Chapter 57

110 20 0
                                    

Chapter 57

ကြမ်းပြင်ပေါ်တွင် ရေများစိုရွှဲနေသေးပုံအရ ထိုအရာမှသိပ်မကြာသေးခင်မှဖြစ်သွားပုံပင်။

ရွယ်သန်းရုံကစစ်ဆေးကြည့်ရှုရန် အခန်းအပြင်ထွက်လာပြီး စင်္ကြန်လမ်းတွင်ရပ်လိုက်၏။ ရေစက်များက အခန်းတစ်ခုအတွင်းမှထွက်လာပြီး စင်္ကြန်လမ်းတစ်‌လျှောက်မှ တစ်ခြားအခန်းတစ်ခုတွင် ဆုံးသွားသည်။

ထိုရေကွက်များရှိရာလမ်းတစ်လျောက်တွင် ကျကျန်နေသည့်တစ်စုံတစ်ခုကိုတွေ့လိုက်ရပြီး ထိုအရာကိုသွားမကောက်ခင် အဝေးမှအရင်သေချာအောင်ကြည့်နေသေး၏။

ထိုအရာမှာ အဖြူရောင်အင်္ကျီစပင်ဖြစ်၏။

သူ့လက်ထဲမှ ဝတ်ရုံအင်္ကျီကိုကိုင်ကာ ရေများအဆုံးသတ်သွားသည့်အခန်းရှိရာတစ်လျောက် ကြည့်လိုက်သည်။ အတော်အတန်ကြာတွေဝေနေပြီးမှ ထိုအခန်းဆီလျောက်သွားလိုက်သည်။

အခန်းတံခါးရှေ့မှာရပ်လိုက်ပြီး တံခါးကိုနှစ်ချက်ခေါက်လိုက်၏။ သူကဆရာတူအကိုကို ခေါ်တော့မည့်အချိန်မှာပဲ သူခေါက်လိုက်တာကြောင့်တံခါးမှာအနည်းငယ်ဟသွား၏။
အနည်းငယ်ဟသွားသည့်တံခါးပေါက်ကြားသို့ သူအကြည့်ရောက်သွားရာ အထဲမှမြင်ကွင်းမှာ ကွယ်နေဆဲပင်။ ထို့ကြောင့်သူကတံခါးကိုတွန်းဖွင့်လိုက်ကာ အထဲသို့အမြန်ဝင်ကြည့်လိုက်၏။

အနီရောင်ကြာပန်းကဲ့သို့ ရဲရဲနီနေသောရေကန်ငယ်အထဲတွင် လူငယ်လေးတစ်ယောက်ရေစိမ်နေသည့်မြင်ကွင်းမှာ ကြာပန်းဖြူလေးအလား၊ ဆံနွယ်ရှည်များက ဝဲဖြာကျနေပြီး ထိုသူ့ကိုယ်ပေါ်တွင်ရစ်ပတ်နေကြ၏။

"အကိုကြီး...အကိုကြီး"
ရွယ်သန်းရုံကရေချိုးကန်ဘေးသို့အမြန်လျှောက်သွားလိုက်ကာ နှစ်ကြိမ်တောင်ခေါ်၍နှိုးသော်လည်း ထိုသူမှာနိုးမလာခဲ့ပါ။ သူခဏတွေဝေနေပြီးနောက် လှည့်ပတ်ကြည့်လိုက်ရာ နံရံအကာပေါ်တွဲလောင်းကျနေသည့် အရောင်ဖျော့ဝတ်ရုံကိုတွေ့လိုက်သဖြင့် လှမ်းယူကာဘေးချလိုက်၏။ သူ၏အပေါ်ရုံကိုချွတ်ကာ ခြေအိတ်နှင့်ဖိနပ်ကိုပါချွတ်လျက် ရေချိုးကန်ထဲလိုက်ဆင်းလိုက်၏။

နာမည်ကြီးဝတ္ထုထဲကိုကူးပြောင်းပြီးနောက်ဇာတ်ကောင်တွေလွဲကုန်ပြီWhere stories live. Discover now