယ်သန်းရုန်ကိုယ်တိုင်က မိမိကံကြမ္မာကို လက်ခံလိုက်သောကြောင့်လား မသိသော်လည်း ဖန်းချောင်ကျိုး လူကို ရှောရှောရှူရှူပင် တွန်းလှဲလိုက်နိုင်သည်။ သို့သော် သူက လူကို တွန်းမချခင် အရင်ဆုံး သန့်ရှင်းသည့် အဝတ်များကို ရွှယ်သန်းရုန်ကိုယ်အောက်တွင် ခံလိုက်သည်။ ထို့နောက် သူနှင့်ရွှယ်သန်းရုန်ကိုယ်ပေါ်ရှိ အဝတ်များကို ခြောက်သွားအောင်လုပ်လိုက်၏။
တွန်းလှဲလိုက်ပြီးနောက် ဖန်းချောင်ကျိုး အသက်ပြင်းပြင်းရှူလိုက်မိသည်။ ရွှယ်သန်းရုန်က အပြင်ဝတ်ရုံသာ ဝတ်ထားသဖြင့် ချွတ်ဖို့ပင်မလိုလုနီးပါးဖြစ်သည်။ အဝတ်ချွတ်ရမည်က ဖန်းချောင်ကျိုးသာ။
ဖန်းချောင်ကျိုး အေးသဖြင့် အဝတ်မချွတ်ချင်။ မည်သို့‌ဆိုစေ အပေါ်ပိုင်းက အဝတ်ကို ချွတ်စရာလည်း လိုမည်မဟုတ်ပါလေ။ အမှန်တော့ သူ့တင်ပါးကိုသာ ဖော်ထားလျှင် ရပြီဖြစ်သည်။ ထို့ကြောင့် ဘောင်းဘီကိုလည်း အဆုံးထိချွတ်စရာမလို။ ဆွဲချထားလိုက်လျှင် ရပြီဖြစ်သည်။ သို့သော် ဘယ်သူသိမည်လဲ၊ သူ ဆွဲချလိုက်ရုံရှိသေးစဉ်မှာပဲ တစ်ဖက်လူထံမှ ဆွဲလှဲခံလိုက်ရသည်။
ဖန်းချောင်ကျိုး သူ့အပေါ်ရှိ ထိုခေါင်ရန်းပန်းလိုမျက်နှာ မြင်လိုက်ရသောအခါ သူ့မျက်ဆံများ ပြူးကျယ်သွားသည်။ တစ်ဖက်လူက ဘယ်အချိန်ကတည်းကမှန်းမသိ ချည်ထားသောကြိုးထံမှ လွတ်ထွက်သွားသည်ကို မြင်သောအခါ သူ တစ်ခုခုပြောလိုက်ချင်သော်လည်း ရွှယ်သန်းရုန်၏အသံကို အရင်ကြားလိုက်ရ၏။
လက်စားချေဖို့နဲ့ ရောဂါကုဖို့။
ဖန်းချောင်ကျိုး ထိုနက်မှောင်ရွှန်းလဲ့နေသော မျက်လုံးများကို ကြည့်လိုက်သည်။
"အဲဒီ အလှပဂေးဆယ့်နှစ်ယောက် ပန်းချီထဲက တစ်ယောက်ချင်းစီတိုင်းက သိပ်လှတယ်လို့ ငါကြားတယ်၊ မင်းက ခေါင်းဆောင်ဆိုတော့ ငါ သေချာပေါက် မင်းနဲ့အိပ်ကြည့်ချင်တာပေါ့၊ မရဘူးလား"
သွားပြီ၊ သူတော့သေတော့မည်။ ထိုအခိုက်တွင် ဖန်းချောင်ကျိုးမှာ မိမိသရုပ်မှန်ကို ရှင်းပြလိုက်ရမလားဟု တစ်ချက်တွေးမိသေး၏။
သူ ရှင်းပြလိုက်လျှင် သူမသေကြောင်း တစ်လောကလုံးကလူများကို ပြောပြဖို့က လွယ်သည်။ လောကရှိ လူအနည်းငယ်ကသာ သူ့သေခြင်းရှင်ခြင်းကို ဂရုစိုက်ကြသော်လည်း ရွှယ်သန်းရုန်ကတော့ သူ့ကို သနားကာ ကူညီကောင်းကူညီပေးနိုင်သည်။ သို့သော် ရွှယ်သန်းရုန် သူ့ကို ငြင်းလိုက်သည်လည်း ဖြစ်နိုင်၏။ အကူအညီ ပေးမပေးကို မဆိုထားနှင့်၊ သူ့လက်စားချေခြင်းက သေချာပေါက် အချည်းနှီးဖြစ်သွားပေလိမ့်မည်။
သူ ရှင်းမပြပါက သေတော့မည်ဖြစ်သည်။ သို့သော် သေခြင်းကလည်း သူ သတိမရခင်အချိန်ကို ပြန်ရောက်သွားသည်နှင့် မခြားပါချေ။
ဖန်းချောင်ကျိုး ဘယ်တစ်ခုကို ရွေးခြယ်ရမလဲ မစဉ်းစားရသေးခင် ရွှယ်သန်းရုန်က သူ့ခုနက‌စကားကို ပြန်ဖြေလိုက်သည်။
ရွှယ်သန်းရုန် ထိုစကားကို ပြန်ဖြေလိုက်ပြီးနောက် ဖန်းချောင်ကျိုးပခုံးကို ချုပ်ထားသည့် သူ့လက်ကို လွှတ်လိုက်သည်။ ဖန်းချောင်ကျိုး စိုးရိမ်သွားပြီး ချက်ချင်းပင် စကားပြောင်းပြောလိုက်လေ၏။
"မဟုတ်ဘူး၊ တကယ်တော့ ငါ မင်းကို သဘောကျနေတာ တော်တော်ကြာပါပြီ၊ ငါ မင်းတစ်ယောက်တည်းနဲ့ပဲ အိပ်ချင်တာ"
လွှတ်လိုက်သောလက်က လေထဲတွင် တန့်သွားသည်။ ဖန်းချောင်ကျိုး တစ်ဖက်လူ၏မျက်နှာထားကို သေချာကြည့်နေစဉ် ရွှယ်သန်းရုန်က ရုတ်တရက် ခေါင်းငုံ့လိုက်၏။
နှုတ်ခမ်းများထိကပ်သွားသည့်တစ်ခဏတွင် ဖန်းချောင်ကျိုးမှာ လုံးလုံးလျားလျားပင် ‌ကြောင်အသွားရသည်။ သူ အသိပြန်ကပ်လာသည့်အခိုက်မှသာ မျက်နှာကိုလွှဲ၍ရှောင်လိုက်ပြီး တစ်ဖက်လူကို ရှုပ်ထွေးနေသောမျက်လုံးများဖြင့် ကြည့်လိုက်မိ၏။
ရွှယ်သန်းရုန်က ဘယ်လိုလုပ် သူ့ကို နမ်းနိုင်ရသည်လဲ။ သူတို့က ယခု သူစိမ်းများဟုသာ သတ်မှတ်လို့ရသည်လေ။
ရွှယ်သန်းရုန်က အခု လူတွေကို အဲ့လိုဆက်ဆံနေပြီလား။
ဖန်းချောင်ကျိုး ရုတ်တရက် ယောင်ယွိချန်နှင့် တစ်ဂိုဏ်းလုံးကို ဝေပေးခဲ့သော သစ်သီးခြောက်များကို ပြန်အမှတ်ရမိသွားသည်။
၎င်းကို ပြန်အမှတ်ရပြီးနောက် ရွှယ်သန်းရုန် သူ့အားနောက်ထပ် ပြန်နမ်းလာသောအခါ ဖန်းချောင်ကျိုး မနေနိုင်ဘဲ သူ့ကို ကိုက်ချလိုက်၏။ တစ်ဖက်လူ ညည်းညူလိုက်သည်ကို ကြားတော့မှ သူ သွားများကို လွှတ်ပေးလိုက်သည်။
ရွှယ်သန်းရုန်မှာ နှုတ်ခမ်းအကိုက်ခံလိုက်ရပြီး သွေးများစီးထွက်လာသည်။ သူက မျက်မှောင်ကြုံ့ထားလျက် စကားလုံးဖြင့် ဖော်ပြလို့မရနိုင်စွာ အနည်းငယ် သနားစရာကောင်းပုံပေါက်နေသည်။ ဖန်းချောင်ကျိုး သေချာပေါက်ပင် ထိုမြင်ကွင်းကို မြင်ပါသည်။ သို့သော် သူ တစ်ချက်သာကြည့်ကာ အကြည့်လွှဲလိုက်၏။
တကယ်ထူးဆန်းသည်၊ ယခု သူ့၏ ဒီမျက်နှာဖြင့် ရွှယ်သန်းရုန် ဘယ်လိုများ သူ့ကို နမ်းနိုင်သည်လဲ။ အဆိပ်အတုကြောင့်များလား။ ရွှယ်သန်းရုန်က သူ့ကိုယ်သူ အဆိပ်မိနေပြီထင်သွားလို့ မသူ့ကို မနမ်းချင်နမ်းချင်နှင့် နမ်းလိုက်သည်လား။
ထိုသို့ ကြည့်လိုက်ပြီးနောက် သူ ပတ်ဝန်းကျင်က ပိုအေးလာသည်ကို ခံစားလိုက်ရသည်။
"မလိုဘူး"
ရွှယ်သန်းရုန်၏အသံမှာ သွားကြားထဲမှ အံကျိတ်၍ပြောလိုက်သည့်နှယ်။
ဖန်းချောင်ကျိုးမှာ နည်းနည်းပိုကြည့်ကောင်းသည့်မျက်နှာ မသုံးခဲ့သဖြင့် ရုတ်တရက် အနည်းငယ်နောင်တရလာမိသည်။ သူ ရွှယ်သန်းရုန်၏ပခုံးကို လှမ်းပုတ်လိုက်၏။
"ငါက မင်းကို အတင်းအကြပ် နှစ်ကိုယ်တူကျင့်ကြံခိုင်းတယ်ဆိုပေမယ့်လည်း မင်းအခက်အခဲကို ငါသိပါတယ်၊ အကယ်လို့ မင်း ငါ့အပေါ် တုံ့ပြန်မှုမရှိဘူးဆိုရင်လည်း ရှက်စရာမလိုဘူး၊ ဆေးစားလိုက်လို့ရတယ်၊ ငါ အရင်တစ်ခေါက် ပြန်သွားပြီးတော့ ဆေးဝယ်ထားသေးတယ်၊ မင်း မထောင်နိုင်မှာစိုးလို့လေ"
အွန်? ဘယ်လိုလုပ်ပိုအေးလာတာလဲ။
သို့သော် နှစ်ကိုယ်တူကျင့်ကြံဖို့ စိတ်လောနေသော ဖန်းချောင်ကျိုးက ရွှယ်သန်းရုန်အပေါ် စိတ်ပူပေးလာပြန်၏။
"မင်းစိတ်ချပါ၊ ငါ ထုတ်မပြော...."
နောက်ပိုင်းက စကားများမှာတော့ ဝါးမြိုခံလိုက်ရလေတော့သည်။
-🚗🚗-
ကြက်ဆင်ညိုမှာ ဖန်းချောင်ကျိုးတစ်ယောက် အလွန်ဆုံးမှ မိုးလင်းစအချိန်လောက်တွင် ပြန်ရောက်လာမည်ဟု ထင်ထားခဲ့သည်။ သို့သော် သူ နေ့လယ်ပိုင်း လုံ့လရှိဟန်ဆောင်၍ အပင်ပေါက်လေးများ စိုက်နေသောအချိန်ကျမှ ဖန်းချောင်ကျိုးက နောက်ကျစွာ ပြန်ရောက်လာသည်။
ဖန်းချောင်ကျိုးကို မြင်လိုက်သည်နှင့် ကြက်ဆင်ညိုသည် ကိစ္စများ ဖြစ်သွားပြီမှန်း သိလိုက်သည်။ သူတို့မိစ္ဆာများသည် လူသားများထက် အနံ့အသက်များကို ပို၍ခံစားနိုင်၏။ ယခု ဖန်းချောင်ကျိုးသည် အတွင်းရောအပြင်ပါ အခြားသူတစ်ယောက်၏အနံ့ စွဲကပ်နေသည်။
ဖန်းချောင်ကျိုး သူ ထိုင်နေကျ ကျောက်တုံးဆီသို့ လျှောက်လာသည်။ သူ ပထမဆုံး ထိုင်ဖုံအိအိလေးတစ်ခု ဆွဲထုတ်လိုက်ပြီးမှ ၎င်းပေါ်ထိုင်ချလိုက်၏။ သို့သော် သူ ထိုင်ချလိုက်ကာစတွင် မျက်နှာရှုံ့မဲ့သွားသေးသည်။
၎င်းကိုမြင်သော် ကြက်ဆင်ညိုက ဂေါ်ပြားအသေးလေးကို ချလိုက်ကာ သူ့ဆီလျှောက်လာသည်။
"ဖန်းချောင်ကျိုး မင်း အဆင်ပြေသေးရဲ့လားကွ"
"ပြေလည်းပြေတယ် မပြေလည်းမပြေဘူး"
ဖန်းချောင်ကျိုး မိမိခါးကို ပွတ်သပ်လိုက်သည်။
"ငါ ရွှယ်သန်းရုန်ကို လက်စားချေခဲ့ပြီ၊ ဒါပေမယ့် ငါ့သိစိတ်ပင်လယ်ထဲက စပျစ်နွယ်တွေက ပျောက်မသွားသေးဘူး"
သို့သော် သိစိတ်ပင်လယ်ထဲရှိ ကလေးက အရင်ကလို ရေဆာသည်ဟု တကျီကျီမပြောတော့ဘဲ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် စပျစ်နွယ်များကို ကိုက်ဝါးနေပြီဖြစ်သည်။ သို့သော် ဖန်းချောင်ကျိုးမှာ ရေများထဲ နစ်မြုပ်နေသော စပျစ်နွယ်များကို မြင်သောအခါ မျက်နှာနီမြန်းသွားရမြဲဖြစ်၏။
"မင်းမျိုချလိုက်တာ ဘယ်လိုမိစ္ဆာကြီးမျိုးမို့လို့လဲ၊ တစ်ချီ‌ နှစ်ကိုယ်တူကျင့်ကြံရုံနဲ့ ဖြေရှင်းလို့မရလောက်အောင်"
ကြက်ဆင်ညိုက ပြောသည်။
ဖန်းချောင်ကျိုး ၎င်းကိုကြားသော် မနေနိုင်ဘဲ ပြန်ချေပမိ၏။
"တစ်ချီမဟုတ်ပါဘူးကွ၊ ငါးကြေးခွံဆက်ကြောင်း*ပုံစံနဲ့တင် နှစ်ချီ...."
(T/N - XDR က အောက်မှာလှဲနေပြီး FCZ က သူ့ကို ကျောပေးပြီး အပေါ်ကနေ တက်ထိုင်တဲ့ပုံစံမျိုးပါ)
ကြက်ဆင်ညို နားလည်လိုက်ပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုအချိန်က နှစ်ကိုယ်တူကျင့်ကြံရေးလမ်းညွှန်စာအုပ်ကို သူတို့နှစ်ယောက် အတူတူရွေးဝယ်ခဲ့ကြခြင်းဖြစ်သည်လေ။ ထိုအချိန်က သူတို့ သဘောတူညီမှုယူခဲ့ကြသည်။ လက်စားချေရမည်ဖြစ်သောကြောင့် သူတို့ တစ်ဖက်လူကို လက်ဦးမှုယူစေလို့ မဖြစ်၊ တစ်ဖက်လူကို သာယာသည့်ခံစားချက် ရစေလို့မဖြစ်ပေ။ ထို့ကြောင့် သူတို့နှစ်ယောက် ငါးကြေးခွံဆက်ကြောင်းပုံစံကို ရွေးခြယ်ခဲ့ကြသည်။
"ဝတုတ်ကောင်ကြီးကို တစ်ညတည်းနဲ့ ဘယ်လိုလုပ်အကုန်စားနိုင်မှာတုန်း၊ မင်း သူ့ကို သုံးလေးခါလောက် သွားလက်စားချေမှ ရမယ်"
သူ မနေ့ညကကိစ္စကို ပြန်စဉ်းစားကြည့်သည်။ ပထမကတော့ လုပ်နိုင်စွမ်းက သူ့လက်ထဲ အပြည့်အဝရှိနေသေး၏၊ နောက်ပိုင်းတွင်မူ အာဏာကျလာသောအခါ သူ ဘာမှမလုပ်နိုင်တော့ပေ။
ကြက်ဆင်ညိုက ဖန်းချောင်ကျိုးကို ကြည့်လိုက်ပြီး ခိုင်မာသောလေသံဖြင့် ပြောသည်။
"ဒါလက်စားချေတာပဲလေကွ၊ မင်း လုပ်ငန်းစဉ်ကို ဂရုမစိုက်လည်း ဘာဖြစ်လဲ၊ မင်း ရလာဒ်ကိုပဲ စဉ်းစားဖို့လိုတယ်၊ မင်းရောဂါ ကုသနိုင်သွားပြီမဟုတ်လား၊ မင်း အလှပဂေးဆယ့်နှစ်ယောက်ရဲ့ ခေါင်းဆောင်နဲ့ အိပ်လိုက်ပြီးပြီမဟုတ်ဘူးလား၊ သူ့မေတဲ့မှ လူဘယ်နှယောက်ကပဲ သူနဲ့အိပ်ချင်နေပစေ မအောင်မြင်ခဲ့ဘဲ မင်းကပဲ အိပ်နိုင်ခဲ့တာ၊ ပြီးတော့ မင်း သူနဲ့ ဆက်မအိပ်ဘူးဆိုရင် မင်း ဒီညအိပ်ခဲ့တာ အလကားဖြစ်သွားမှာပဲ၊ မင်း နောက်တစ်ယောက် ထပ်သွားရှာပြီးအိပ်မယ်ဆိုရင်တောင် နောက်တစ်ယောက်က မင်းကို အိပ်ခွင့်ပေးပါ့မလား"
ဖန်းချောင်ကျိုး နားထောင်လိုက်ပြီးနောက် ကြက်ဆင်ညိုပြောသည်က ကျိုးကြောင်းဆီလျော်သည်ဟု ခံစားလိုက်ရသည်။ သို့သော် ဒီလက်စားချေမှုက လူကို အတော်ပင်ပန်းစေ၏။
ထိုမြင်ကွင်းကြောင့် ရလိုက်သည့် ထိတ်လန့်မှုများကြောင့် သူ ကြောက်ရွံ့လွန်းသဖြင့် ဖန်းချောင်ကျိုး၏ အိပ်ရာနိုးကာစ အူကြောင်ကြောင်ဖြစ်တတ်သောအကျင့်သည်ပင် ပျောက်ကွယ်သွားသည်။ သူ ချက်ချင်း တစ်ဖက်လူအပေါ် အိပ်မွေ့ချအစီအရင် ချလိုက်ပြီး သူ့ခါးကို ထောက်ထားရင်း ပြန်လာခဲ့ရသည်။
ယခုမူ တစ်ခါလက်စားချေရုံနှင့် မလုံလောက်ဟု ကြက်ဆင်ညိုက သူ့ကို ပြောလာသည်။ သူ ဒုတိယအကြိမ် လက်စားချေရဦးမည်ဖြစ်သည်၊ တတိယအကြိမ် စတုတ္ထအကြိမ်ထိလည်း ဖြစ်သွားနိုင်သေးသည်။ သူ့သိစိတ်ပင်လယ်ထဲရှိ စပျစ်နွယ်များ လုံးဝပျောက်ကွယ်သွားသည်အထိ။
ဒီလိုနေ့တွေ ဘယ်တော့မှများ အဆုံးသတ်မှာလဲကွာ။
ကြက်ဆင်ညိုက ဖန်းချောင်ကျိုး၏မျက်လုံးများ တလှုပ်လှုပ်ဖြစ်နေသည်ကို မြင်သောအခါ သံက သံမဏိဖြစ်မလာ(မျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာ)သည်ကို မုန်းတီးစွာဖြင့် ဖန်းချောင်ကျိုးအနီး ကပ်ထိုင်လိုက်သည်။
"မင်း မိတ်မလိုက်ရတာ ငါးနှစ်တောင်ရှိပြီမလို့ အခုနည်းနည်းပင်ပန်းနေတာပါကွာ၊ မင်း အကြိမ်နည်းနည်းပိုမိတ်လိုက်လိုက်ရင် ကောင်းသွားမှာ၊ မင်း မိတ်လိုက်တာ ပိုစောစောပြီးတာနဲ့ ငါတို့ ပိုစောစော လောကတခွင် ခရီးထွက်လို့ရတယ်"
ထျန်းရွှေဂိုဏ်းတွင် ရွှံ့များတူးဆွရသည်က ပျော်ဖို့ကောင်းသော်လည်း ဘယ်နေရာမှာ ရွှံ့တူးလို့မရလို့လဲ။ သူ့လို ကောင်းကောင်းမွန်မွန် ခေတ်တစ်ခေတ်ရဲ့ ဂုဏ်သရေရှိကြက်က သည်လိုနေရာမျိုးမှာ ရွှံ့တူးနေလို့ ဘယ်လိုလုပ်ဖြစ်မလဲ။
"ဒါပေမယ့် ငါ မနေ့ညက ရွှယ်သန်းရုန်ကို တစ်ကြိမ်ပဲအိပ်မှာလို့ ပြောခဲ့တာ"
ကြက်ဆင်ညိုက အလျင်အမြန်ပင် ပြန်ချေပ၏။
"မင်းခုနကပြောတာ မင်းတို့နှစ်ယောက် နှစ်ကိုယ်တူကျင့်ကြံခဲ့တာ တစ်ချီမကဘူးဆို?"
ဖန်းချောင်ကျိုး : "...."
"တစ်ညကို ဘယ်နှချီလဲ၊ တစ်ညတစ်ချီနဲ့ ခွဲလိုက်ရင် ဘယ်နှရက်ဖြစ်သွားမလဲ၊ ဘာများကွာလို့လဲကွ၊ ဒါနဲ့ မင်း သကြားခဲတွေကို သူ့ကို အဆိပ်ဆိုပြီး လိမ်ကျွေးထားတယ်မဟုတ်လား၊ မင်း သူ့ကို ထပ်လိမ်လိုက်ချေ၊ ဘာပဲပြောပြော ရောဂါကုရမယ်ကွာ! ရောဂါကုဖို့ကမှ အရေးအကြီးဆုံးပဲ!"
ခန္ဓာကိုယ်အဆင်မပြေသောကြောင့် ဖန်းချောင်ကျိုး ရှန့်ယွမ်ထံမှ နေ့တစ်ဝက် ခွင့်ယူခဲ့သည်။ ရှန့်ယွမ်မှာ ဖန်းချောင်ကျိုးကို မြင်သောအခါ ကြောင်အ,သွားရ၏။ အဘယ်ကြောင့်မူ ဖန်းချောင်ကျိုး၏ ယခုပုံစံက ထူး‌ဆန်းနေသောကြောင့်ပင်။ မျက်နှာက ပင်ပန်းနွမ်းနယ်နေပုံပေါ်လျက် သူ့မျက်လုံးအောက်တွင်လည်း အပြာအမည်းကွက်များ ရှိနေသည်။ ထို့အပြင် ဖန်းချောင်ကျိုး၏ မျက်နှာက ထူးထူးဆန်းဆန်း ကောင်းမွန်နေကာ အရောင်များ ဖြာထွက်နေလုနီးပါးဖြစ်နေသည်။ လောလောလတ်လတ် ဖြည့်စွက်စာကြီး စားသုံးထားသည့်အလားပင်။
"မင်းဒါကဘာဖြစ်တာလဲ"
ရှန့်ယွမ် မမေးမိဘဲမနေနိုင်။
ဖန်းချောင်ကျိုး အဟွတ်အဟွတ်ဖြင့် ချောင်းဟန့်လိုက်သည်။
"ကျွန်တော် မနေ့ညက စောင်သေချာမခြုံထားမိလို့ထင်တယ်၊ အအေးမိသွားတာ၊ အဲဒါကြောင့် နေ့တစ်ဝက် ခွင့်တိုင်ချင်လို့ပါ"
ရှန့်ယွမ် ဖန်းချောင်ကျိုးအပေါ် အမြင်ကောင်းကောင်းရှိထား၏။ အဘယ်ကြောင့်ဆိုသော် ဖန်းချောင်ကျိုးသည် အပြင်တပည့်များအနက် အရည်အချင်းအရှိဆုံးအဖြစ် သတ်မှတ်၍ရသော်လည်း အအေးဆေးဆုံးဖြစ်နေသောကြောင့် ဖြစ်သည်။ အခြားအပြင်တပည့်များသည် သည်တစ်လကျော်အတွင်း ဘယ်အချိန်မှ အတည်တကျ အမတကျင့်ကြံနိုင်မည်လဲဟု အကြိမ်တော်တော်များများ မေးကြလေ၏၊ ဖန်းချောင်ကျိုးတစ်ယောက်တည်းကသာ မမေးခြင်းဖြစ်သည်။ သူ ဖန်းချောင်ကျိုး တာဝန်ကျသည့် အနောက်ဘက်တောင်ဆီသို့ သွားစစ်ဆေးကြည့်ဖူးသည်၊ ထိုနေရာတွင် အပင်ပေါက်ကလေးများ ဟိုဟိုဒီဒီ နည်းလမ်းမျိုးစုံဖြင့် ပေါက်နေကြလေသည်။
"ဒါဆိုလည်း မင်း မြန်မြန်ပြန်သွားနားတော့လေ၊ ဟုတ်သား ငါနဲ့ရင်းနှီးတဲ့ ရှစ်ရှုန်းတစ်ယောက်က ခန္ဓာကိုယ်ကျန်းမာရေး ကျွမ်းကျင်တယ်၊ ငါ သူ့ကိုခေါ်ပြီး မင်းကို ကြည့်ခိုင်းပေးရမလား"
"မလိုပါဘူးဗျ၊ ကျွန်တော် တစ်ရေးအိပ်လိုက်ရင် ရပါပြီ၊ ကျွန်တော် ငယ်ငယ်တည်းက အဲ့လိုပါပဲ၊ ကြီးကြပ်ရေးမှူးရှန့်နဲ့ အဲဒီရှစ်ရှုန်းတို့ကို ဒုက္ခမပေးတော့ပါဘူး"
ဖန်းချောင်ကျိုးက တစ်ဖက်လူ လက်မလျှော့စတမ်းပြောနေမည်ကို စိုးရိမ်သဖြင့် ထပ်ဖြည့်ပြောလိုက်သည်။
"ထင်ပါတယ်၊ အရင်တစ်ခေါက်က အပြင်တပည့်တွေထဲ မင်းတစ်ယောက်ပဲ သစ်သီးခြောက်တွေချည်း ယူသွားတာလေ၊ အချိုကြိုက်တယ်မလား၊ ကဲပါ မင်း ပြန်သွားအိပ်ချေတော့"
ဖန်းချောင်ကျိုး သူ့ကို ကျေးဇူးတင်လိုက်ပြီးနောက် အိပ်ဖို့ အခန်းဆီပြန်သွားလိုက်သည်။ သူ ခေါင်းနှင့်ခေါင်းအုံး ထိလိုက်သည်နှင့် အိပ်ပျော်သွားတော့သည်။ ကြက်ဆင်ညိုက အခန်းထဲ နေရတာ ပျင်းသဖြင့် အပြင်ထွက်ကစားရန် သူ့အား ပြောနေသည်ကို သူ ဝေဝေဝါးဝါး ကြားလိုက်သေးသည်။ ဖန်းချောင်ကျိုး အင်းအင်းအဲအဲအသံပြုလိုက်ပြီး ပြန်အိပ်ပျော်သွား၏။
ထို့နောက်တွင် ကြက်ဆင်ညိုပြန်လာသည်ကို သူ သိလိုက်သည်။ ၎င်းက သူ့မျက်နှာနှင့်ဆံပင်များကို ဟိုထိဒီထိ လုပ်နေ၏။ ဖန်းချောင်ကျိုးမှာ အိပ်ချင်လွန်း၍ ကြက်ဆင်ညိုနှင့် ကစားဖို့အားပင်မရှိ။ သို့နှင့် သူ အသံအစ်အစ်ဖြင့် 'လျှောက်မဆော့နဲ့'ဟု ပြောလိုက်ပြီး မျက်နှာကို စောင်ထဲပြန်နှစ်မြှုပ်လိုက်သည်။
‌ဖန်းချောင်ကျိုး ထပ်နိုးလာသောအခါ လမင်းကြီးက မိုးမခကိုင်းပေါ် မေးတင်နေလေပြီ။ သို့သော် သူ အိပ်ချင်နေတုန်းပင်။ ကြက်ဆင်ညိုက သူ့မျက်နှာပေါ် တက်နင်းနေသဖြင့် သူနိုးလာခြင်းဖြစ်သည်။
ကြက်ဆင်ညိုက နောက်ဆုံးတော့ သူ လူကို နှိုးလိုက်နိုင်ကြောင်း မြင်သွားပြီး ပြောလိုက်သည်။
"ခုမှပဲ နိုးလာတော့တယ်၊ ဟိုက်အချိန်(ည ၉ နာရီမှ ၁၁ နာရီ)တောင် ရှိနေပြီကွ"
ဖန်းချောင်ကျိုးမှာ မျက်နှာသေဖြင့် မျက်တောင်ရှည်များ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားကာ မျက်ခွံများ ပြန်စင်းကျသွားသည်။ သို့သော် မကြာခင်မှာ မျက်လုံးများ ပြန်ပွင့်လာ၏။
သူ ဘေးဘီဝဲယာကို ကြည့်လိုက်သော် အခန်းမှာ ဗလာကျင်းလျက် သူတစ်ယောက်သာရှိသည်။ ကျိုးကြောင်းသင့်သင့် ပြောရလျှင် အခန်းဖော်များ ပြန်လာချိန်တန်နေပြီဖြစ်သည်။
"သွားစားကြတယ်? ဒီနေ့ ဘာနေ့မို့လို့လဲ"
"ငါလည်းမသိဘူး၊ သူတို့ အခန်းထဲတောင် မဝင်ရသေးခင် တစ်ယောက်ယောက်က သူတို့ကို လာဖိတ်တာပဲ၊ အဲဒါနဲ့ တစ်အုပ်စုလုံး ထွက်သွားကြတယ်"
အခန်းဖော်များ အဘယ်ကြောင့် သွားစားသောက်ကြမှန်း ဖန်းချောင်ကျိုး တစ်ခဏမျှ စဉ်းစားလိုက်သည်။ သို့သော် သိပ်မကြာခင်မှာပဲ သူ အိပ်ငိုက်လာပြန်ပြီး ထိန်းမရစွာဖြင့် သူ့မျက်လုံးများ မှိတ်ကျလာ၏။ ကြက်ဆင်ညိုမှာ ဖန်းချောင်ကျိုး မျက်လုံးများထပ်မှိတ်သွားသည်ကို မြင်‌သောအခါ အံ့ဩသွားသည်။
"မင်းဘာလို့ထပ်အိပ်နေပြန်ပြီတုန်း၊ မင်းအိပ်နေတာ ၄ ရှီချန် (၈နာရီ) တောင်ရှိပြီလေ"
"ငါပင်ပန်းလို့"
ဖန်းချောင်ကျိုး ‌ဝူးဝူးဝါးဝါးဖြင့် ပြောလိုက်သည်။
"ငါ့ကို အိပ်ခွင့်ပေးပါကွာ"
ကြက်ဆင်ညိုမှာ ပါးစပ်ပိတ်လိုက်ရန်သာ တတ်နိုင်တော့သည်။ သို့သော် ၎င်းက အိပ်ရာထဲမှ ထွက်မသွားဘဲ ဖန်းချောင်ကျိုးခေါင်းအုံးဘေးတွင် ရပ်ကာ ထူးဆန်းသောအကြည့်များဖြင့် ဖန်းချောင်ကျိုးကို ကြည့်နေသည်။
အံ့ဩဖို့ကောင်းစွာပင် ဖန်းချောင်ကျိုး၏ တုံ့ပြန်ပုံက ပထမဆုံးနှစ်ကိုယ်တူကျင့်ကြံဖူးပုံနှင့် တူနေ၏။ အားအင်ဖြည့်စွက်မှု ပိုလျှံလွန်းသွားသဖြင့် သူ တစ်ဖက်လူ၏ ဝိဉာဉ်စွမ်းအင်များကို မချေဖျက်နိုင်။ ထို့ကြောင့် ခန္ဓာကိုယ်က မိမိကိုယ်ကို ကာကွယ်သည့်အနေဖြင့် အိပ်မောကျသွားပြီး ဖြည့်စွက်ခံထားရသောအရာများကို အမြန်ဆုံးချေဖျက်ရန် ဝိဉာဉ်စွမ်းအင်အားလုံးကို သုံးပစ်နေရသည်။
ဖန်းချောင်ကျိုးက ပထမဆုံးအကြိမ် နှစ်ကိုယ်တူကျင့်ကြံဖူးပုံနှင့် တူနေသည်သာမက သူနှင့်အတူ ကျင့်ကြံသည့် တစ်ဖက်လူကပါ ပထမဆုံးအကြိမ် ဖြစ်ပုံပေါ်ပြီး ပထမဆုံးယန်စွမ်းအင် ပေးဖူးပုံပေါ်သည်။ ထို့ကြောင့်သာ ဖန်းချောင်ကျိုး အသိစိတ်ပြန်မဝင်လာနိုင်ခြင်း ဖြစ်ပေမည်။
--
တတိယမြောက်နေ့မှသာ ဖန်းချောင်ကျိုး ထိုမျှလောက်မအိပ်ငိုက်တော့ခြင်းဖြစ်သည်။
သူနိုးလာသည်နှင့် ကြက်ဆင်ညိုက သူ့အား ရွှယ်သန်းရုန်ကိုသွားတွေ့ရန် တိုက်တွန်း၏။
ကြက်ဆင်ညိုက ဖန်းချောင်ကျိုးကို ပြောသည်။
"မြန်မြန်အိပ်ပြီး မြန်မြန်အဆုံးသတ်လိုက်"
ဖန်းချောင်ကျိုးက တန်းပြန်မဖြေ။ သူ အရင်ဆုံး သူ့သိစိတ်ပင်လယ်ထဲ အရင်စစ်ကြည့်လိုက်သည်။ ထိုအခါ တစ်ဝက်မျှ ပွင့်နေပြီဖြစ်သော အမည်းရောင်ပန်းက အတော်လေး ပြန်ငုံသွားသည်ကို ဝမ်းသာစွာ တွေ့လိုက်ရလေသည်။
သို့သော် သူ ဝင်ဝင်သွားခြင်းမှာပဲ ထိုကလေးက သူ့ကို မြင်သွားသည်။ ထိုကလေး၏အသံက အရင်ကလို ဘာကိုမှဂရုမစိုက်သည့် အသံ မဟုတ်တော့ပေ။ သည်တစ်ခေါက်တွင် ဖန်းချောင်ကျိုးမှာ တစ်ဖက်၏အသံထဲ၌ အနည်းငယ် ချွဲနွဲ့လိုရိပ်များပါနေသည်ကို ခံစားလိုက်ရသည်။
"ငါ ရေလိုချင်သေးတယ်၊ အရင်တစ်ခေါက်ကလိုမျိုး"
ဆက်ရန်__

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now